"ဖေဖေ...ကျွန်တော့်ကိုဘာမှပြန်မပြောတော့ဘူးလား
ဘာစကားမှ ပြောစရာမရှိတော့ဘူးလား"ဖေဖေ့ဆီမှမွန်းကျပ်လှိုက်မောသော အသက်တဝရှုသံထွက်
လာသည်။ သူဖေဖေ့ကိုမျက်လုံးမလွှဲဘဲ စိုက်ကြည့်နေမိရင်း
ဖေဖေပြောလာမည့်စကားကို ခါးသီးစွာနားစွင့်နေမိ၏"ဖေဖေ့ကိုခွင့်လွှတ်ပါ...."
သူကြမ်းပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။
မဟုတ်ဘူး...သူလိုချင်တာဒီစကားမဟုတ်ဘူး...။
ဖေဖေက...hannie...ကို။"ဟာ....ကဲကွာ.."
ခွမ်း....ဒုန်း....
သူစားပွဲပေါ်မှာရှိနေသည့်ဖေဖေသောက်လက်စ အရက်ပုလင်းကို ခွဲပစ်လိုက်၏ မျက်စိရှေ့မှာရှိနေသည့်ခုံကိုပါ ဆောင့်ကန်
ပစ်လိုက်သည်။ဒုန်း...ဒုန်း...ခွမ်း...
နံရံဆီပြေးပြီး လက်သီးချက်ပေါင်းများစွာထိုးလိုက်၏
"သား...မလုပ်နဲ့...သား.."
Sehun ထိုင်ရာမှထလာပြီး Junhan ကိုလာဆွဲ၏
Junhan Sehun လက်ကိုခါးခါးသီးသီးခါထုတ်ပစ်လိုက်၏"မထိနဲ့...."
Junhan Sehun ကိုဒေါသတကြီးတွန်းထုတ်ပစ်ရင်း
မငိုမိအောင်ထိန်းထားမိသည့်မျက်လုံးများမှ မျက်ရည်များ
လျှံကျလာသည်။အံကြိတ်ထားသည့်နှုတ်ခမ်းတို့က မပီမပြင်ဖြင့်လှုပ်ခတ်နေ
သည်။ ပေါက်ကွဲငိုကြွေးပစ်လိုက်ချင်သည်။ အော်ဟစ်ပစ်ချင်လျက် အတင်းထိန်းချုပ်ထားရသည့်စိတ်က ပေါက်ကွဲခွင့်
မရတိုင်း သူ့မျက်နှာအသားစိုင်များမှာသာ လှုပ်ခတ်တုန်ရင်
လာသည်....။"ဖေဖေ...ကျွန်တော် ကျွန်တော့်ကိုဘယ်တော့မှ သားလို့
ထပ်မခေါ်နဲ့ ဒီနေ့ကျွန်တော့်မျက်နှာကိုမြင်ရတာ နောက်ဆုံး
လို့မှတ်ထားပါ..."Junhan အံကြိတ်သံဖြင့်ပြောပြီး နေရာမှလှည့်ထွက်သွား၏
ဦးချစ်သည်း 30
Start from the beginning