[A/N] => ခုရေးထားတဲ့ အကြောင်းအရာလေးကိုမဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့နော်။ အရှေးတို့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ အရှေး ရန်ကုန်မှာ သင်တန်းတက်တော့ အရှေး ချစ်သူက အရှေး ကို လာတွေ့တာပါ။ အနေအေးပြီး စကားလည်း နည်းတာမို့ တခြားသူကို စကားမပြောတတ်တဲ့သူက ရန်ကုန်ကိုလည်း ပထမဆုံးစရောက်ဖူးတော့ မမေးရဲတာကြောင့် တကယ်ကြီးကို ဖြစ်ခဲ့တော့ စိတ်ပူခဲ့ရတာ။ အရှေးဆို Dagon Center ရှေ့က လူတွေအများကြီး ထိုင်နေတဲ့နေရာမှာ ရှိုက်ကြီး တငင်ငိုခဲ့ရတာ။ အရှေး ငိုနေတာကို အစ်ကိုတစ်ယောက်က လာမေးတော့ မောင်လေး ပျောက်သွားလို့လို့ ညာပြောပြီးငိုခဲ့ရတာပါ။ အဲ့အစ်ကိုကလည်း တကယ်ကို ကူညီပေးခဲ့ပါတယ်။ အသက် 21 နှစ်အရွယ် ယောက်ျားရင့်မာကြီး ပျောက်တာမှန်းသာသိရင် တကယ်ကို အလှောင်ခံရမှာပါ။

စာတိုက်မှာ သူ့ကိုတွေ့တော့ အလင်းက ပြေးဖက်ခဲ့ပေမယ့် အရှေးကတော့ စိတ်ပူတာရော ယောက်ျာလေးဖြစ်ပြီး ဒါတောင်မမေးရဲရလာဆိုးပြီး ဒေါသလည်း ထွက်နေတာမို့ သူ့ကို မရိုက်ရက်တာနဲ့ မှတ်တိုင်‌ဘေးက ပန်းခြံဘောင်တန်းကို ထီးတွေနဲ့ရိုက်ပြီး အော်ငိုခဲ့တာပါ။ သူ့ကိုပြန်တွေ့မှ ရင်ထဲက ပူနေတဲ့ အလုံးကြီး ကျသွားပြီး ခြေထောက်တွေလည်းမခိုင်ဘဲ ခွေခွေလေး လဲကျသွားခဲ့တာ။ အဲ့အချိန် အရူးမလေးလိုပဲ။ တော်သေးတယ် အဲ့အချိန် မှတ်တိုင်မှာ လူမရှိလို့။ သူကတော့ အရှေးကိုဖက်ပြီးး မငိုနဲ့ တိတ်တိတ်တဲ့ ခုပြန်တွေ့ရပြီပဲဟာ စိတ်မပူနဲ့တော့နော်တဲ့။ တကယ်လည်း ပြန်တွေ့ရတော့ ဝမ်းနည်းမိတာပါ။ ကိုယ့်ကို လာတွေ့လို့ဖြစ်ရတယ်ဆိုပြီး ပိုဝမ်းနည်းတယ်။ သနားလည်း သနားသွားတာ။

ခုအပိုင်းလေးက အရှေးဖြစ်ခဲ့တာလေးကို တထပ်တည်း ပြန်ရေးထားတာမို့ အဆင်မပြေတာရှိရင်တောင်းပန်ပါတယ်နော်။ အလင်းနဲ့ အရှေးက ယောက်ျားလေးနဲ့ မိန်းကလေးဆိုတော့ ပုံစံတော့ နည်းနည်းကွဲပါတယ်။ အရှေးက အရှက်မရှိ Dagon Center ရှေ့မှာ ရှိုက်ကြီးတငင် ငိုခဲ့ပေမယ့် အလင်းကတော့ ရူးမတတ် စိတ်ပူခဲ့ပါတယ်။ အလင်းက မေမေ့ကိုဖုန်းဆက်ပေမယ့် အရှေးကတော့ မမကို ဖုန်းဆက်ခဲ့တာပါ။ မုန်းက ဆယ်တန်းဖြေပြီးခါစ အသက်16နှစ်ပေမယ့် အရှေး ချစ်သူက ပိုဆိုးပါတယ် အသက်21ပါ။ ကျန်တာတွေကတော့ တစ်ထပ်တည်း ပြန်ရေးထားပါတယ်။

မုန်းရဲ့အလင်းရောင်Where stories live. Discover now