အပိုင်း [ ၁၇ ]

91.4K 10.4K 678
                                    

မိုင်မိုင်း အိပ်ရာနိုးတော့ မနက် ဝေလီဝေလင်းပဲ ရှိသေးသည်။ သူ ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည့် ဖြစ်ရာ တစ်နေ့တာရဲ့အစမှာ သူ့ရဲ့ စိတ်အာရုံတွေ ကြည်လင် လန်းဆန်းနေပါ၏။

သူ နံဘေးကို ငဲ့ကြည့်လိုက်တော့ ညက ခွာအိပ်ခဲ့သည့် အကွာအဝေးမှာပဲ ဦးမြတ်သောမာန်က သူ့ဘက်ကို ကိုယ်စောင်းလှည့်လျက် အနေအထားဖြင့် ငြိမ်ငြိမ်သက်သက် အိပ်ပျော်နေဆဲပင်။

သူ အိပ်ရာမှ မထသေးဘဲ ဦးမြတ်သောနှင့် မျက်နှာချင်းဆိုင်ဘက်ကို သာသာလေး လှည့်လိုက်ပြီး ဦးမြတ်သောရဲ့မျက်နှာကို ငေးကြည့်မိသည်။ ဦးမြတ်သော အမြဲ လှန်တင်ထားလေ့ရှိသော ဆံပင်တွေက အခုလို နဖူးရှေ့ကို တချို့ တစ်ဝက် ပြန်ကျနေတာလည်း ကြည့်ကောင်းပါ၏။

ဦးလေး သူရိန်တို့ရဲ့ တောင်ပေါ်က စံအိမ်ကြီးမှာ သူ ဦးမြတ်သောရဲ့ဓာတ်ပုံတွေကို မြင်ဖူးကတည်းက တည်တည်ကြည်ကြည်နှင့်ခံ့ခံ့ညားညား ထိုမျက်နှာထားကို သဘောကျခဲ့ရသည်။ အဲဒီတုန်းကတော့ ကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ ဦးမြတ်သောကို အပြင်မှာ တစ်ခါလောက် တွေ့ဖူးချင်လိုက်တာဟူသည့် ခံစားချက်ပဲ ရှိခဲ့၏။

ဦးလေးသူရိန်ရဲ့စျာပနာ အခမ်းအနားကို ဦးမြတ်သော လာသည်ဟု အန်တီ့စန္ဒာ့ဆီက ကြားပေမယ့် အဲဒီတုန်းက သူ နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲနေ၍ ဦးမြတ်သောကို မမြင်ဖူးလိုက်ပေ။စေ့စပ်ပွဲမှာ ပထမဆုံးအနေဖြင့် ဆုံဖူးကြတော့လည်း သိမ်ငယ်စိတ်တွေနှင့် သူ ဦးမြတ်သောရဲ့မျက်နှာကို စေ့စေ့တောင် မကြည့်ဝံ့ခဲ့ပါလေ။

အခုတော့ သူ ရှိန်ရတဲ့ ဦးမြတ်သောက သူ့ရဲ့အခန်းလေးထဲမှာ သူနှင့်အတူ ကြမ်းခင်းပေါ် လှဲအိပ်နေသည့် အဖြစ်ဟာ အိပ်မက်ဆန်လှသည်။

ပြတင်းပေါက်ကနေ ဖြာကျလာသည့် နေရောင်ခြည်က ဦးမြတ်သောရဲ့မျက်နှာပေါ် ကို လာဟပ်သည့်အခါ ဦးမြတ်သောက မျက်မှောင်တွေ ကြုတ်လာပါ၏။

မိုင်မိုင်း အိပ်ရာကနေ သာသာလေး ထပြီး နေရောင်ကာအောင် ပြတင်းတံခါး တစ်ချပ်ကို ပိတ်ပေးလိုက်ပေမယ့် ဦးမြတ်သောက လှဲနေရာမှ ထထိုင်လိုက်ပြီ ဖြစ်သည်။

မိုင်Where stories live. Discover now