TaeHyung မှာ လက်နှစ်ဖက်လုံးဖိချုပ်ခံထားရသည့်အပြင် JungKook ရဲ့အကြည့်စူးစူးတွေနဲ့ပါအကြည့်ခံနေရ၍ မျက်နှာတပြင်လုံးရှက်စိတ်ကြောင့်ပူနွေးလာတော့သည် ။
" ကလေးဟုတ်လား "
သူ့မျက်နှာနားကိုတိုးကပ်ကာ နှာခေါင်းချင်းထိကပ်ရင်းပြောလိုက်တဲ့ JungKook ကြောင့်နောင်တရချင်သွားသည် ။
" J ung Jung..Kook လွှတ်ဦး နာနေပြီ "
" ကျွန်တော် Tae ကိုစောင့်ရှောက်ပေးမယ်လို့ပြောခဲ့တယ်လေ "
" အခုလည်းစောင့်ရှောက်ပေးနေတာပဲဟာကို "
" ဒီထက်ပိုပြီး ,,"
သူ့ရဲ့နားကိုကပ်ကာ တိုးတိုးပြောလာတဲ့ JungKook အသံသြသြတွင် တစ်ခုခုကိုသွယ်ဝိုက်ပြောနေသလို ။ သူ့တစ်ကိုယ်လုံးကြက်သီးပင်ထသွားရတော့သည် ။
" စောင့် ရှောက် ချင် တာ ,,,"
တစ်လုံးချင်းပြောပြီးနောက်တွင် သူ့နားရွက်ဖျားကိုသွားတွေနဲ့ကိုက်ချေလာသည် ။ ရုတ်တရက်အပြုတစ်ခုတွင် သူ့ရင်တွေပရမ်းပတာခုန်လာတော့သည် ။ သူ့နားရွက်ကိုပဲပစ်မှတ်ထားကာ ကိုက်လိုက် လျှာနဲ့လျှက်လိုက်လုပ်နေတဲ့ JungKook ကြောင့် သူ့နဖူးတွင်ချွေးစတို့ပါတွဲခိုလာတော့သည် ။
" JungKook ဘာဖြစ်နေတာလဲ ရပ်နော် အခုလုပ်နေတာ ဒီမှာလက်လည်းနာနေပြီ "
" ဒါဆိုလက်မနာအောင် တခြားနေရာပြောင်းရမလား ဟင် "
" ဘာ .. ဘာတွေပြောနေတာလဲ မင်းနော် နေမကောင်းလို့ကြည့်နေတာ ငါလုပ်လိုက်ရ "
" ဘယ်ကိုလုပ်မှာလဲ "
" ဟာ မင်းနော် JungKook "
" ဟား ဟား ဟား အဲ့လိုနှုတ်ခမ်းကြီးဆူမထားနဲ့လေ ကိုယ်အသည်းတွေယားလာရင်ဘယ်လိုလုပ်မလဲ တာဝန်ယူနိုင်လား "
သတိရလာကတည်းက နားရှက်စရာတွေသာဆက်တိုက်ပြောနေတဲ့ JungKook ကြောင့် သူ့ မျက်နှာလည်း ရဲရဲနီနေလောက်ပြီ ။ သူ့အားနဲ့လူကိုဖိချုပ်ထား၍လည်း ရုန်းထွက်မရ ။ တခြားသူမြင်ရင် ဒါလား သူတို့ pack ရဲ့ခေါင်းဆောင်ဟောင်းလို့ပြောကြပေလိမ့်မည် ။
14 [ FINAL]
Start from the beginning