ရေချမ်း သူမတို့နားရောက်လာတော့ ပိုပိုက စက်ဘီးကို တွန်း ပြေးဖို့လုပ်သည်။ ရေချမ်း သူမစက်ဘီးလက်ကိုင်ကနေ ဆွဲတားထားလိုက်ကာ ကျောပိုးအိပ်ကို နောက်ကနေ ဆွဲမထားလိုက်သည်။ ပိုပိုက ယက်ကန်ယက်ကန်နဲ့ ရှေ့ကိုဆက်တိုးမရ....
" ချမ်းချမ်း... "
သူမ စူးစူးဝါးဝါး အော်တော့ ရေချမ်း လှစ်ကနဲ့ ပြုံးလိုက်တာ ဘယ်သူမှ မြင်မှာမဟုတ်။ ၁ လလောက်ရှိပြီ.... သူမ သူ့နာမည်ကို စိတ်လိုလက်ရမခေါ်ဖြစ်တာ....
ရေချမ်း ဘေးက နှစ်ယောက်ကို ခေါင်းဝေ့ပြကာ ပြန်ခိုင်းလိုက်တော့ နိုရာက ပြုံးစိစိနဲ့ စက်ဘီးစီးသွားသည်။ နိုရာစီးသွားတော့ သူရအောင်လည်း နောက်တကြည့်ကြည့်ဖြင့်..." ပိုပို့ကို အိမ်ရောက်အောင် ပြန်ခေါ်သွား.... "
" နိုရာ.... သူရအောင် ငါကို့အိမ်ပြန်လိုက်ပို့ပေးအုံးလေ... "
ပိုပို ခြေကားယားလက်ကားယားနှင့် ဖြစ်နေစဥ်မှာ နိုရာက နောက်ကို လှည့်မကြည့်ပဲ လက်ပြသွားသည်။ ပိုပို မော့ကြည့်တော့ ရေချမ်း သူမကို ကြည့်နေရာက မျက်နှာလွှဲသွားသည်။
" ငါ့ကို လွှတ်ပေး... "
စူပုတ်ပုတ် သူမ ပြန် ပြောတော့ ရေချမ်း ရိပ်ခနဲ့ ပြုံးလိုက်ကာ လက်လွှတ်ပေးလိုက်သည်။
" ငါ့ဘာသာ ပြန်မှာ... စက်ဘီးဖာပြီးတဲ့ထိ စောင့်ပြီးမှ ပြန်လာခဲ့မယ်... မေမေ့ကို အဲ့တိုင်း ပြောလိုက် "
" မေမူက နင့်ကို စောင့်မခေါ်ခဲ့လို့ ပြောနေမှာပေါ့ "
" မ ပြောဘူး... ပြောရင်လည်း ငါက မစောင့်ခိုင်းတာလို့ ပြောလိုက်... "
သူမစက်ဘီးကိုတွန်းသွားတော့ နောက်ကနေ ရေချမ်း လိုက်ဆွဲသည်။
" ငါ... ဘာလုပ်မိလို့လဲ "
" နင် ဘာမှ မလုပ်ပါဘူး... "
" ဒါဆို စာတူတူ ပြန်လုပ်မယ်... "
" မလုပ်ချင်ဘူး.... နင့်အတွက် အနှောက်ယှက်ဖြစ်နေလိမ့်မယ်.... "
ပိုပို စက်ဘီးကို သူ့လက်ထဲက လွတ်အောင်ဆွဲကာ ထွက်လာလိုက်သည်။
_21_ Sweet Valentines
Start from the beginning