Episode 12 (Unicode)

En başından başla
                                    

"ဘာရယ်"

"ဟုတ်တယ် ကောင်မလေးနဲ့ တွဲနေတဲ့ အချိန်မှာတောင် မင်းက ငါ့ကို အတွေးတွေထဲ စိုးမိုးနေခဲ့တာလေ"

"အော်"

"ငါ အမှန်ပြောနေတာပါ"

"အင်း"

"မင်းငါ့ကို ကောင်လေးတစ်ယောက်အနေနဲ့ လက်ခံပေးဖို့ စဥ်းစားပေးလို့ ရမလား"

"ငါငြင်းမယ်ဆိုရင်ရော"

"ငါ မင်းအချစ်ကိုရဖို့ မင်းဆီက ယုံကြည်မှုတွေ ရဖို့ မင်းလက်ခံနိုင်တဲ့ အခြေအနေထိ ရောက်အောင် ထပ်ကြိုးစားရမှာပေါ့"

"အင်း မဆိုးပါဘူး"

Injun ပြန်ပြောပြီး လက်ထဲက ကော့တေးခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"ငါ ပြန်တော့မယ် Jeno"

"အစောကြီး ရှိသေးတာကို"

"ကိစ္စနည်းနည်းရှိသေးလို့"

"ကားမောင်းဖို့ အဆင်ပြေရဲ့လား"

"ရတယ် ငါအဆင်ပြေတယ်"

"အင်း ကားကို ဖြေးဖြေးမောင်းဦး"

"မင်းလည်း အိမ်စောစောပြန်နော်"

"အင်းပါ ခုနက စကားတွေက ငါအမှန်ပြောတာနော်"

"ငါသိပါတယ် သွားတော့မယ်နော်"

လှည့်ထွက်သွားတဲ့ ကျောပြင်လေးကို Jeno ငေးရင်း ခပ်ငွေ့ငွေ့ သက်ပြင်းလေးကိုသာ ခိုးချမိသည်။

အပိုင်း (ခ)

Renjun အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ သူနဲ့Jaemin အမှတ်တရနေ့တွေတိုင်း ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ သူ့မသိအောင် ခိုးရိုက်ထားတတ်တဲ့ ပုံလေးတွေကို ပူဖောင်းလေးများနှင့် ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

နောက်ပြီး ဘေးဘက်နံရံတွေဆီ ကြည့်မိတော့ သူသဘောကျတဲ့ ကဗျာလေးတွေ စာသားလေးတွေကို လိုက်ဖက်တဲ့ ပုံလေးတွေနဲ့ Edit လုပ်ပြီး
ကြိုးတန်းလေးနဲ့ ချိတ်ဆွဲထားသည်။

အလယ်တည့်တည့်က နံရံဆီ ကြည့်မိတော့ "Happy Anniversary Ren ❤️" လို့ ရေးထားတဲ့ ဘောလုံးတွေကို ကပ်ထားပြီး စားပွဲလေးတစ်လုံး ထားထားလေသည်။

Photographer & Guitarist [JaemRen+NoRen]Hikayelerin yaşadığı yer. Şimdi keşfedin