အပိုင်း [ ၁၆ ]

92.7K 10.6K 708
                                    

ခိုင်ခံ့သော သစ်သားလှေကားထစ်တွေပေါ် တစ်ထစ်ချင်း နင်းဖြတ်ခဲ့ပြီး မိုင်မိုင်းရဲ့ ခြေလှမ်းတွေနောက်မှာ မြတ်သောမာန်လည်း ထပ်ကြပ်မကွာ။

မိုင်မိုင်းတို့အိမ်ရဲ့အပေါ်ထပ်တွင် ဘုရားခန်းနှင့်ဧည့်ခန်းအပြင် အခန်း နှစ်ခန်း မျက်နှာချင်းဆိုင် ရှိသည့်အနက် မိုင်မိုင်းက ဝဲဘက်ရှိ အခန်းရဲ့ရှေ့တွင် ရပ်လိုက်သည်။

"ဝင်ပါဗျ...ကျွန်တော့်အခန်းပါ"

အခန်းတံခါးကို အသာ ဆွဲဖွင့်ကာ မိုင်မိုင်းက သူ့အား ရှေ့မှ ဝင်စေတော့ သူ မိုင်မိုင်းရဲ့အခန်းထဲကို ပထမဆုံးအကြိမ် ခြေချမိပါသည်။

ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ရဲ့ အခန်းသည်ကား ရိုးရိုးရှင်းရှင်းပင်။

တောင်ဖက်သို့ ခေါင်းတည်ကာ နံရံတွင် ကပ်ထားသော ခုတင်က လူတစ်ယောက်စာ လူးလိမ့်သာရုံမျှ ရှိပြီး ခုတင်နှင့်မလှမ်းမကမ်းရှိ စာကြည့်စားပွဲပေါ်တွင် နှိုးစက် နာရီတစ်လုံး၊စာအုပ် သုံးအုပ် နှင့် နှင်းဆီဖြူတွေ ထိုးထားသော ကြွေပန်းအိုး တစ်လုံးကို သပ်သပ်ရပ်ရပ် တင်ထားသည်။

အခန်းထောင့်မှာတော့ သစ်သား ဗီရိုတစ်လုံးနှင့်ဖိနပ်စင်ကလေးတစ်ခုရှိပြီး အနောက်ဘက် နံရံကို ကပ်လျက်ရှိသည့် စာအုပ်စင်ပေါ်မှာလည်း စာအုပ်တွေက စီစီရီရီ။

ဖုန်တစ်စပင် မရှိအောင် သန့်ရှင်းနေသော အခန်းထဲမှာ သစ်သားကြမ်းခင်းကတောင် ပြောင်လက်နေတာ ဖြစ်ပြီး အားလုံး ခြုံငုံကြည့်လိုက်ပါလျှင် ၁၅ ပေ ပတ်လည်ခန့်သာ ရှိမည့် မိုင်မိုင်ရဲ့အခန်းလေးက ငြိမ်းချမ်းမှု အပြည့်အဝပေးစွမ်းနိုင်သည့် အသိုက်အမြုံလေးနှင့်တူပေသည်။

မိုင်မိုင်းက အိပ်ရာနှင့်စာကြည့်စားပွဲကြားရှိ ခေါင်းရင်းပြတင်းကို ဖွင့်လိုက်တော့ လတ်ဆတ်အေးမြသည့် လေပြည်လေညင်းတွေက အခန်းတွင်းသို့ ဝင်ရောက်လာကာ
ပြတင်းလှိုက်ကာတွေကို ပင့်တင်နေသော မိုင်မိုင်းရဲ့မျက်နှာလေးကလည်း
စိတ်ချမ်းမြေ့မှုကို ဖော်ဆောင်သော အပြုံးလေးဖြင့် အသက်ဝင် တောက်ပလာ၏။

မိုင်Where stories live. Discover now