Part-56

4K 372 11
                                    

"အူးဝါး..."

မနက်ခင်းစောစောစီးစီး ကျတ်သရေရှိလှတဲ့
ငိုသံလေးကြောင့် အိပ်နေရာမှမထပဲ စားပွဲပေါ်ကို
လက်နဲ့စမ်းကာနို့ဘူးကိုရှာလိုက်တယ်
ရိပေါ်ကဖျော်ပီးသားနို့ဘူးကိုခြောက်နာရီကျော်ရင်
မတိုက်ဖို့ပြောထားပေမယ့် အခုသူမှမရှိတာ
ဘာဖြစ်လဲ နော့

"ရော့ ဒါလေးစို့ပီး ပြန်အိပ် ပါးပါး မထချင်သေးဘူးဟ"

ကလေးပေါက်စကသူ​ပြောသည့်စကားကိုနားလည်သည့်ဟန် ခနနားလိုက်ပီးမှ တခါထက်ငိုလေသည်

"ထပီ ထပီ ထပီလို့ ရပီလား စောစောစီးစီး
ကောင်းကောင်းကိုမအိပ်ရဘူး မင်းအကိုနဲ့ကွာပါ့"

ရှောင်းကျန့်ပါးစပ်ကလည်းမကြေနပ်ချက်များကိုရွတ်ကာကလေးကိုချီပီး အောက်ကိုဆင်းလာတယ်
သူငြိမ်သွားရင်ပြန်အိပ်မှာမျက်နှာမသစ်ရသေးဘူး

"အကိုလေး ခုနက အကိုလေးဝမ်phဆက်ပါတယ်
နေ့လည် flight နဲ့ပြန်လာမယ်တဲ့"

"အင်း အခုတော့ သူ့ကိုခနထိန်းထားအုန်း"

"အကိုလေးကဘယ်သွားမလို့လဲ"

"အိပ်မလို့"

"ဟုတ်ဟုတ်"

ကောင်မလေးကသူ့ဆီကကလေးကိုယူသွားပေမယ့်
ရှောင်းကျန့်ကပြန်လှည့်ကာ

"နေအုန်း ဘယ်မှခေါ်မသွားနဲ့တော့ ငါမျက်နှာသစ်ပီး
ပြန်ဆင်းလာခဲ့မယ် နွားနို့လေးကျိုထားပေး"

"ဟုတ်"

ရှောင်းကျန့်အခန်းထဲကိုပြန်ဝင်လာပီး ရေချိုးပီးတဲ့နောက် သူ့ရဲ့phကိုယူကြည့်လိုက်တော့ miss callပေါင်း
များစွာနဲ့ ခေါ်ဆိုသူကဝမ်ရိပေါ်

"အင်း မောင် phခေါ်ထားလို့"

"ဟုတ်တယ် ခုနကသည်းငယ်မနိုးဘူးထင်လို့
မခေါ်တော့တာ"

"ဒီနေ့ပြန်လာမှာဆို"

"ဟုတ်တယ် နေ့လည်flightနဲ့"

"သားကရော"

"သူကလား သူအဆင်ပြေပါတယ်"
------

အဆင်ပြေပါတယ်တဲ့လား??????
ဒီနိုင်ငံကိုရောက်ပီးတစ်ရက်မပြည့်ခင်မှာပဲ
ဝမ်ရှောင်းယွမ် ဒီဦးလေးနှစ်ယောက်အကြောင်း
ကောင်းကောင်းသိလိုက်ရတယ်..အဖေနှစ်ယောက်
သူငယ်ချင်းလို့မပြောရလောက်အောင်ပဲ အကျင့်တွေ
ကတစ်ပုံစံတည်း
ဦးလေးကျိုးချန်ဆိုတဲ့တစ်ယောက်က ဒေါသကြီးကြီး
အမြဲတမ်းဘာမဆိုမကျေမနပ်ဖြစ်နေသလို
လူတိုင်းကိုရန်လိုနေတတ်တာ ပီးတော့ ရည်းစားလေးတစ်ယောက်နဲ့ကွဲသွားတာကို မိန်းမတွေမကောင်းဘူးဆိုပီးအသည်းကွဲဇာတ်သွင်းနေတာ
မသိရင်သူကယောကျားယူမယ့်အတိုင်း

Home Sweet Home🏠🏠🏠 (Complete)Where stories live. Discover now