အပိုင်း🍀၂၀🍀

Start from the beginning
                                    

""နောက်ပြီး..သရဖီက..တစ်နှစ်ဆိုတဲ့အချိန်အထိ..bossကိုကွာရှင်းမပေးဘူးဆိုရင်ရော်..bossဘယ်လိုဖြေရှင်းမလဲ...""
""ဒါကတော့..ကိုယ်.သရဖီကို.အကြွင်းမဲ့ယုံတယ်..သရဖီလို.ထူးချွန်ထက်မြတ်တဲ့မိန်းမတစ်ယောက်က...ကိုယ်လို.ယောက်ျားလေးတစ်ဦးကို..ချစ်ကြိုက်နေတဲ့သူရဲ့ဘေးနားမှာ.ထာဝရအတူနေချင်ပါ့မလား..ဟန်ဆောင်လက်ထပ်ရမဲ့အရေးကိုတောင်...အခုသရဖီ.လုပ်သင့်..မလုပ်သင့်စဉ်းစားနေ​ပြီမဟုတ်ဘူးလား..""
ထစ်ချုန်း​ဆိုလိုက်တော့.သရဖီ.မျက်နှာလေးညှိုးကျသွားလေသည်။.တကယ်ဘဲ..သရဖီရင်ထဲက..ခံစားချက်တွေကို.Bossမမြင်ဘူးလား..။
     သရဖီအနေနဲ့.Bossကိုလေးစားတယ်.။နောက်ပြီး..တိတ်တခိုးချစ်နေရတဲ့သူပါ..။ဒါပေမယ့်..bossပြောသလိုဘဲ..သရဖီက.ထူးချွန်ထက်မြတ်တဲ့မိန်းမတစ်ယောက်ပါ..။အချစ်ကိုဗန်းပြပြီး..ရူးနှမ်းနှမ်းအကွက်တွေ..နင်းမဲ့သူတော့မဟုတ်ပါဘူး..။
Bossရဲ့မျက်စိထဲမှာ..သရဖီကို..ထူးချွန်ထက်မြတ်တဲ့မိန်းမတစ်ဦးအဖြစ်နဲ့ဘဲ မြင်စေချင်တယ်..။
   .bossဘက်က ဘာတွေဘဲ တောင်းဆိုလာပါစေ..သရဖီ ပေးဆပ်ဖို့အတွက်..အမြဲတင်း.ready ပါဘဲ..Boss...။
""Bossရဲ့..ဟန်ဆောင်ဇနီးသည်အဖြစ်.သရဖီအနေနဲ့..ဂုဏ်ယူစွာနဲ့ကိုလုပ်ပေးမှာပါ..တစ်ခုဘဲရှိတယ်.Bossလွန်းပုံရိပ်ဘဲ...သူ့ကို.ခါးသက်မိုးရဲ့အနားမှာမထားစေချင်ဘူး..bossအနေနဲ့..သရဖီနဲ့..လက်ထပ်တာကို.အကြောင်းပြပြီး..လွန်းပုံရိပ်နဲ့.သူ့အဒေါ်ကို..သရဖီအမျိုးတွေရှိတဲ့..ဂျပန်ကို..ပို့ထားလိုက်ပါ့လား.""
     သရဖီအနေနဲ့..Bossကိုပျော်စေချင်တယ်..။သရဖီ.Bossကိုအလေးထား
သလို..bossချစ်တဲ့.လွန်းပုံရိပ်ကိုလဲ.အလေးထားချင်တယ်..။လွန်းပုံရိပ်သာ..တစ်ခုခုဖြစ်သွားရင်..bossလည်းပျော်မှာမဟုတ်ဘူး..။
     ""အင်း..သရဖီပေးတဲ့အကြံ..မဆိုးဘူး..လွန်းနဲ့​လွန်းအဒေါ်ကို..တစ်နှစ်လောက် အဝေးကိုပို့ထားရမယ်..အဘိုးနဲ့ ခါးသက်မိုးတို့နဲ့ ဝေးရာကို..""
""ဟုတ်တယ်..Boss အဲ့ဒီအကြံကို..အမြန်ဆုံးအကောင်ထည်ဖော်လိုက်ပါ..""
🥀🥀🥀
     ""ကိုကိုလေး..ဟိုတစ်ယောက်လေ..ဒီနေ့တစ်နေ့လုံးဘာမှ မစားပြန်ဘူး..သူ့အဒေါ်ဆီကိုသွားမယ်လို့ဘဲ..ပြောနေတယ်.."
ခါးသက်မိုး..အိမ်ပြန်ရောက်လာလာချင်း ကြားလိုက်ရတဲ့..စကားကြောင့်..​ထောင်းခနဲ့ ဒေါသထွက်သွားရလေပြီ..။အချိန်ပြည့်..အစားစားဖို့ငြင်းဆန်နေရအောင်..သူကိုယ်သူ့.ဘာထင်နေလဲမသိဘူး...။ခါးသက်ဒေါသတကြီးနဲ့.လွန်းရှိရာအခန်းဆီကို..ရောက်လာခဲ့သည်။..ကုတင်ပေါ်မှာ..သူ့ရဲ့ဦးလေးရဲ့ ဓာတ်ပုံကို..ကိုင်ပြီး..ငိုနေသည့်လွန်း. ။
""ခင်ဗျားကဘာလဲ..အချိန်ပြည့်.
.ငိုချင်းသည်လို..ငိုကြွေးနေရအောင်..
ကိုယ့်ကိုယ်ကို ..အလွမ်းမင်းသမီးလို့များထင်နေတာလား..""
လွန်းနားထဲ..ကန့်လန့်ကြီးတိုးဝင်လာတဲ့..ခါးသက်မိုးစကားများကြောင့်..မျက်ရည် များကြားကနေ..မဲ့ပြုံးလေးပြုံးလိုက်မိသည်။
""ငါဒီလိုပုံစံမျိုး.ဖြစ်နေတာကို.ကြည့်ပြီး..မင်းပျော်နေရမှာလေ...ငါအခု..ကောင်းကောင်းကြီး..ဝဋ်လည်နေတာလေ..မင်းကျေနပ်ပါတော့..ငါ့ကိုတစ်ယောက်တည်း..လွှတ်ထားပေးပါ...""
""ဟ..ခင်​ဗျား..ဒီနေ့တစ်နေ့လုံး.ဘာမှမစားဘူးဆို..အဲ့ဒါကို..ကျွန်တော်က..ဒီအတိုင်း..ပစ်ထားရမှာလား..
ခင်ဗျား..ဘာမှမစားလို့..အားပြတ်ပြီး..မူးလဲနေရင်..ဒီလူက..ကြားထဲက..လူဆိုးဖြစ်ရဦးမယ်..""
""မင်းလူဆိုးမဖြစ်ချင်ရင်..ငါ့အိမ်ကိုပြန်ပို့ပေးလေ..ရှင်းနေတာဘဲ..""

ဝိုးတဝါးအိမျမကျWhere stories live. Discover now