Chapter 17 ( Unicode )

Start from the beginning
                                    

" အား ..."

အတိတ်ဆိုးက အိပ်မက်ဆိုးအဖြစ် ရောက်လာတဲ့ ရိပေါ်ရဲသန်းခေါင်ယံက ပြင်းရှတဲ့အသက်ရှူသံတွေနဲ့ ထိတ်ထိန်လန့်လန့်ပဲနိုးထလာရတယ်။

ကာကွယ်ပေးမယ့်သူကို စောင့်မျှော်ရင်း ရခဲ့တဲ့ အတိတ်ဒဏ်ရာပဲ။

ုပြုခဲ့ဖူးတဲ့ တချို့သောအနီရောင်သေဆုံးခြင်းတွေက
ဘယ်သူမှ ကိုယ့်ဘက်မရှိဘူးဆိုတဲ့ အသိနဲ့ ကိုယ့်အတွက် ကိုယ်ကာကွယ်ခဲ့ရုံပါ...။

.....

တစ်ချိန်က ကျောင်းသားတွေနဲ့ ပြည့်နေခဲ့တဲ့ စာသင်ခန်းက အခုချိန်မှာတော့ နေရာလွတ်တွေ များတယ်။ ကျောင်းဝန်းဧရိယာထဲ အလောင်းတွေ့ရာကစလို့ ကျောင်းသားမိဘတွေက သူတို့ကလေးတွေကို အခြားကျောင်းပြောင်းပစ်တာတွေရှိတယ်။ ကျောင်းရဲ့ လုံခြုံရေးကို ထပ်တိုးချရင်း ကျောင်းက အတော်ကို နာမည်ကြီးနေတယ်။ တရားခံရှာမရတဲ့အပြင် သဲလွန်စဆိုတာ ဘာမှမတွေ့။

စီစီတီဗွီတွေကို စစ်ဆေးပေမယ့် ကျောင်းဝန်းထဲက စီစီတီဗွီတွေမှာ ဘာလှုပ်ရှားမှုမှ ရှိမနေတာကြောင့် စုံစမ်းဖို့ရာ အခက်တွေ့ပေမယ့် သံသယဝင်စရာအကြောင်းအရာတစ်ခုက ကျောင်းအနောက်ဘက်ဆောင်တွေဘက်ရဲ့ CCTV Record တွေကError ဖြစ်နေကြခြင်း။

တိတ်ဆိတ်နေတဲ့ စာသင်ခန်းထဲ ကျောက်သင်ပုန်းပေါ်က မြေဖြူသံက တတောက်တောက်မြည်နေဆဲ။
ရိပေါ်က ဗလာကျင်းဖြစ်နေတဲ့စာအုပ်ကို ရှေ့ချပြီး စာသင်နေတဲ့ ရှောင်ကျန့်ကိုငေးတယ်။

တပ်မက်မှုနဲ့ အတ္တက အကြည့်ချင်းဆုံတိုင်း ပြုံးပြလာတဲ့ ရှောင်ကျန့်အပြုံးတွေက ဖြစ်တည်လာတယ်။

ဘယ်လိုလုပ်မလဲ ...
ဒီကကောင်က ခင်ဗျားမှ မရှိရင် မဖြစ်တော့ဘူး။

အတန်းပြီးသွားတဲ့နောက် မုန့်စားဆင်းချိန်မှာ ကျောင်းကန်တင်းကလည်း လူရှင်းတယ်။ ပုံမှန်အတိုင်း လည်ပတ်နေပေမယ့် အမည်မသိခြောက်ခြားမှုကြီးကတော့ ကျောင်းလေထုထဲ ဝေ့၀ဲနေသလိုပဲ။

" ရိပေါ် ... "

မျက်နှာချင်းဆိုင်က ရှောင်ကျန့် ခေါ်တော့ ရိပေါ်က စားပွဲခုံကို လက်ချောင်းတွေနဲ့ ဖွဖွလေးခေါက်နေရာကနေ မော့ကြည့်တယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now