" ဗိုက်ဆာနေပြီလား Dany ... ခဏလေးနော် ကိုကို အဝတ်အစားလဲဦးမယ် "

" ရပါတယ် baby ရဲ့ ... အေးဆေးလုပ် ကိုယ်မဆာသေးဘူး "

" ဟုတ်ပါပြီ ခဏလေးနော် "

ခရီးဆောင်အိတ်ထဲမှာထည့်ထားသည့် ဝတ်မယ့်အင်္ကျီအဝတ်အစားတွေ ယူပြီးတာနဲ့ ရေချိုးခန်းဘေးက ကပ်ရပ် အဝတ်လဲခန်းထဲကို အသေးလုံးလေးက ဝင်သွားသည်။ ခဏအကြာ ရိုးရိုးရှပ်အဖြူလေးနဲ့ ဒူးအတိဘောင်းဘီလေးဝတ်ကာ ပြန်ထွက်လာတဲ့ အသေးလုံးလေးကို ကြည့်ပြီး Daniel မှာ အသည်းယားလွန်းလို့ ချီပွေ့ကာ ဆွဲမွှေ့ယမ်းပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

" လာ . သွားရအောင် Dany ... ဘာစားချင်လဲ ညဈေးတန်းသွားချင်လား ... ဟိုတယ်နဲ့ နီးနီးလေးပဲ ... လမ်းလျှောက်သွားရင် ခဏလေး "

" အင်း ... သွားရအောင်လေ baby "

အခန်းတံခါးကို သေချာပိတ်လို့ ဟိုတယ်ကနေ အပြင်ထွက်လာတော့ အပြင်မှာမှောင်မဲနေပေမယ့် လမ်းမီးတိုင်တွေကြောင့် လင်းလင်းထင်းထင်း ရှိနေသည်။ အဝေးကြီးသွားစရာမလိုပဲ ဟိုတယ်နဲ့ နှစ်လမ်းကျော်လောက်ကို အတူလက်တွဲကာ ဖြေးဖြေးလေးလျှောက်သွားကြရင်း ဘာစကားမှလည်း မပြောဖြစ်ကြပေမယ့် လက်ချောင်းချင်းယှက်သွယ်လို့ တွဲထားတဲ့ လက်လေးတစ်စုံကတော့ နွေးထွေးပြီး ခိုင်မာနေပါသည်။

" ညဈေးတန်းလေးက အရင်တစ်ခေါက် ရောက်ထားဖူးတာနဲ့ ပုံစံမတူတော့ဘူးရော် ... ချစ်စရာကောင်းလိုက်တာ ... အဆောက်အဦးပုံလေးတွေ ပြောင်းသွားပြီ ... ဘာစားချင်လဲ Dany ... အကင်စားချင်လား "

" ဗိုက်ဆာနေတယ်ဆို Baby ... အကင်စားရင် ဗိုက်မပြည့်ပဲ နေမှာပေါ့ "

" ကိုကိုက အကင်စားချင်တာကို ကလေးလေးကလည်း ... တူတူစားမယ်လေနော် အများကြီးစားမယ် "

" Baby ရာ ... ဘာလဲ ကလေးလေးလို့ ကိုယ့်ကို ခေါ်တာလိုချင်တာမရလို့ ချွဲနည်းအသစ်လား ... ဟုတ်ပါပြီ စားစား ... ဗိုက်ပြည့်အောင် တူတူစားကြမယ် "

စားချင်တာစားဖို့ ခွင့်ပြုလိုက်တော့မှ ပြုံးပျော်သွားတဲ့ အသေးလုံးလေးက Daniel ရဲ့ လက်ကို ဆွဲကာ အကင်ဆိုင်ဘက်ကို တန်းပြေးသည်။ အကင်ဆိုင်ရှေ့ရောက်တော့လည်း တောက်ပနေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ စားချင်တာတွေကို အားရပါးရရွေးထည့်သည်။

Love Me Like The Way [Completed]Where stories live. Discover now