Part 1

885 55 16
                                        

Unicode

"မြန်မြန်လာ D.O ရ ဟိုမှာ သူတို့သွားပီ"

မနက်ပိုင်းချိန်အတန်းပီးလို့ စာအုပ်သိမ်းနေတဲ့ ကျွန်တော့်ကို အတင်းလောဆော်နေတဲ့ သူငယ်ချင်းလေးကို မျက်ထောင့်နီနဲ့ တစ်ချက်ကြည့်လိုက်ပီး

"မင်း အမြဲအဲ့လို လိုက်နေရတာ မပင်ပန်းဘူးလား" ဟု စာအုပ်တွေသိမ်းရင်း မေးလိုက်သည်။

ဒီသူငယ်ချင်းလေးကတော့ တကယ်ပါ အခုပဲ ဆရာထွက်တယ် အခုပဲ လွယ်အိတ်ကောက်ကိုင်ပီးသား ဘယ်ချိန်ကတည်းက စာအုပ်တွေသိမ်းထားသည်မသိ။

"ဟင့်အင်း ပင်ပန်းပါဘူး သူက ငါ့အတွက်တော့ အားဆေးတစ်ခွက်ပဲ"

ကျွန်တော် ဆိုသော Baekhyun အတွက်ကတော့ Park Chanyeol ဆိုတဲ့ သူ့နောက်ကို အမြဲလိုက်ချောင်းနေရတာကိုက ရင်ခုန်စရာတစ်မျိုးပဲ။ ကျောင်းမလာတဲ့ရက်မျိုးမှာ သူ့ကိုတစ်ရက်မမြင်ရရင်တောင် စားမဝင် အိပ်မပျော် ရင်ထဲဟာတာတာနဲ့ တစ်ခုခုလိုနေသလိုပါပဲ။

"Baekhyun မင်းတော့ ရူးနေပီ" ဟု Do Kyung Soo အပြောကိုလည်း ရယ်မြူးရင်းသာ

"ဟုတ်တယ် ရူးနေပီ" ဟု တုံ့ပြန်မိသည်။

နှစ်ယောက်သား ရှေ့ကနေ ကန်တင်းဘက်သွားနေပီဖြစ်သော Chanyeol တို့အုပ်စုနောက် အမှီလိုက်ရင်း စကားများနေကြခြင်းသာ။

"အဲ့လောက်ကြိုက်နေရင်လည်း သူသိအောင် ဖွင့်ပြောကြည့်ပါ့လား မင်းဒီလို လူမသိသူမသိ တိတ်တိတ်လေး လိုက်ချောင်းလိုက် ပစ္စည်းလေးတွေ ပို့ပေးလိုက်နဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး" ဟု ကျွန်တော်ပြောတော့

"ဟင့်အင်း ငါမပြောရဲဘူး ကြောက်တယ်" ဟု ပျာပျာသလဲနဲ့ကို ငြင်းသည်။

"ကြောက်စရာ ဘာရှိလဲ သူလည်းလူ ကိုယ်လည်းလူပဲ"

တကယ်ပါပဲ ကျွန်တော့်သူငယ်ချင်းလေး Baekhyun ဆိုတာ ဖြူဖပ်ဖြူရော် ကိုယ်လုံးသေးသေးလေးနဲ့ လူအရမ်းကြောက်တတ်သည်။ ပီးတော့ သူဟာ gay တစ်ယောက်ဆိုတာကို လူတွေသိပီး ရွံမုန်းသွားမှာကိုလည်း အသေကြောက်ရှာသည်။

ကျွန်တော်နဲ့စသိတုန်းကဆိုရင် သူက သိပ်မခေါ်မပြော တစ်ယောက်တည်းနေသည်။ ကျွန်တော်အတင်းလိုက်ခင်မှ သူဟာ ပြန်ခေါ်ရှာသည်။ သူဟာ Gay တစ်ယောက်ဆိုတာ သိသွားရင် ဖယ်ခွာသွားမှာဆိုလို့တဲ့လေ။

Unfavorable Encounter (Uni & Zawgyi)Место, где живут истории. Откройте их для себя