Episode 13 (Unicode)

Magsimula sa umpisa
                                    

"ပြောပြမှ ဘာတွေဖြစ်နေလဲ သိပြီး ဖြေရှင်းလို့ ရမှာလေ"

ဘာမှ မပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေတဲ့ Renjun မျက်ဝန်းထဲက မျက်ရည်စတွေက Jaemin ထိတွေ့တာတဲ့ ပါးပြင်နုနုပေါ် ကျဆင်းလာသည်။

"ပါပါးသိသွားလို့လား"

ပါးပြင်ပေါ်က လက်ကို ဖယ်ချပြီး ရင်ခွင်ထဲ တိုးဝင်လာတဲ့ Renjunဟာ Jaemin ပြောတဲ့စကားက မှန်နေကြောင်း ထောက်ခံနေသယောင်ယောင်။

Jaemin အလိုက်သင့်လေး ပြန်ဖက်လိုက်ရင်း ခေါင်းလေးကို ခပ်ဖွဖွ နမ်းလိုက်သည်။

"ငါတို့ကို လမ်းခွဲခိုင်းမှာ Jaeminရဲ့"

"အဲ့လောက်ထိတောင်"

"အဲ့ထက်တောင် ပိုဆိုးရင် ဆိုးမှာ"

"ဘယ်လို"

"မင်းရင်ခွင်က နွေးထွေးလိုက်တာ ငါမင်းရဲ့ ကိုယ်သင်းနံ့ကို တကယ် သဘောကျတယ်"

မေးတာတစ်ခြား ဖြေတာတစ်ခြား လုပ်နေတဲ့ Renjunကို Jaemin စိတ်မတိုဘဲ စိတ်ပူသည်။
အဖေ အမေနဲ့ ညီကို အရမ်းချစ်ပြီး သူ့ကိုသူတောင် သိပ်ဂရုမစိုက်တတ်တဲ့ ဒီကောင်လေးဟာ အခက်အခဲတွေ ကြုံလာရင်တောင် ဘယ်သူမှ မပြောဘဲ တစ်ယောက်တည်း ဖြေရှင်းတတ်သူ ခံစားတတ်သူ ဖြစ်သည်ကို တွဲပြီး လပိုင်းအကြာမှာ သေချာသိခဲ့ရသည်မို့ Jaemin ပိုစိတ်ပူရသည်။

အပိုင်း (ခ)

Jaemin အိမ်ပြန်ရောက်တော့ ည၁၂ခွဲပြီ။ RenJun အနားမှာပဲ နေနေချင်ပေမယ့် မနက်ဖြန် အလုပ်ကိစ္စအတွက် မပြီးသေးတဲ့ အလုပ်ကို အပြီးသတ်ရမည်မို့ ပြန်လာခဲ့ရသည်။

Jaemin အိမ်ထဲဝင်တော့ ဧည့်ခန်းထဲက မီးပွင့်နေသည်မို့ လှမ်းကြည့်လိုက်သည်။ မအိပ်သေးဘဲ ဧည့်ခန်းမှာ ထိုင်နေတဲ့ သူမကို တွေ့တော့ အံ့သြရသည်။

ပုံမှန်ဆို ၁၁ နာရီ အိပ်နေကျ သူမက ဒီနေ့တော့ ၁၂ခွဲတာတောင် မအိပ်သေးပါလား။ သူဝင်လာတာကို တွေ့တော့ သူ့ကို လှမ်းခေါ်ပြီး လာထိုင်ဖို့ ခေါ်လေရဲ့။

"သား အိမ်ပြန်နောက်ကျတယ်နော်"

"ဟုတ်တယ် သားသူ့ဆီသွားနေလို့"

Photographer & Guitarist [JaemRen+NoRen]Tahanan ng mga kuwento. Tumuklas ngayon