(UNICODE)
# ငါ ရည်းစားထားတော့မယ် ဂျောင်ဆူး.... #
အာလူးကြော်ကို ပါးစပ်ထဲသွင်းရန်ပြင်နေသော ဂျောင်ဆူးရဲ့လက်လေး ရပ်တန့်သွားသည်
သူ့နားသူ မယုံသလို အကြည့်လေးနဲ့ ဘေးမှာထိုင်နေတဲ့သူကို ပြန်တုံ့ပြန်လိုက်တော့ ရုပ်တည်နဲ့ ခေါင်းပြန်ညိတ်ပြလိုက်တဲ့ ချန်းယော ....
သူ့ရဲ့ မျက်လုံးတွေဟာ အပြောင်အပျက်လုပ်နေကျ သူ့သူငယ်ချင်းကြီး ပတ်ချန်းယောနဲ့မတူညီစွာ ထူးထူးဆန်းဆန်း တည်ငြိမ်ပြီးလေးနက်နေခဲ့တယ်....
ထို့ကြောင့် လက်ထဲက အာလူးကြော်ထုပ်ကို Laptop ရှေ့ချလိုက်ပြီး ချန်းယောဘက်ကို မျက်နှာမူလိုက်ကာ
ကားထွက်နေတဲ့ နားရွက်နှစ်ဖက်မှာမှ လက်သန်ရာ ညာဘက်နားရွက်ကို အားနဲ့ဆွဲထည့်လိုက်တော့သည်
#အားးးးးးး!!!!!!!!!!!!#
အော်ဟစ်လိုက်ပြီး ရှုံ့မဲ့နေရာမှ ဂျောင်ဆူးကို စူးစူးဝါးဝါးပြန်ကြည့်လိုက်သည်
# လက်မပါဘဲ စကားနဲ့ပြောလို့မရဘူးလား စောင်ဂျပုရဲ့ #
သူပြန်အော်တော့ ဂျောင်ဆူးက အာလူးကြော်ထုပ်ကိုပြန်နှိုက်ကာ ပါးစပ်ထဲထည့်လိုက်ရင်း
ပြန်ပြောလိုက်သည်
# အထက်တန်းအောင်စာရင်းထွက်တာမှ၂၄နာရီမပြည့်သေးဘူး စောက်ကြောက ထလာပြီ
ငါခေါက်ထည့်လိုက်ရရင်တော့ #
ပြောရင်း လက်ရွယ်လိုက်တော့ ကွိခနဲကုပ်သွားတဲ့ချန်းယော...
# ယောက်ျားဆိုတာ ဂန်ဒူးနဲ့နှာဘူးပဲရှိတယ် ဒိုဂျောင်ဆူးလေးရဲ့ ပြီးတော့ အထက်တန်းအောင်ရင် အစ်မကြီးပတ်ခ်က ကြိုက်တာလုပ်လို့ပြောထားတယ် အဲ့ဒါကြောင့် ငါတို့ရဲ့ ကျားဗီဇအရ ရည်းစားထားရမယ် ဟဲ #
# အော်မောနီးရေ !!!!!! #
# အားး #
ထအော်တဲ့ ဂျောင်ဆူးပါးစပ်ကိုအမြန်ဆွဲပိတ်လိုက်တော့ အကောင်ပေါက်စက သူ့လက်ကိုအတင်းပြန်ကိုက်တယ်
အမြင်ကတ်ကတ်နဲ့ ပါးစပ်ရောနှာခေါင်းရော လက်ဖဝါးအကြီးကြီးနဲ့ အုပ်ပစ် လိုက်တော့ အသက်ရှူကြပ်လာတဲ့ ဒိုဂျောင်ပုဟာ ရှိသမျှအားကိုအသုံးချရင်း ဟောဟဲဟောဟဲနဲ့ လက်သီးပြန်ဆော်နေတယ်
