"ဟုတ်တယ်...အဲ့ဒါကြောင့်သားစိတ်ပူနေမှာစိုးလို့
မေမေပြန်ဆက်တာ..ဘာမှမဖြစ်တော့ဘူးသား
ဆရာဝန်လည်း လာသွားပြီ..မေမေသက်သာတယ်
သားမေ့မေ့ကိုစိတ်ပူပြီး လျှောက်လုပ်နေမှာစိုးလို့ ပြန်ဆက်တာ ခုနက ဘာလို့ဖုန်းမကိုင်တာလဲ...""ဟို...ခုနက.."
hannie မျက်လုံးလေးတွေ ဒိုင်းခနဲသူ့ဆီရောက်လာသည်
Yoona ပြောတာတွေသူမကြားပေမယ့် ခုကိစ္စကိုပြောနေ
မှန်းတော့ သိလိုက်သည်။"ဟို..hannie...hannie ဦးကိုသွားခေါ်နေတာ
မေမေ့ဆီချက်ချင်း ပြန်လာမလို့...""ထင်တယ်..မေမေထင်တယ်...မိုးသံကလည်းကျယ်လိုက်တာ တော်သေးတာပေါ့ သားရယ်..မလာရသေးခင်
မေမေ့ဆီဖုန်းဆက်မိလို့..ခုထွက်မလာရသေးဘူးမို့လား
Sehun အနားမှာရှိလား...သူ့ကိုဖုန်းပေးလိုက်""ဦးမရှိဘူး ဦးက hannie ပူဆာလို့ပြန်ဖို့စီစဉ်နေတာ"
"မလာနဲ့...မလာနဲ့သားရယ် ရာသီဥတုမကောင်းဘဲ
ချက်ချင်းတန်းရောက်မယ့် ခရီးလည်းမဟုတ်ဘဲနဲ့...
Sehun ကိုသပ်သပ်အပူသွားကပ်နေတယ်
မေမေ သူ့ဆီဖုန်းဆက်လိုက်ဦးမယ်..."hannie ဖုန်းချလိုက်ပြီး ဦးကိုအားကိုးတကြီးမော့ကြည့်မိ၏
"မေမေက ဦးဆီဖုန်းဆက်မှာပဲ..hannie ထွက်လာတာ
ကို မပြောနဲ့နော်ဦး နော် နော်လို့်...ဦး""စိတ်ပူမနေနဲ့...ခင်ဗျားလေးအသည်းအသန်ခေါ်လာလို့
လိုက်လာတာ..ဖုန်းကျန်နေခဲ့တယ်..Yinmin ကို
လာခေါ်ခိုင်းရမယ်...ဖုန်းပေး.."hannie ဦးကိုဖုန်းပေးပြီး အပြင်ကိုဝေ့ဝဲကြည့်မိသည်။
မိုးထဲရေထဲမှာ လေပြင်းကြောင့်သစ်ပင်ကြီးများယိမ်းနွဲ့နေပုံမှာ
ကြောက်စရာကောင်းလှ၏hannie ကိုပြူးပြဲခြောက်လှန့်နေကြသလိုလို....
hannie အပြင်ကို လိုက်ကြည့်နေရာမှမျက်နှာလွှဲပြီး
ဦးအနားတိုးထိုင်မိသည်။ ဘယ်ကိုမှလိုက်ကြည့်မနေတော့ဘဲ
လက်မောင်းကိုဖက်ပြီး မျက်နှာလေးကိုဖိကပ်ကွယ်ကာ
ပုန်းနေမိသည်။
ဦးချစ်သည်း 22
Start from the beginning