ဦးချစ်​သည်း 22

Start from the beginning
                                    

ကားကသစ်​ပင်​ကိုတိုက်​မိ၍ ​ခေါင်းပိုင်းထိသွားသည်​။

လူ​တွေဒီ​လောက်​ပြဲဖစ်​တာ ​တော်​​သေးသည်​။
ပတ်​ပတ်​လည်​မှာ​မှောင်​မဲ​နေပြီး လမ်းအနိမ့်​ပိုင်း​ချောက်​ထဲသို့
ချော်​ကျသွားတာ ဖြစ်​လိ​မ့်​မည်​။ သူမိုး​ရေထဲမှာရပ်​​နေပြီး
အ​ခြေအ​နေကိုတွက်​ဆကြည့်​​နေတုန်း ကားထဲက
hannie ​ခေါ်သံသဲ့သဲ့​လေးထွက်​လာသည်​။

"ဦး....ဦး.."

မိုးသံ​လေသံကြားထဲမှ hannie ​ခေါ်သံသဲ့သဲ့​လေး​ကြောင့်
သူ hannie ဆီပြန်​​လျှောက်​လာမိသည်​။ hannie
ရှိ​နေသည့်​​နောက်​ခန်းတံခါးကိုမဖွင့်​ဘဲ ​ရှေ့ခန်းတံခါးကိုပဲဖွင့်​ပြီး သူ​မေးဆတ်​ပြမိသည်​။

"ဖုန်း..ဖုန်းမြည်​​နေတယ်​ဦး..​မေ​မေပြန်​ဆက်​တာလား
မသိဘူး...အဲ့ဒါ အ​ရှေ့မှာ"

ဟုတ်​သည်​။ ခုနက သီချင်းသံမြည်​​နေသည်​။
ဒါ hannie ဖုန်းသံဆိုရင်​ မြည်​​နေတာ ဖုန်းပြန်​ဆက်​​နေတာ ​တော်​​တော်​ကြာပြီ...။ သူကား​ရှေ့ခန်းထဲမှာ
အသံမြည်​ရာလိုက်​စမ်းပြီး ကြမ်းခင်းမှာရှာကြည့်​​တော့
ဖုန်းကို ​တွေ့သွား၏...

"ဦး အထဲလာ"

hannie ကသူ့​ဘေးမှာဝင်​ထိုင်​ဖို့ ​နေရာဖယ်​​ပေး​နေသည်
သူကား​ရှေ့ခန်းမှာ ဝင်​ထိုင်​ဖို့အဆင်​မ​ပြေသည်​မို့
နောက်​ခန်းထဲ ဝင်​ထိုင်​လိုက်​ပြီး ကားအတွင်းခန်းမီးဖွင့်​လိုက်
ကာ hannie ကိုဖုန်း​ပေးလိုက်​သည်​။

Yoona ဖုန်းမှန်းသိ​နေ၍ Yoona သက်​သာသွားတာ
လား..တစ်​ခုခုဖြစ်​လို့လား စိုးရိမ်​စိတ်​ဖြင့်​​စောင့်​ကြည့်​​နေ
မိသည်​...

"​မေ​မေရယ်​ ဦး ​မေ​မေပြန်​ဆက်​တာ.."

hannie ဝမ်းသာအားရ​ပြောပြီး ဖုန်းကိုင်​လိုက်​၏

"hannie သားလား...ဘာဖြစ်​လို့ဖုန်းမကိုင်​တာလဲ
သားရယ်​...​မေ​မေစိတ်​ပူသွားတာပဲ...သား​နေခဲ့တယ်​ဆို"

"​မေ​မေ ​မေ​မေဘာမှမဖြစ်​ဘူးလား..ခုနက​မေ​မေဗိုက်​​အောင့်
တယ်​ဆိုပြီးဖုန်းချသွား​တော့ ...hannie.."

ဉ်ီးချစ်​သည်းWhere stories live. Discover now