Chapter 18 ( Zawgyi )

Comincia dall'inizio
                                    

" အရာဝတ္တုတိုင်းမှာ အချင်းချင်း ဆွဲအား​တွေရှိ​နေရင်​ ဘာ​ကြောင့်​ ဆရာနဲ့ မင်းတို့ ​ပြေးမကပ်​တာလဲ "

စာသင်​​နေတဲ့ ရူပ​ဗေဒဆရာက တပ်​ထားတဲ့ မျက်​မှန်​ကို ပင့်​တင်​ရင်း ​မေး​တော့ ​ကျောင်းသား​တွေက တိတ်​ဆိတ်​သွားတယ်​။

" မသိကြဘူးလား "

" ကမ္ဘာ​မြေရဲ့ဆွဲအားက ပိုများလို့ "

တိုးတိုး​လေး​ဖြေလိုက်​​ပေမယ့်​ တိတ်​ဆိတ်​​နေတဲ့အ​ခြေအ​နေ​ကြောင့်​ ရိ​ပေါ်အသံက အတန်း​ရှေ့က ဆရာအထိ ကြားနိုင်​တယ်​။

" ဟုတ်​တယ်​ .. ၀မ်​ရိ​ပေါ် ​ဖြေတာမှန်​တယ်​ "

ဆရာ့စကားအဆုံးမှာ ​ကျောင်းသားအချို့က နှာ​ခေါင်းရှုံ့ တယ်​။ ဆရာက​တော့ စာကိုသာ ဆက်​ရှင်း​ရင်း ​ကျောက်​သင်​ပုန်း​ပေါ်မှာ ပုံတချို့ဆွဲပြ​တယ်​။ ရိ​ပေါ်က​တော့ လက်​ထဲက ​ဘောပင်​အနီ​လေးကို လှည့်​ရမ်း​နေလိုက်​တယ်​။

.....

" ​ဆရာ​ရှောင်း "

အတန်းချိန်​​တွေမရှိတာမို့ ရုံးခန်းထဲ ရှိ​နေတဲ့ ​ရှောင်​ကျန့်ကို အသိဆရာမ တစ်​​ယောက်​က လှမ်း​ခေါ်​တော့ လက်​ထဲက ဖိုင်​​တွဲ​တွေကိုချပြီး ဆရာမ ပြန်​​ပြောလာမယ့်​ စကားကိုပဲ အာရုံစိုက်​လိုက်​တယ်​။

" အပြင်​မှာ ဧည့်​သည်​​ရောက်​​နေတယ်​ "

" ဟင်​ "

လာ​တွေ့စရာဧည့်​သည်​မရှိတာ​ကြောင့်​ အ​တွေးတချို့နဲ့ပဲ ​ရှောင်​ကျန့်် အခန်းပြင်​ ထွက်​လာခဲ့တယ်​။ မြင်​လိုက်​ရတဲ့လူ​ကြောင့်​ အ​တွေး​တွေ ရပ်​တန့်​သွားတယ်​။

" ချန်း​ကော ... "

အနည်းငယ်​အံ့သြသွားတာ​တော့အမှန်​ပဲ။ ရှန်​ဟိုင်းမှာရှိ​တဲ့ ချန်းက ​ပေကျင်းထိလာပြီး သူ့ကို လာ​တွေ့ရ​လောက်​မယ့်​ အ​ကြောင်းမရှိတာမို့။

" ​ရှောင်​ကျန့်​..."

ဘောင်းဘီအိတ်​ထဲလက်​ထည့်​ရင်း​ကျောခိုင်းရပ်​​နေတဲ့ ချန်းက ​ရှောင်​ကျန့်​​​ခေါ်လိုက်​တဲ့အသံ​ကြောင့်​ လှည့်​လာတယ်​။

Douleurs Rouges  [ Completed ]Dove le storie prendono vita. Scoprilo ora