ကျွန်​​တော်​တက်​​နေတဲ့ ထ.၁​ကျောင်းကနာမည်​ကြီးဆိုပဲ။
ဘာသာစုံဂုဏ်​ထူးရှင်​​တွေထွက်​​တဲ့​စံပြ​ကျောင်းတဲ့​လေ။

စက်​ဘီးကို​နေရာတကျထားလိုက်​ပြီး ဘာရယ်​မဟုတ်
မုန့်​​ဈေးတန်းဖက်​ ပတ်​ဖြစ်​တယ်​။ ​ကျောင်းတက်​ချိန်​လည်းလို​သေးတာမို့သ​င်္ဘောသီးသုပ်
၂ရာဖိုး​လောက်​ဝယ်​ပြီး ​ခုံပု​လေးမှာထိုင်​စားဖြစ်​တယ်​။

ညောင်​ပင်​ကြီးကိုဝိုင်းကာခုံတန်း​လေး​တွေထား​ပေးတာမို့
အရိပ်​က​လေးလည်းရ ​လေကတဖြူးးဖြူးး......ဖြူးး
အား!!!!​သေပါပြီ။ ကျွန်​​တော်​သိတယ်​...မျက်​နှာတစ်​ခုလုံး
နီရဲတွတ်​​နေမယ်​ဆိုတာ။လူက​ချွေး​စေး​တွေပါပြန်​လာကာ
လျှာတစ်​လစ်​နဲ့ မျက်​ရည်​​တွေလည်းဝဲ​နေပြီ။

ကျွန်​​တော်​အစပ်​မစားနိုင်​ဘူး။ ​​ရေ ​ရေ ​ကျောပိုးအိတ်​ထဲစမ်း
ကြည့်​​တော့ ​ရေဘူးပါမလာ။ အိမ်​ကစားပွဲ​ပေါ်မှာ​မေ့ပြီးထား
ခဲ့သည်​။ရှေ့မှလာ​နေ​သော တစ်​​ယောက်​။ ​သေချာတာက
မြတ်​မင်း ဘာဆိုလား မ​ဟော်​မင်းမြတ်​ဆိုလား အဲ့ဒီ​ကောင်

"Plz ​ ​ရေနည်းနည်း​လောက်​ကွာ ဒီမှာတအားစပ်​​နေလို့"

သူ့​​ဘေးအိတ်​ထဲက​ရေဘူးကိုယူကာ နှုတ်​ခမ်းနဲ့ထိ​သောက်
နေ​သော​ကျောင်းသားသစ်​အား စိတ်​ပျက်​လက်​ပျက်​ငုံ့ကြည့်
မိတယ်​။ဘယ်​လို​ကောင်​မျိုးလဲ!!!

သူ့​ရေဘူးကို​သောက်​မိတာနဲ့ အဲ့လိုကြည့်​စရာလား။
ကပ်​စီးနည်း ​ကော်​တရာ​ကောင်​။ စိတ်​ထဲကမျိုးစုံဆဲ​နေပြီး

"​ကျေးဇူးကွာ ဟီး"

မေကြီးအ​မွေ​ပေးထားတဲ့ပါးချိုင့်​​လေးကို ​ဖော​ဖောသီသီထုတ်​သုံးလိုက်​တယ်​။ပြီး​တော့ မုန့်​ထုပ်​ကိုမျက်​​စောင်းထိုး
ကာ​ကောက်​ကိုင်​လိုက်​ပြီး"မင်း​ကြောင့်​ ငါစပ်​ရတာ ​နောက်
လုံးဝမစားဘူးမှတ်​"

မ​ဟော်​ သူ့​ရှေ့က​ဘောက်​ဆတ်​ဆတ်​နဲ့​ကျောင်းထဲဝင်​သွား
တဲ့​ကောင်​​လေးကိုကြည့်​ပြီးပြုံးမိတယ်​...။

CHEERLEADER (Completed) Where stories live. Discover now