"Kento မနက်ဖြန်က ငါတို့အတွက် နောက်ဆုံးပြိုင်ပွဲ အဲ့တော့ မင်းဝင်ပြိုင်ပါ ရီပေါ့်ဆီကအချစ်ကိုအရယူတဲ့ပွဲမှာ ပြိုင်ဘက်ကဆက်မပြိုင်တော့လို့ အနိုင်ရသွားတာမျိုး ငါမလိုချင်ဘူး "

"ဟုတ်တယ် kentokun ရဲ့ ခင်များမပြိုင်ရင် ကျနော်ရောဘယ်စိတ်ကောင်းပါ့မလဲ"

"ဟားဟား"

kento အားရပါးရရယ်မိပါသည်။ ရှောင်ကျန့်ရာ မင်းပြောတော့လဲ အေးအေးလူလူပဲနော်။ မင်းတို့နှစ်ယောက်ကြားမှာဒီလောက်ပတ်သက်ပြီးနေတာတောင် ငါ့ကိုဘာတွေထပ်လှည့်စားဦးမလို့လဲ။

ငါ့ရှေ့မှာ ရုပ်တည်တွေနဲ့နေနေကြတဲ့မင်းတို့တွေက ငါ့နောက်ကွယ်မှာ ဘယ်လောက်တောင်ချစ်ခင်နေကြလဲဆိုတာ ငါကိုယ်တိုင်သိခဲ့ပြီးပြီလေ။ ငါကထပ်ပြီးအရူးလုပ်ခံရမှာလား။ နွားအဖြစ်ခံရမှာလား။

နာကျင်နေတဲ့အငွေ့အသက်တွေနဲ့ ဟားတိုက်ရယ်နေတဲ့ kento ကိုကြည့်ပြီး ရီပေါ်နဲ့ရှောင်ကျန့် နားမလည်နိုင်ဖြစ်နေတယ်။

"မင်းတို့ကွာ!  တော်ရုံပဲဟန်ဆောင်ကြစမ်းပါ ဟန်ဆောင်ကောင်းလွန်းတဲ့မင်းတို့က ကြိတ်ဂုဏ်ယူနိုင်ပေမဲ့ လှည့်စားခံရတဲ့ငါက နာကျင်တယ်ကွ"

အမ်!
ငါက ဘယ်တုန်းက သူ့ကိုလှည့်စားလိုက်လို့လဲ။ သူ့ကိုဟိုတစ်ခါအပြစ်ပေးပြီးတည်းက မတွေ့ရတာ အခုမှပြန်တွေ့တာလေ။ ငါက ဘာကိုဟန်ဆောင်နေရမှာလဲ။

ဆူရှီကောင်က ဘာကိုခံစားနေတာလဲ? မျက်ရည်တွေဝဲပြီး တော်တော်ကို feel နေတာ! မဟုတ်မှ ရိပေါ် သူ့ကိုသနားလာအောင် ဒရာမာတွေချိုးနေတာများလား။

"kentokun ခင်များ ကျနော်တို့ကိုတစ်ခုခုအထင်လွဲနေပုံပဲ ကျနော်တို့ကို ဘာမကျေနပ်တာရှိလို့လဲ ပြောလေ ကျနော်အကုန်ဖြေရှင်းပေးပါမယ် နော်"

kento ဘေးနား ခုံကိုရွှေ့ထိုင်ရင်း ကျောကိုပုတ်လို့နှစ်သိမ့်ပေးနေတဲ့ရိပေါ်။

ဘာလဲ ချစ်တီးပေါက်စက ဒီကောင့်ကိုသနားသွားတာလား?  မရဘူးနော် အဲ့လိုတော့မရဘူး ငါလဲမျက်ရည်ကျအောင်လုပ်ပြီး ပြန်ဒရာမာခင်းပြလိုက်မှာ။

Because of himWhere stories live. Discover now