Chen'' ဘယ်သူလဲဆိုတော့ xiumin တဲ့ မိန်းကလေးလားဆိုတော့ မဟုတ်ဘူး သူကယောက်ျားလေးကွ market အပြန် မှာတွေ့တာ သူ့ကိုလမ်းမှာလိုက်နှောင့်ယှက်ကြတယ်လေကွာ ငါကhero ဝင်လုပ်တယ်ပေါ့ကွာ သူကလဲချစ်စရာလေးဟာ မိန်းမချောချောတာ ဟီးဟီး ပြီးတော့ သူက cafe ဆိုင်လေးဖွင့်တယ် ''

Se'' chen မင်းကလဲ စကားတော်တော်များလာတယ်နော် ''

Chen'' ဒါပေါ့ ငါchenပဲဟာ ဒီလောက်တော့ရှိရမှာပေါ့ ငါပြောပြမယ် အဲ့နေ့ကတည်းက ငါသူ့ကိုလိုက်ပို့ပေးလိုက်တာကွ အဟိ  ''

Se'' ဟုတ်ပါပြီ ပြင်ထားလိုက်ဦး သမ္မတသား မွေးနေ့ပွဲကိုသွားဖို့ ''

Chen'' ငါ့ရဲ့ချိန်းတွေ့မဲ့အခွင့်အရေးကို မင်းကဖျက်စီးပစ်တယ် မကောင်းဘူးကွာ အလုပ်ထွက်တော့မယ် ''

Se'' ထွက်လေ အတွင်းရေးမှူးရာထူးကနေ ရာထူးတိုးပေးဖို့လုပ်နေတာအတော်ပဲ ''

Chen'' sehun မင်း......😤 အကျင့်မကောင်းတဲ့ကောင် ''

Se'' ငါဘာလုပ်လို့လဲ 😕''
ရုပ်တည်ကြီးနဲ့ ပြန်မေးတော့

Chen'' မင်းက ဘာမှမလုပ်ဘူး အပိုပြောမိတဲ့ငါပဲမှားတာ မင်းအကုန်မှန်တယ် ငါချိန်းထားတာဖျက်လိုက်ဦးမယ် သောက်ကျင့်တစ်စက်မှမကောင်းတဲ့ faကောင် ''

Se'' ပြောစရာကုန်ပြီလား ကုန်ရင်ပြန်တော့ ငါအလုပ်လုပ်မို့''

Chen လဲ ဆူအောင့်ပြီးထွက်သွားပါလေရော
အတွင်းရေးမှူးပေမဲ့ ဥက္ကဋ္ဌ ရဲ့အခန်းတံခါးကိုအသံမြည်အောင် ပိတ်ချပြီး အပြင်ထွက်သွားလေရဲ့

Se'' တံခါးလဲအသစ်လဲရတော့မလားမသိပါဘူး''
.
.

ပေးသိလိုက်ရတော့မလား
လွဲလွဲလေးပဲကောင်းလား
ဘာမှ မရေးတော့တာ ပိုကောင်းမလား ဟီး







Unicode

မွေးနေ့ပွဲရောက်ဖို့ ၂ရက် အလိုမွာ lu က kai တို့နဲ့ cafe ဆိုင်လေးမှာ ချိန်းလိုက်ကြတယ်

Xiu'' luhan မင်းမလာတာကြာပေါ့ အလုပ်များနေတာလား ''

Lu'' ဟုတ်ပါ့ xiu ရေ ကျောင်းမှာလဲအလုပ်တွေများတာနောက်ဆုံးနှစ်ဆိုတော့ စာလဲကျက်ရတာမနည်းဘူး အခုလဲသူငယ်ချင်းကိုစောင့်နေတာ ''

အမြဲတမ်းမင်းအနားမှာ (Completed) Where stories live. Discover now