Sehun ဖုန်းခေါ်ရင်း hannie ကိုငဲ့ကြည့်မိ၏
သူ့လက်မောင်းကိုဖက်ပြီး ဘေးဘီကိုလိုက်ကြည့်နေပုံက
အိပ်ရာဝင်ခါနီးကလေးတစ်ယောက် အမှောင်ကိုကြောက်ပြီး
အရုပ်ကို အတင်းဖက်ထားသလိုမျိုး။ဖက်မထားနဲ့ အနားမကပ်နဲ့စသဖြင့်ပြောချင်နေသောစကား
များက hannie ကြောက်နေမှန်းသိ၍ပြောမထွက်တော့ပေ
ဖုန်းဆက်ခြင်းဆီကိုပဲ စိတ်နှစ်ထားလိုက်၏....။တီ...တီ...တီ..
အသံတိုလေးတွေ ဆက်တိုက်ထွက်နေသည်။
ဖုန်းမဝင်။
ဖုန်းလိုင်းတွေ ပျက်ကုန်ပြီထင်၏
သူအားမလျှော့ဘဲ ဆက်တိုက်ခေါ်နေမိပေမယ့်
ဖုန်းလိုင်းမမိ၍ ဖုန်းမဝင်ပေ။"ဦးက ဖုန်းနံပါတ်တွေမှတ်မိတယ်ပေါ့"
"မှတ်မိတဲ့ဖုန်းကို လှမ်းဆက်နေတာ"
"ဘယ်သူ့ဆီလဲ ဦးလေးKim ဆီလား..."
"Kimဖုန်းကိုလည်းအလွတ်မရဘူးကွ...ရီဆက်ရှင်ကို
ဆက်နေတာ...ကျွတ်...ဘယ်သူမှမရှိဘူးထင်တယ်
မကိုင်ဘူး...""အဲ့ဒီဆီဆက်တော့ သူတို့က hannie တို့ဆီလာလို့ရပါ့
မလား...""ဘယ်ရမလဲ hannieရဲ့...ဒါပေမယ့် Yinminဖုန်း
နံပါတ်ကိုတော့ မေးလို့ရတာပေါ့...ဖုန်းမဝင်ဘူးကွာ
ဖုန်းလိုင်းတွေ ပြတ်ကုန်ပြီထင်တယ်..."သူဖုန်းခေါ်နေမိစဉ် hannie ကသူ့ပခုံးပေါ်ခေါင်းလေး
မှေးတင်ထားပြီး လိုက်ကြည့်နေသည်။ယောက်ျားလေးတစ်ယောက်နဲ့အခုလိုအသားချင်းထိကပ်ပြီး
မနေဘူးတာကြောင့်...အနီးဆုံးပြောရမယ်ဆို သားနဲ့တောင်
လက်ပွန်းတတီး သူမနေဖြစ်ခဲ့ပါ....နေရထိုင်ရခက်ခြင်းကြောင့် မသင့်တော်တာတာပါပေါင်းပြီး
သူ hannie ဘေးမှ အငွေ့ပျံပျောက်သွားချင်မိတဲ့အထိပါ
သူလေးကတော့ ဘာမှမသိ။ရေစိုလို့ချမ်းနေသမျှ သူ့ကိုပဲအတင်းဖက်ထား၏
ဒီကြားထဲ မိုးခြိမ်းသံ ဂျိမ်းခနဲထွက်လာတိုင်းထအော်တတ်သလို...
ဦးချစ်သည်း 22
Start from the beginning