" Contact ​တွေအတွက်​ ​ကျေးဇူး ... "

.....

ခြံတံခါး​ဘေးက လျှိုဝှက်​နှိပ်​​နေရင်း ရိ​ပေါ်က အ​​နောက်​ဘက်​ကို လှည့်​ကြည့်တယ်​။ ဘယ်​သူမှရှိမ​နေ​ပေမယ့်​ တစ်​စုံတစ်​ယာက်​ သူ့အ​နောက်​က လိုက်​ကြည့်​​နေတယ်​ဆိုတဲ့ ခံစားချက်​က​တော့ ​ပျောက်​မသွားဘူး။

အိမ်​ထဲကိုသာ ၀င်​လာလိုက်​ရင်း အ​ပေါ်ထပ်​က သူ့အခန်းဆွကိုသာ ဦးတည်​၀င်​သွားလိုက်​တယ်​။

ထိုင်​ချပစ်​လိုက်​တဲ့​​မွေ့ယာက အိဝင်​သွားတယ်​။ ​ဘောင်းဘီအိတ်​ထဲက ဖုန်းကို နှိုက်​ထုတ်​လိုက်​ရင်း ခုတင်​​ပေါ် လှဲချလိုက်​တယ်​။

လက်​​ချောင်းဖြူဖြူ​လေး​တွေ အနည်းငယ်​လှုပ်​ရှားပြီး​တဲ့​နောက်​ Weibo Acc တစ်​ခုမှာ ရပ်​တယ်​။

Profile က​တော့ သိပ်​မထူးဆန်း​တဲ့ ​ကောင်းကင်​ပြာတစ်​ခုဖြစ်​​ပေမယ့်​ တင်​ထားတဲ့ ပုံ​တွေက​နေ ဘယ်​သူလဲဆိုတာ သိနိုင်​တယ်​။

ရဲဝတ်​စုံနဲ့ သင်​တန်းဆင်းလက်​မှတ်​ကိုင်​ထားတဲ့လူနဲ့ ရှင်းရဲ့ ပုံကို ရိ​ပေါ် ဒုတိယအကြိမ်​ မြင်​ဖူးခြင်းဖြစ်​တယ်​။

အနည်းငယ်​သာ ပြုံး​နေတဲ့ ရှင်း​ဘေးနားက လူရဲ့ မျက်​နှာကို ရိ​ပေါ် စိုက်​ကြည့်​ရင်း နှုတ်​ခမ်းဖျား​တွေ ​ကွေးရုံပြုံးတယ်​....။

" ချန်း ... "

ဖုန်းကို ခုတင်​​ပေါ်ချခဲ့ပြီး ​ကျောင်းဝတ်​စုံ ကြယ်​သီး​တွေကိုဖြုတ်​ရင်း ​ရေချိုးခန်းဆီ သွားတဲ့ ရိ​ပေါ်က ​ခေါင်း​တွေခါရင်း ရယ်​​နေတယ်​။ တစ်​​ယောက်​​ယောက်​သာ မြင်​ရင်​ အရူးလို့ သတ်​မှတ်​ခံရမယ့်​ ပုံစံနဲ့။

.....

ပုံမှန်​အရှိန်​နဲ့ ​မောင်းနှင်​လာတဲ့ ကားက ရှင်းရဲ့ အိမ်​​ရှေ့မှာ ထိုးရပ်​တယ်​။ ကား​ပေါ်က ဆင်းလာတာတဲ့ ​ရှောင်​ကျန့်​က ခြံထဲဝင်​လာရင်း သိ​နေပြီးသားဖြစ်​တဲ့ တံခါး password ကို နှိပ်​ရင်း အိမ်​ထဲဝင်​လိုက်​တယ်​။

တိတ်​ဆိတ်​​နေတဲ့ အိမ်​ထဲက ​လေထု​တွေက ​အေးစက်​​နေတယ်​။ ​ရှောင်​ကျန့်​က ​လျှောက်​လာရင်း အခန်း​တွေ​ဘေးက ​လျှောက်​လမ်း​လေးဆီ​ရောက်​တယ်​။

Douleurs Rouges  [ Completed ]जहाँ कहानियाँ रहती हैं। अभी खोजें