" ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ baby "

" အမ် ... ဘယ်လိုခေါ်လို့လဲ "

" Baby က မသိချင်ယောင်ဆောင်နေတာပဲ "

" အဟမ့် ... ဖြစ်ရတယ် "

မျက်ဆံလေးကိုထောင့်ကပ်လို့ အူကြောင်ကြောင်မျက်နှာလေးလုပ်နေတဲ့ အသေးလုံးလေးက ချစ်စဖွယ်။ နှစ်ယောက်တည်းသာရှိနေရင် Daniel က ဆွဲနမ်းမိတော့မှာအမှန်။

" အား baby ရာ ... baby ရာ ... ကိုယ်ကြားတယ်နော် "

" ဘာကိုလဲ "

" ဘယ်လိုခေါ်လိုက်တာ ခုနက ... ပြန်ခေါ်ပေးလေနော် ... သဘောကျလိုက်ပါ ... ဘယ်လို ကလေးလေး ဟုတ်လား baby ... ဟုတ်ပါတယ် ... baby က ကိုယ့်ကို ကလေးလေးလို့ ခေါ်လိုက်တာပါ "

ကိုယ်တိုင်မေးပြီး ကိုယ်တိုင်ဖြေကာ ထိုင်မရထမရဖြစ်နေတဲ့ Daniel လေးရဲ့ ပုံစံကိုကြည့်ပြီး စစ်မင်း သဘောတကျ ရယ်လိုက်မိသည်။ တကယ်ကို ဘာလေးမှန်းမသိပါဘူးရယ်။

" ကိုကို့ကလေးလေးရယ် ... သိပ်ချစ်ဖို့ကောင်းတာပဲ "

စစ်မင်းက Daniel ရဲ့ နှာခေါင်းလေးကို မနာအောင်လှမ်းညှစ်ပြီး ပထမတစ်ခေါက်ခေါ်လိုက်သလို နာမ်စားလေးကိုသုံးပြီးခေါ်လိုက်သည်။ တောက်ပလာသည့် မျက်ဝန်းညိုလေးတွေကို‌ကြည့်ပြီး အချစ်ပိုရတာလည်း စစ်မင်းပါပဲ။ နှုတ်ဖျားကနေ ခေါ်ဆိုရတာ မရင်းနှီးတဲ့နာမ်စားကြောင့် ရှက်ရပေမယ့် စစ်မင်းကြောင့် ပျော်သွားတဲ့ လူသားငယ်လေးကြောင့် ရှက်တာထက် သဘောကျရသည်။

" ထပ်ခေါ်ဦး baby ... "

Daniel ကတော့ အသေးလုံးဆီကနေ ကြားလိုက်ရတဲ့ နာမ်စားကြောင့် လူက လေပေါ်တောင်မြောက်သွားသလို အပျော်ကြီးပျော်ရသည်။ ခေါ်ချင်ရာခေါ်ပြီးမှ ရှက်သွားတဲ့ အသေးလုံးလေးကတော့ နှာခေါင်းလုံးလုံးလေးမှာ ရဲတက်နေသည်။ စိတ်လှုပ်ရှားစွာနဲ့ ပြန်ခေါ်ခိုင်းတော့ ခေါင်းငုံ့သွားတာက ပြန်ကိုမော့မလာတော့ပေ။

" တော်ပြီ တော်ပြီ မခေါ်တော့ဘူး ... မှာလိုက်တော့မယ်နော် ... ဗိုက်ဆာနေပြီ "

" အဟက် ! အင်းပါ ... မှာမှာ "

စစ်မင်းက ထမင်းဆိုင်မှာရှိတဲ့ စားပွဲထိုးလေးကို လှမ်းခေါ်ကာ ရှမ်းထမင်းချဉ်နှစ်ပွဲမှာပြီး အဆင်ပြေမယ့် သောက်စရာတစ်ခုကိုလည်း မှာလိုက်သည်။ မှာထားတဲ့ စားစရာတွေ မရသေးခင် ရှေ့က Daniel နဲ့ စကားဆက်ပြောမလို့ ကြည့်လိုက်တော့ နီရဲနေသည့် Daniel ရဲ့ လည်ပင်းသားတွေကို သတိထားမိလိုက်သည်။ အနောက်နိုင်ငံမှာ နေလာတာမလို့ အသားအရည်က ဖြူစွတ်စွတ်ဖြစ်သည့် Daniel က နေလောင်ထားတာကြောင့် ဝတ်ထားသည့် V neck အင်္ကျီလည်ပင်းလေးအတိုင်း လည်ပင်းမှာရဲစွေးနေသည်။ လက်တိုဝတ်ထားတာကြောင့် လက်မောင်းသားတွေကလည်း နေလောင်ပြီး ရဲနေသေးသည်။

Love Me Like The Way [Completed]Where stories live. Discover now