Part-39🏡🏡🏡

Start from the beginning
                                    

XY-"အဲ့အိမ်မှာလေ ကောင်မလေးတစ်ယောက်ပါလာသေးတယ်သိလား..."

ကောင်မလေးဆိုတဲ့အသံလည်းကြားရော မျက်လုံးကြီးစွေကြည့်လာတဲ့ ပါးပါးရယ်...

XY-"မဟုတ်ဘူးနော် သားဘယ်လိုမှမနေဘူး စိတ်လဲမဝင်စားဘူး ပါလာတဲ့အကြောင်းပဲပြောပြတာ"

XZ-"ငါကဘာပြောလို့လဲ"

XY-"ပါးပါးကအဲ့အကြည့်ကြီးနဲ့မကြည့်နဲ့လေ
သားကကြောက်တာပေါ့"

XZ-"မင်းဘာသာကြိုက်ချင်ကြိုက်မကြိုက်ချင်နေ
ဘယ်လိုမှမနေဘူး အချိန်တန်ရင် ငါကကျန်နေခဲ့မယ့်သူကြီးပဲ..မင်းရော ဝမ်ရိပေါ်ဆိုတဲ့ဟာကော တစ်ယောက်မှမေတ္တာမရှိဘူး"

အဲ့ဒီပါးပါးဆိုတာကသူစိတ်ဆိုး​နေကြောင်းကို တစ်အိမ်လုံးသိအောင်ကပြောသေးတာ...

Yibo-"မောင့်ကိုတော့မေတ္တာရှိလိုက်ပါ"
အနောက်ကနေရောက်လာတဲ့ဝမ်ရိပေါ်ကရှောင်းကျန့်ကိုသိုင်းဖက်ကာနမ်းလိုက်တယ်...ပါးကို ပါးကို

XZ-"လူကိုတစ်ယောက်တည်းအိမ်မှာပစ်ထားခဲ့ကတာပျော်လား"

ပြုံးပြုံးကြီးလှည့်ကာပြောလိုက်တဲ့ပါးပါးကြောင့်
ဒယ်ဒီ့အစားရှောင်းယွမ်တောင်ကျောချမ်းလာတယ်

Yibo-"သည်းငယ်ပျော်ဖို့ မောင်ကဒီနေ့မခွဲချင်ပဲခွဲသွားရတာ"

ပြန်ပြောဖို့ပြင်နေတဲ့ရှောင်းကျန့်နှုတ်ခမ်းကိုလက်ညှိုးလေးနဲ့ပိတ်ကာ ရိပေါ်ကဆက်ပြောလိုက်တယ်.....

Yibo-"မောင်ခေါ်တဲ့နေရာကိုမျက်စိမှိတ်လိုက်ခဲ့"

ရိပေါ်ကရှောင်းကျန့်မျက်လုံးလေးတွေကိုမှိတ်ကာ
အိမ်ထဲကိုခေါ်သွားတယ်..ခြံထဲကနေအိမ်ထဲကို
ဝင်တဲ့တစ်လျှောက်လုံးချောချောမွေ့မွေ့ဖြစ်အောင်
ရိပေါ်ကဆေးရုံမဆင်းခင်ကတည်းကလမ်းလေးဖောက်ထားပေးတယ်.....ရှောင်းယွမ်ကလမ်းလေးတွေဘေးကိုအပင်လေးတွေပျိုးပေးထားတယ်...

Yibo-"ဒီအချိန်မှာသည်းငယ်အလိုချင်ဆုံးပစ္စည်းကဘာလဲ"

XZ-"မောင်"

Yibo-"အင်း"

XZ-"မောင်လို့"

Yibo-"နားထာင်နေတယ်"

Home Sweet Home🏠🏠🏠 (Complete)Where stories live. Discover now