" အဆင်ပြေသွားမှာပါ...  "

ကိုယ့်ကိုကိုယ်သာပြန်အားပေးရင်း
ခေါက်ဆွဲခြောက်ထုပ်များ ကော်ဖီခွက်များကို
အစီတကျ သိမ်းဆည်းရှင်းလင်းလိုက်သည်

ဘာလိုလိုနဲ့ 10 နာရီပဲ ထိုးတော့မည်
အရင်လည်း ညအိပ်မနေလည်း အိပ်ခါနီးတိုင်း
Good night Message လေးပို့တတ်သည့်
ဖန်းကို သတိရမိသွားပြန်သည်
မသိစိတ်က ဖုန်းဆီအလိုလိုရောက်ပြီး
ကောက်ကာ ကြည့်မိလိုက်ပြန်သေးသည်

ဗလာနတ္ထိ ဘာမှမရှိပဲ Couple  ပုံ Wallpaper လေးပင် ပြုံးနေကြသည်က လွမ်းဆွေးစရာပင်ကောင်း
လှနေသေးပြန်သည်

မာန်တင်းကာ ထိန်းထားသော မျက်ရည်စများက
ဆည်ကျိုးကျသလို စီးကာ ကျလာပြန်သည်

........................................................

1 week Later.... 

" မမ ရေတွေလျံကုန်ပြီ အပင်...  သေကုန်.. "

" ဟယ်...  ပြသနာပဲ "

" ရတယ် မမ ညီမလေးဆက်လုပ်လိုက်မယ် "

ပန်းပင်ရေလောင်းတာလား ပန်းပင်တွေကို
ရေမွန်းအောင်လုပ်ထားလား မသဲကွဲနေသာ ဖန်း

" ငါ ဒီနေ့ စောစောပြန်မယ် ဆိုင် သိမ်းပြီး ပြန်တော့နော်"

သက်ပြင်းချကာ ညိုးနွမ်းနေသော မျက်နာနဲ့
အိတ်ဆွဲကာထွက်သွားသော ဖန်း

" ဘာတွေဖြစ်ကြပြန်ပြီလဲ.....  ဟူး "

ဖန်း ရဲ့ စိတ်ထဲမှာ အရာရာ မုန်းစရာကောင်းလွန်းနေသည်
နီနေသာ မီးပွိုင့် ကြာနေသော ရေနွေးအိုး ပူလွန်းသော ကော်ဖီ အရသာမရှိသော နေ့လည်စာ တွေသာ သူမ
အတွေးထဲ အပြစ်လိုဖြစ်နေသည်

ဆုံးရံှူးစရာလည်း မရှိ ပိုင်ဆိုင်စရာလည်း မသိ သလို
အရာရာဟာ ဗလာနတ္ထိ ဖြစ်နေသလိုပင်....

" ပင်ပန်းလိုက်တာ... "

ဘာလုပ်လုပ် စိတ်အစဉ်ကမကြည်နေသည်မို့
ပင်ပန်း စိတ်ရှုပ်စရာတွေပဲဖြစ်နေမိသည်

ကျွီ........  ( ကားဘရိတ်အုတ်သံ) 

တိုက်ခါနီးလေး ဖြစ်သွားသော ကားနှစ်စီး
ဖန်း လမ်းကြောင်းမှားမောင်းမိခြင်းပင်ဖြစ်သည်
စိတ်တွေဂနာမငြိမ်ရတဲ့ထိ ကားပါတိုက်မိပြီမို့
ဖန်း စိတ်ထိန်းထားရာကနေ မျက်ရည်များပင် ကျလာမိသည်

It Has To Be YOUWhere stories live. Discover now