"ခါးပတ်ပတ်"
"ကိုကို ကျွန်တော်...."
ဒီတခါလည်း ကျွန်တော့်စကားမပြီးဆုံးလိုက်ရပြန်ပါဘူး...
ဘာလို့ဆို ကိုကိုက ကျွန်တော့ဘက်ကို ကုန်းလာပြီး
ကျွန်တော့်ကိုခါးပတ်ပတ်ပေးလိုက်လို့ပါ....
ခါးပတ်ပတ်ပေးတာက အကြောင်းမဟုတ်ပေမဲ့
ခါးပတ်ကိုကုန်းယူချိန် ကျွန်တော်တို့နှစ်ယောက်ရဲ့
မျက်နှာအကွာအဝေးက
အရမ်းနီးလွန်းတာကြောင့်ပါ....
ရင်ခုန်လွန်းလို့ ပြောစရာစကားပျောက်သွားတာလို့
ပြောရမယ်...ကိုကိုက သူ့နေရာသူ သေချာပြန်ထိုင်ပြီး
ခါးပတ်ပတ်ကာ ကားမောင်းထွက်လာတဲ့အချိန်ထိ
ကျွန်တော် ကြောင်တောင်တောင်ဖြစ်နေဆဲ.....
"ဘာလာလုပ်တာလဲ"
"ဗျာ"
"မင်းက နားကန်းနေလို့လား...
တခုခုပြောလိုက်ရင် တဗျာဗျာနဲ့"
"ဟို...ဟို...."
"တဟိုဟိုနဲ့ ဘာဖြစ်နေတာလဲ...
ငါ မင်းကိုမေးတာရှင်းရှင်းလေး...
ဒီကို တစ်ယောက်တည်း ဘာလာလုပ်တာလဲ"
ကျွန်တော် ဘယ်လိုပြန်ဖြေပေးရမလဲ...
ကိုကို့ကိုအရမ်းလွမ်းလို့ ကိုကို့မျက်နှာကိုတွေ့ချင်လို့
လာခဲ့တာလို့ပြောရမှာလား...
အဲ့လိုပြောရင်ရော ကိုကိုက ကြိုက်မှာမို့လို့လား....
ကျွန်တော့်ကိုဆွဲထိုးမလားတောင်မသိဘူး....
"ဟေ့ မေးနေတာဖြေလေ"
"သူ...သူ...သူငယ်ချင်းနဲ့ချိန်းထားလို့ပါ"
"ဘာ"
ဘာဖြေရမလဲတွေးနေတုန်း ကိုကို့ဆီက
ထပ်အော်လာတာမို့ အလန့်တကြားနဲ့
ပါးစပ်ထဲရှိတာ လျှောက်ဖြေလိုက်ရတယ်...
အဲ့လိုဖြေကာမှ မိုးခြိမ်းသံအလားကျယ်လောင်လွန်းတဲ့
ကိုကို့အော်သံကို ကြားလိုက်ရတော့
လူက တုန်တောင်တုန်သွားရတယ်....
Meanဘက်ကလဲ ကောင်လေးဆီက
အဖြေစကားကြားတော့ ဘာကြောင့်မှန်းမသိ ဒေါသတွေဆောင့်တက်လာကာ အော်လိုက်မိတယ်...
ခုနကထိ ကောင်လေးက သူ့ဆီလာတာလို့ ထင်နေခဲ့မိတာ...အဲ့ဒါကြောင့် ကိုယ့်ဆီလာရင်း တစ်ခုခုဖြစ်ရင် မကောင်းပါဘူးဆိုပြီး
ကားဂိတ်ကနေ သွားဆွဲခေါ်လာခဲ့တာကို
အခုတော့ သူကတခြားသူနဲ့ချိန်းထားလို့ပါတဲ့လေ...
YOU ARE READING
ကိုကိုက ကျွန်တော့်အပိုင်(ကိုကိုက ကျွန်တော့်အပိုင်)
Fanfictionသင်္ကြန်Ficတောင်းဆိုကြလို့ ပေါ့ပေါ့ပါးပါးလေးပဲ ရေးလိုက်ပါပြီနော်
Ep ~~~ (13)
Start from the beginning
