ကိုကို သိလား? 🍀29🍀

Start from the beginning
                                    

"ဟုတ်​ကဲ့"

"ပြီး​တော့ ​ဆေး​တွေလည်း ပုံမှန်​တိုက်​​ပေးပါ ကိုယ်​ဝန်​​ဆောင်​ အား​ဆေးဆို​တော့ က​လေးကို​ရော လူကြီးကို​ရော ကျန်းမာ​စေတယ်​​လေ "

"ဟုတ်​ကဲ့ "

"ဒီက ​ကောင်​​လေး စားချင်​တာရှိရင်​လည်း ​ကျွေးလိုက်​ပါ​နော်​ ကိုယ်​ဝန်​​ဆောင်​ သဘာဝ ​သွေးသား​တောင့်​တတာ​လေး​တွေ ရှိမယ်​​လေ ဒါ​ကြောင့်​ ဂရုစိုက်​ပြီး ​ကျွေး​ပေးပါ"

"ဟုတ်​ကဲ့ပါ ဆရာ ဒါဆို ပြန်​လို့ရပြီလား"

"ဟုတ်​ကဲ့ ရပြီ​ဗျာ ​ဆေး​လေး​တွေ ဝယ်​သွားဦး​နော်​"

"ဟုတ်​ကဲ့ သွားခွင့်​ပြုပါဦး"

"ဟုတ်​ကဲ့ပါ"

ဆရာဝန်​ကို နှုတ်​ဆက်​ကာ ပြန်​လာခဲ့တဲ့ အိမ်​ပြန်​လမ်းလေးက​တော့ အရမ်းသာယာ​နေခဲ့တာ​ပေါ့

"ကိုကို ..."

"​ပြော​လေ ဖန်​​လေး "

"သားသား​လေး လိုချင်​လား မီးမီး​လေး လိုချင်​လား"

"ဘာ​လေး ဖြစ်​ဖြစ်​ရတယ်​ ကိုယ်​က​တော့ချစ်​မှာပဲ"

"ဟိ ကိုကို ဒီ​နေ့ ည​နေစာ ဘာစားမလဲဟင်​ "

"ဂင်​ချီ ဟင်းချို​လေးဆို မ​ကောင်းဘူးလား ပြီး​တော့ ကြာဇံ သုပ်​​လေးနဲ့ ကြက်​စွတ်​ပြု​တ်​​လေးနဲ့"

"အား...ကိုကို ​ပြောမှပဲ စားချင်​လာပြီ "

ပြောရင်းပင်​ သူက တံ​တွေးမြိုချသည်

"အငတ်​​လေး"

သူက မျက်​​​စောင်း​လေးဝင့်​လာကာ

"​ဗိုက်​ထဲက က​လေး​လေး​ကြောင့်​ပါ​နော်​ ဟွန့်​"

"လာ သွားစားကြမယ်​ "

"ဘယ်​ကိုလဲ "

"ဆိုင်​မှာ​ပေါ့ "

"ဟာ ဆိုင်​မှာ မစားချင်​ပါဘူး မလွတ်​လပ်​ဘူး ပြီး​တော့....."

ပြော​နေရင်း ရပ်​လိုက်​ပြီး လက်​​မောင်းကိုလက်​နှစ်​ဖက်​ဖြင့်​ ခိုတွဲကာ ​ခေါင်း​လေးမှီလိုက်​ပြီး

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now