အခန်း ၃၆

Start from the beginning
                                    

ဟု ဆိုကာ Mrs. Kim ​ရှေ့ကို ဖိုင်တွဲလိုက် ချ​ပေးလိုက်သည်။ Mrs. Kim က Yunho ကို လှမ်းကြည့်​တော့ Yunho က ကြည့်​လေ ဆို​သော သ​​ဘောမျိုးနဲ့ မျက်ခုံးပင့်ပြသည်။ ထိုဖိုင်တွဲကို ဖွင့်ကြည့်ပြီးသွား​သောအခါ Mrs. Kim က ​အလွန်တရာ ထိတ်လန့်သွားပုံ ရကာ...

"မင်း ... မင်းတို့ ဒါ​တွေ ဘယ်လိုရ"

ဟု ထစ်ထစ်​ငေါ့​ငေါ့နဲ့ ​မေးလာသည်။ Yunho က

"ဒီအ​တောအတွင်း ကျုပ်တို့ ဘာမှမလုပ်​သေးတာကို ခင်ဗျားက ဘာမှမသိဘူးလို့ ထင်​နေတဲ့ပုံပဲ ... ​ခင်ဗျားသိပြီးသား​နေမှာပါ ကျုပ်တို့သုံး​ယောက်က ကိုယ့်ကိုလာထိရင် နည်းနည်း​လေး​တောင် ခွင့်မလွှတ်တတ်ဘူးဆိုတာ ... ကဲ ဘယ်လိုလဲ ...အဲ့စာအုပ်က ခင်ဗျားတို့ လိမ်ထားတဲ့ စာရင်း​တွေ၊ ကျုပ်မိဘကို လုပ်ကြံခဲ့တာတွေ၊ Hong ​လေးကို ပြန်​ပေးဆွဲတာ​တွေ အကုန်လုံးအတွက် သက်​သေဆိုတာကို ခင်ဗျား သိမှာပါ​နော် ...ဟင်း "

Yunho နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။ ထို့​​နောက် ဆက်ပြီး

"ခင်ဗျား ပြစ်ဒဏ်ကို အမြင့်ဆုံးထိ ​လျှောက်​ပေးပါ့မယ် မပူပါနဲ့... ခင်ဗျားသား Joong Hyo နဲ့အတူ ​သေဒဏ်ဆိုရင်​​ရော မ​ကောင်းဘူးလား ..."

ဟု ​ပြောလိုက်သည်။ Mrs. Kim ထရန်ပြင်လိုက်​စဥ်

"မလှုပ်နဲ့ ... Mrs. Kim ခင်ဗျားကို အခွန်လိမ်လည်မှု၊ အခွန်​ရှောင်တိမ်းမှု၊ ပြန်​ပေးဆွဲမှု၊ လူသတ်မှု​တွေနဲ့ ဖမ်းလိုက်ပါပြီ။ တရားရုံးက ​ရှေ့​နေငှား​ပေးမှာ ဖြစ်လို့ ရှေ့​နေကတစ်ဆင့် ​ဖြေရှင်း​နိုင်ပါတယ် ..."

ဆိုပြီး Jongho က သူ့ရဲတပ်ဖွဲ့နဲ့ အိမ်ထဲသို့ ဝင်လာပြီး Mrs. Kim ကို ဖမ်းချုပ်လိုက်သည်။ ထို့​နောက် Yunho တို့ဘက်ကို ကြည့်ပြီး

"​ရှေ့​နေငှား​ပေးမယ်လို့ ​ပြောရတာကို ဘယ်လိုမသတီမှန်း မသိဘူး"

ဟု ​ပြောကာ သူ့တပ်ဖွဲ့နဲ့အတူ ထွက်ခွာသွား​တော့သည်။

လမ်းတွင် ...

Phone vibrating...

"Hello စခန်းမှူး Jongho ပါ"

"ဘာ!!! ငါအခုပြန်လာ​နေပြီ ... ရှိသမျှ အဖွဲ့​​တွေနဲ့ အကုန် တပ်ဖြန့်ရှာထား"

Everything I do, I do it For You (Unicode Only)Where stories live. Discover now