သို့ပေမယ့် သည်တစ်ကြိမ်တော့ မိုင်မိုင်း ထိပ်တိုက်ရင်ဆိုင်လိုက်တာ ကောင်းမည်ဟု တွေးမိ၏။
သူ့အမှားလည်း တစ်ခုမှ မရှိပါဘဲ သူ ထပ်ပြီးတော့ ထွက်ပြေးရသည့်လူ မဖြစ်ချင်တော့ပါ။
"ကောင်းပြီလေ ... စကားပြောကြတာပေါ့"
သူ မာန်တင်းလျက် လမ်းတစ်ဘက်ရှိ ကုက္ကိုပင်အောက်သို့ ခြေဦးလှည့်လိုက်တော့
"မိုင်း အစ်ကို့ကို မုန်းသွားပြီလား"
အစ်ကိုလင်းသစ်က နောက်ကနေ သူ့လက်တစ်ဖက်ကို လှမ်းဆွဲသဖြင့် မိုင်မိုင်း ခါထုတ်ပစ်လိုက်သည်။
"လက်မပါ ပါနဲ့ဗျ"
မျက်မှောင်တွေချိုးလျက် တည်တင်းသွားသည့် အစ်ကိုလင်းသစ်ရဲ့ မျက်နှာထားက မကျေမချမ်းဖြင့်။
"မိုင်းက အစ်ကို့ကိုကျ ယောက်ျားချင်း မသတီလိုနဲ့ အဲဒီလူကိုကျ လွယ်လွယ်လက်ခံလိုက်တာပဲနော်...ဘာတွေ ပိုကောင်းလို့လဲ"
ထိုမေးခွန်းက သူ့ရဲ့ ယောက်ျားမာနကို
ထိခိုက်လာတော့ မိုင်မိုင်းရင်ထဲ ဆတ်ဆတ်ခါအောင် နာသွားရ၏။"အစ်ကို ကျွန်တော့်ကို ဘယ်လို အတန်းအစား မှတ်နေတာလဲ!"
သည်းခံခြင်းက အတိုင်းအတာ ရှိသော်လည်း ဒေါသနှင့်မယှဥ်မိဖို့ မိုင်မိုင်း ကိုယ့်က်ိုယ်ကိုယ် ပြန်သတိပေးရသည်။
"အစ်ကိုလည်း မိုင်း လိုချင်သမျှ ဖြည့်ဆည်းပေးနိုင်တယ်...ပြီးတော့ အစ်ကိုက မိုင်းကို ချစ်တယ်"
တကယ်တမ်းတော့ ကိုယ် ရွံ့မုန်းရသူဆီမှ ချစ်စကား ကြားရတာဟာ နားထဲခါးပြီး အလွန်တရာ စိတ်ပျက်ဖို့ကောင်းလှသည်ပင်။
"အနည်းဆုံးတော့ ဦးမြတ်သောမာန်က လူကြီးလူကောင်း ဆန်တယ်ဗျ"
ဆက်ပြီး စကားအချေအတင် မပြောချင်တော့သဖြင့် သူ အစ်ကို လင်းသစ်ကို ကျောခိုင်းပစ်လိုက်သည်။
"ကျေးဇူးတရားကို ဘဝနဲ့ရင်းပြီး ဆပ်မယ်ပေါ့"
ထိုစကားကြောင့် မိုင်မိုင်းရဲ့
ခြေလှမ်းတွေ တဒင်္ဂ ရပ်တန့်သွားခဲ့ပေမယ့်လည်း ဘာမျှ ခွန်းတုံ့မပြန်တော့ဘဲ
ရှေ့ကိုသာ ဆက်လျှောက်ခဲ့ပါတော့သည်။
အပိုင်း [ ၁၈ ]
Comincia dall'inizio