Part 26 (Uni&Zaw)

Start from the beginning
                                    

''သားတို့ညီအစ်ကိုနှစ်ယောက်သာလျှင်ပါးပါးဘဝရဲ့မီးအိမ်ရှင်လေး´´

''သားတို့က ပါးပါး ဘဝရဲ့ မီးအိမ်ရှင်ဆို ပါးပါးကသားတို့ ညီအစ်ကိုနှစ်ယောက်ရဲ့လမင်းကြီးပါ အေးမြကြည်လင်တဲ့ အလင်းရောင်နဲ့မေတ္တာဓာတ်တွေပေးတဲ့ တစ်ခုတည်းသောလမင်း ´´

''ဟုတ်ပါပြီ သားရယ် မင်းတို့ညီအစ်ကို နှစ်ယောက်က စကားအရမ်းတတ်တာ ပါးပါးနိုင်အောင်မပြောနိုင်ပါဘူး´´

''စကားတတ်တာမဟုတ်ပါဘူး ပါးပါးကိုချစ်တာပါ´´

''ဟုတ်ပါပြီ သားညီလေးရှာပါဦး ဘယ်ရောက်သွားလဲလို့ ဘုရားကျောင်းထဲလာပြီးအရမ်းဆော့နေဦးမယ် ´´

''ဟုတ်ကဲ့ပါးပါး ´´

''ရှောင်းဝမ်းလေးက ဆော့တာမဟုတ်လောက်ပါဘူး ကျင်းလင်လေးသွားရှာတာနေမယ် ထင်တယ်ပါးပါး´´

''အင်း ဟုတ်လောက်တယ် ဘာပဲဖြစ်ဖြစ် လ်ိုက်ရှာကြည့်သား´´

''ဟုတ်ကဲ့ ပါးပါး သားရှာလိုက်မယ် စိတ်မပူနဲ့ ပါးပါး လိုက်ရှာမနေနဲ့ ချွေးထွက်မယ် ပါးပါးကသတို့သားလေ´´

''သတို့သားလဲ ဘာမှမဖြစ်ဘူး ပါးပါးဘဝမှာ သားတို့လောက်အရေးကြီးတာမရှိဘူး´´

''ဟုတ် ဟုတ် ဒါဆို သားတို့နေရာခွဲရှာကြည့်ကြမယ်´´

''အင်း အင်း´´

.........................................................................................

ရှောင်းကျန့် အစကဒီနေ့ ဆေးဝယ်သွားမို့စီစဥ်ထားပေမယ့် ဒီနေ့ဘုရားကျောင်းဘက်မှာ မင်္ဂလာဆောင်တစ်ခုရှိတယ် ကျင်းလင်းလေးက သူ့သူငယ်ချင်းပါးပါး မင်္ဂလာလာဆောင်မှာမို့ ရှောင်းကျန့်ကို ပီယာနို တီပေးရန်တောင်းဆိုသည် သူ့သူငယ်ချင်းအတွက် သူ့မှာပြန်ပေးစရာလက်ဆောင်မရှိလို့ ရှောင်းကျန့်ကိုတောင်းဆိုခြင်းဟာ သူ့သူငယ်ချင်းအတွက်ပေးနိုင်သောလက်ဆောင် ဖြစ်တယ်ဟု ပြောသောကြောင့် သူ့စျေးဝယ်အစီအစဥ်ဖျက်၍ မင်္ဂလာပွဲအတွက် ပီယာနို တီးပေးရန် ဘုရားကျောင်းသို့ ထွက်လာခဲ့သည်

ရှောင်ဝမ်ရှင်းမှာ ဘုရားကျောင်းရောက်တာနဲ့ကျင်းလင်ကိုလိုက်ရှာပြီး ကျင်းလင်းပြောပြောနေသော အရမ်းချောတဲ့ဦးဆိုတာကိုမြင်ဖူးချင်နေတာဖြစ်သည် ကျင်းလင်ကသူ့ဦးကလူကလဲအရမ်းချော ပီယာနိုလဲ တီးတတ် ဆေးလဲကုတတ်တယ်ဟု သူ့ကိုကြွားထားသောကြောင့် သူ့ပါးပါးမင်္ဂလာဆောင်ကျရင် ကျင်းလင်ပြောပြောနေသော အဲ့ဦးကို ပီယာနိုတီးပေးရန်တောင်းဆိုခိုင်းထားခြင်းဖြစ်သည် သူ့ကို ကျင်းလင်ကလဲတစ်ခုခုလက်ဆောင်ပြန်ပေးချင်တယ်ဆိုတာနဲ့ ဒါကို လက်ဆောင်သဘောမျိုး အနေနဲ့ တောင်းထားခြင်းဖြစ်သည်သို့ပေမယ့် ကျင်းလင်ကိုတော့အခုထိအရိပ်တောင်မမြင်ရသေး ပါ

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now