PROMISE - 17 🔥⚔🔥{ Only Adult }

2.4K 114 4
                                    

ပန်းပွင့်ချပ်တွေ အပြည့် ထည့်ထားတဲ့ ဇလုံထဲကို မိန် တဖြည်းဖြည်းချင်း ထိုင်ချလိုက်ပါသည်.....

ဆိုးသွမ်းစွာ အဆက်ဆံခဲ့ရပီး နောက်ဆက်တွဲ အခြေအနေတွေက ထင်သလောက် မကောင်းတာတော့ သေချာပါ၏.....

ထိုစဉ် အခန်းထဲကို ဝင်လာသော အစေခံ တစ်ဦးကြောင့် မိန် ရေထဲကို အနည်းငယ် နှိမ့်လိုက်မိပါတယ်.....

" သံတမာန်အတွက် အကြီးအကဲက ဆေးနဲ့ လိုအပ်တာတွေ လာပို့ခိုင်းလိုက်ပါတယ်...."

" ငါသိပီ....ထားပီး ထွက်သွားတော့...."

" ဟုတ်ကဲ့...."

အစေခံ ထွက်သွားတာမြင်တော့မှသာ မိန် သက်ပြင်းတစ်ချက် ချလိုက်မိပါတော့သည်....

မိန် ရေဇလုံဘေးတွင် ရှိနေသော ပိတ်စကို ဆွဲယူလိုက်ရင်း မိမိကိုယ်ကို ပတ်လိုက်ကာ ရေဇလုံထဲမှ ထွက်လိုက်ပါတယ်....

စားပွဲခုံပေါ်တွင် တင်ထားသော ဆေးဘူး နဲ့ ဝတ်စုံ ကို ကြည့်ရင်း မိန်ရဲ့ ဒေါသမျက်လုံးများ မှာတောက်ပလို့လာပါတော့သည်....

" ဒီ ******* စိတ်လျော့.....လနတ်သမီးပန်း....စိတ်လျော့..... "

မိန် ဝတ်စုံကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း....

" ကောင်းပီလေ...မင်းတို့်က ဒီလို လုပ်ချင်မှတော့လဲ...."

ကျောက်စားပွဲခုံ အဝိုင်းတွင် ထိုင်နေကြသော ဟွာလျန်း နဲ့ လီရှန်းရှေ့တွင်တော့ စားချင်စဖွယ် ဟင်းလျာတွေဖြင့် ပြည့်နှက် ​နေပေ၏....

ထိုစဉ် ဟွာလျန်းနဲ့ လီရှန်း အနားသို့ ရောက်လာသော အစေခံတစ်ယောက်....

" အကြီးအကဲ သံတမာန် ရောက်လာပါပီ...."

* ချွင်....ချွင်....*

ပေါင်လယ်လောက်ထိ ခွဲထားပီး ခြူလုံးလေးတွေကို အနားသတ်ထားတဲ့ အနီရောင် ဝတ်စုံလေးနဲ့ မိန်၏ ပုံစံမှာ ဧကရီ တစ်ပါးနှင့် ဆင်တူလှပေသည်...

ထိုအပြင် ဆံပင်တွေကို မစီးထားဘဲ ချထားတာကြောင့် မိန်ရဲ့ အလှတရားက ပို၍ပင် ပေါ်လွင်လို့ နေပါ၏

" ဝတ်စုံနဲ့ အရမ်းလိုက်တယ်....သံတမာန်...."

မိန် စားပွဲခုံနားတွင် ရပ်လိုက်ကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း.....

 PROMISE { Complete }Där berättelser lever. Upptäck nu