제 1 화

4.4K 494 48
                                    

Joseonခေတ် အချိန်ကာလဖြစ်သည်..

Min မင်းဆက်ရဲ့ခေတ်ဖြစ်သည့်အတွက် စိုးစံသည့်ဘုရင်မှာ အရှင် Min Yoongiဖြစ်သည်

သက်တော် ၂၃နှစ်မှာ ဖခင်မင်းကြီးဆုံးသွားတော့ အသက်ငယ်ငယ်နှင့်ပင်နန်းတက်တော်မူခဲ့သည်..ငယ်တယ်ဆိုပေမဲ့ သူမတူအောင်ထက်မြက်တဲ့ပင်ကိုအရင်းခံကြောင့် တစ်ခဏအတွင်းမှာ နိုင်ငံတော်ကိုပြန်လည်ဖွံ့ဖြိုးအောင်စွမ်းဆောင်နိုင်ခဲ့လေသည်..

သို့သော် အမျက်အလွန်ကြီးသောမင်းကြီးတစ်ပါးဖြစ်လာခဲ့သည့်အတွက် တိုင်းသူပြည်သားများကကြောက်ချစ်ရိုသေရသည်..မည်သည့်ပုန်ကန်သူကိုမှအရှင်မထားဘဲ သူကိုယ်တိုင်ခေါင်းဖြတ်တတ်သည့် ဘုရင်တစ်ပါးဖြစ်သည်..

အင်အားကြီးသည့်ဘုရင်တစ်ပါးဖြစ်သည့်အလျောက် အိမ်နီးချင်းနိုင်ငံများကပင် ကြောက်ရွံ့ရလေသည်..

မင်းသားဘဝကပင် တည်တည်တံ့တံ့နေတတ်သောကြောင့် သူငယ်ချင်းဟူ၍ အမြင့်ဆုံးအမတ်ကြီးရဲ့သား ဆော့ဂျင်နှင့်သာရင်းနှီးသည်..

ဆော့ဂျင်ကတော့ မင်းကြီးနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး ပျော်ပျော်နေသည်..ရုပ်ရည်ချောမောမှုကြောင့် လူကြိုက်များသော်လည်း ဘယ်သူ့ကိုမှစိတ်မဝင်စားပေ..

လောကလုံးမှာမင်းကြီးကိုမကြောက်သည်မှာသူတစ်ယောက်တည်းရှိပြီး တစ်ခါတစ်လေ မင်းကြီးစိတ်တိုအောင်ပင် စလေ့ရှိသည်..

ယနေ့လည်း မင်းကြီးညီလာခံပြီးလျှင် သေရည်တူတူသောက်ရအောင်ဆိုပြီး လာချိန်းပြီး ပန်းခြံထဲမှာ လျှောက်ပြေးနေလေသည်..

ညီလာခံပြီး၍ ပြန်ထွက်လာသော မင်းကြီးကိုမြင်တော့ချက်ချင်းပြေးလာသည်..

"ယွန်း-အဲ့လေ အရှင်မင်းကြီး..အားပြီလား..‌သေရည်သောက်ဖို့ သွားကြမလား"

မင်းကြီးယွန်းဂီကတော့ ရုပ်တည်နှင့်သာရှေ့ကထွက်သွားသည်..

"တယ်..ဒီဘုရင်ကောင်..ငါလုပ်လိုက်ရ..မဖြေဘဲထွက်သွားပြန်ပြီ"

"လိုက်မလာဘဲငါကိုယ်တော်ကိုကျိန်ဆဲနေတာ ခေါင်းပြတ်သွားချင်လို့လား"

Elysian || YoonminWhere stories live. Discover now