" အွီး မိုင်... လူတွေတွေ့ကုန်မယ် "

" မတွေ့ပါဘူး ခဏလေး ငြိမ်ငြိမ်နေပေး "

ဖန်းကို လှမ်းဆွဲပြီး ပေါ်ပေါ်ဘေးတစောင်းလေး
တင်ထားသော မိုင်....
ခါးသေးသေးလေးကိုလည်း အသာအယာလေး
ဖက်ထားသေးပြန်သည်

ရှက်ကိုးရှက်ကန်းနဲ့ ဖန်း ပြောလာသည်က

" ဗိုက်ခေါက်ကို စမ်းမိတယ်မလား ခ်ခ် "

" မရှိပါဘူး "

ဖန်းက ကလေးဆန်ဆန် လေးနဲ့
ပါးလေးရဲပြီးဆိုလာပေမဲ့ ငြိမ်သက်စွာ
လေသံညင်းညင်းလေးနဲ့ ဆိုလာသည်က မိုင်...

မိုင် ရဲ့အကြည့်တွေက တခါတလေ အနုပညာ
အရမ်းဆန်ပြီး အဓိပ္ပာယ်နက်ရှိုင်းလှသည်
သာမန်လူတွေအတွက် အဖြေရှာမရနိုင်လောက်တဲ့
အကြည့်ခက်ထန်ထန်တွေ လို့ ခေါင်းစဉ်တပ်ခြင်း
ခံထားရပေမဲ့ ထိုအကြည့်တွေတိုင်းကို ဖန်းက
စာဖတ်သလို ခန့်မှန်းနိုင်သည်

" မိုင်... စိတ်ညစ်စရာတွေ ရှိနေတာလား "

" ............. "

မိုင် နှုတ်ဖျားမှ စကားတခွန်းမှထွက်မလာခဲ့
ဖန်းကိုသာ တစိမ့်စိမ့်ကြည့်နေလေသည်

" ဝမ်းနည်းစရာရှိနေတာလား "

" ဟင့်အင်း "

စကားလုံးဟုမဆိုသာသော ငြင်းဆိုသည့်
အသံလေးနဲ့ ဖန်းကို ဖက်ထားရင်း
ကလေးလေးတစ်ယောက်လို မှီပြုလာသော မိုင်

ကျွန်မရဲ့ ပြိုလဲကျလာတော့မယ့်
မျက်ရည်စတွေကို သူ့ကိုမမြင်စေချင်မိဘူး
ကျွန်မ ပျော့ညံ့နေသလို မခံစားချင်မိဘူး
ဖန်း..... အကယ်၍ ရွေးချယ်စရာတွေ ကြုံလာတဲ့
အခါ မင်းကိုယ့်ကိုကော ရွေးချယ်နိုင်ပါ့မလား

မိုင် တစ်ယောက်တည်း အတွေးတွေထဲ
လည်နေသည် လွန်ဆွဲနေသော သူ့စိတ်တွေက
သူ့ကို အကြိမ်ကြိမ်သတ်နေသယောင်.....

" ကိတ်မုန့်ချိုချိုလေးစားမလား မိုင် "

" ဟင်? "

" ကလေးကြီးကျနေတာပဲ လာ
အိမ်လိုက်ခဲ့ မိုင့်ကို ဖန်း ကိတ်မုန့်ဖုတ်ပေးမယ်"

It Has To Be YOUWhere stories live. Discover now