အပိုင်း🍀၁၅🍀

Start from the beginning
                                    

ဒါကဇော်ဂျီ​ပါ
💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၁၅)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
           ချိုမြမြအပြုံးလေးတွေနဲ့ထို သူက..ခါးသက်မိုးရဲ့ချစ်သူ...ဒီလင်းသား.များလား..။
""သြော်..ခင်ဗျားက..ဒီမှာကို ရောက်နေတာကိုး...အိမ်ရှင်မရှိဘဲ..အိမ်ထဲမှာ ပတ်မွှေနေတာက..လူယဥ်ကျေးတွေရဲ့ အလုပ်မဟုတ်ဘူးနော်..""
ရုတ်တရက်..နောက်နားဆီကနေ ထွက်ပေါ်လာသည့်..စကားသံကြောင့်..လွန်းကိုယ်လေး တုန်သွားကာ..မော့ကြည့်လိုက်တော့..ခါးသက်မိုး..။လွန်းလက်ထဲ..စာအုပ်လေးကိုသူမြင်သွားတော့.မျက်နှာတစ်ခုလုံးတင်းမာသွားကာ...
""ခင်ဗျားရဲ့ညစ်ပတ်တဲ့လက်တွေနဲ့..Dရဲ့ပုံကို မထိနဲ့..""
လွန်း.လက်ထဲက.စာအုပ်လေးကိုဆွဲယူပြီး..လွန်းကိုယ်ကို.တွန်းလိုက်တာကြောင့်..လွန်း..ကြမ်းပြင်ပေါ်..လဲကျသွားသည်။.ခါးသက်မိုးက..Dရဲ့ဓာတ်ပုံလေးကို..တယုတယလေးနဲ့.သုတ်​လိုက်ပြီး..လွန်းကို.စူးရဲစွာစိုက်ကြည့်လာလေသည်။
      အရင်တုန်းကပုံစံနဲ့.တခြားစီဖြစ်သွားတဲ့..ခါးသက်ကို..လွန်း.တအံ့တသြနဲ့ငေးကြည့်နေမိသည်။
""ခါးသက်မိုး..မင်း.က.ဆိုက်ကိုသမားလား..ဘာဖြစ်လို့..ငါ့နောက်ကို နောက်ယောင်ခံလိုက်ပြီး..ဓာတ်ပုံတွေ.လိုက်ရိုက်နေရတာလဲ..""
လွန်း..လဲကျနေရာကနေ.ထလိုက်ပြီး..ခါးသက်မိုးကို.မေးလိုက်သည်။
""ဆိုက်ကို...ဟုတ်တယ်..ကျွန်တော်ခင်ဗျားနောက်ကို..နောက်ယောင်ခံပြီး..ခင်ဗျားရဲ့လှုပ်ရှားမှုတိုင်းကို..ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတာမှန်တယ်...ဒါပေမယ့်..
.ကျွန်တော်.အဲ့လိုလုပ်နေတာက..
ခင်ဗျားကို...စွဲလမ်းနေလို့တော့မဟုတ်ဘူး..အရိုးထဲထိစွဲအောင်..မုန်းတီးနေလို့ဘဲ..""
ခါးသက်ထိုသို့ပြောရင်း..လွန်းရဲ့လက်ကို.အတင်းဆွဲပြီး..တခြားအခန်းထဲ.ကိုခေါ်သွားလေသည်။
""ဒူးထောက်....ခင်ဗျား..သူ့ရှေ့မှာ..ဒူးထောက်ပြီး..တောင်းပန်ရင်တောင်..ခင်ဗျားလုပ်ခဲ့တဲ့..အပြစ်တွေက...ကြေမှာတောင်မဟုတ်ဘူး.""
လွန်းကို..Dလင်းသာ.ရဲ့ပုံတူပန်းချီကားကြီးရှေ့မှာ  ဇွတ်အတင်း ဒူးထောက်ခိုင်းလေသည်။
""ဘာလဲ..ဘာတွေလဲ..ခါးသက်မိုး..
ငါဘာမှမသိဘူး...ငါကဘာလုပ်ခဲ့မိလို့..တောင်းပန်ရမှာလဲ..""
လွန်း ဇွတ်အတင်းရုန်းထွက်ရင်း..ပြောလိုက်သည်။.ခါးသက်က..လွန်းရဲ့ လက်နှစ်ဘက်ကို..နောက်ပြန် ဖမ်းချုပ်လိုက်ပြီး...
""ကြည့်...သူ့ရဲ့မျက်နှာကို သေချာ..ကြည့်...ခင်ဗျားကိုယ်တိုင်..သူ့ကိုသတ်ခဲ့တာလေ..
ခင်ဗျား မမှတ်မိတော့ဘူးလား..ဟမ်..ခင်ဗျားရဲ့လက်မှာ..သူရဲ့သွေးတွေ..စွန်းထင်းနေသေးတယ်..
ဒါကို..ခင်ဗျားက..ရိုးသားဖြူစင်ချင်ယောင်ဆောင်နေတုန်းဘဲ...ရွံ့ဖို့ကောင်းတယ်..အရမ်းရွံ့ဖို့ကောင်းတယ်သိလား..""
ခါးသက်..မာကြောခက်ထန်စွာဆိုရင်း..လွန်းကိုယ်လေးကို..ကြမ်းပြင်ပေါ်..မညှာမတာ တွန်းလှဲပစ်လိုက်သည်။
"ဘာ..ငါဘယ်သူ့ကိုမှ...မသတ်ခဲ့ဖူးဘူး..မင်း.မဟုတ်တာတွေ..လာပြီး..မစွပ်စွဲနဲ့...""
""အဟက်..ဘယ်သူ့ကိုမှ..မသတ်ခဲ့ဖူးဘူး..ဟုတ်လား...ခင်ဗျားသေချာ စဥ်းစားကြည့်လေ...ခင်ဗျား..မဆင်မခြင်.
စည်းမဲ့ကမ်းမဲ့..ကားမောင်းခဲ့လို့..
ကျွန်တော်ရဲ့ချစ်သူသေခဲ့ရတာ..
ဒါကိုခင်ဗျား.မေ့နေပြီလား..ဟမ်..
ပြောလေ..ခင်ဗျားရဲ့..အသုံးမကျတဲ့..ဦးနှောက်က..အဲ့ကိစ္စကို မေ့ပစ်လိုက်ပြီပေါ့လေ..ဟုတ်လား..""
လွန်း ရဲ့ရင်ဘတ်က အင်္ကျီစဆွဲရင်း
ခါးသက်မိုး...ဒေါသတကြီးအော်ပြောလိုက်လေသည်။
     လွန်း..အံ့သြမှင်သက်သွားကာ..
ဆွံ့အနေမိ၏။..
""အခုချိန်ထိ  မမှတ်မိသေးဘူး..ဟမ်..
လွန်ခဲ့တဲ့လေးနှစ်တုန်းက..ခင်ဗျား.
သူ့ကိုသတ်ခဲ့တာလေ..""
ခါးသက်မိုး.ပြော​လဲပြော..လွန်း.ခေါင်းနဲ့ကြမ်းပြင်ကို.၃ချက်လောက်ဆောင့်ချလိုက်တာကြောင့်..လွန်းခေါင်းတစ်ခုလုံးနာကျင်သွားလေသည်။
      နာကျင်မှုတွေနဲ့.အတူ..လွန်ခဲ့တဲ့ ၄နှစ်လောက်က..ဖြစ်ပွားခဲ့တဲ့ ကားအက်စီးဒန့်ပုံရိပ်တွေကိုဝိုးတဝါးနှင့်...လွန်းပြန်မြင်ယောင်လို့လာခဲ့၏။
""ဟင့်.အင်း..မဟုတ်ဘူး..အဲ့တုန်းက.ဖြစ်ခဲ့တဲ့..ကားအက်စီးဒန့်မှာ..
သေတဲ့သူမရှိခဲ့ဘူးတဲ့..""
""ဟား..ဟား...ဟုတ်တာပေါ့...ခင်ဗျားရဲ့.ဦးလေးက.အကုန်လုံးကို..ပိုက်ဆံအားကိုးနဲ့..ဖုံးဖိခဲ့တာလေ..ခင်ဗျားရဲ့အပြစ်ကြွေးတွေကို...ပိုက်ဆံနဲ့..ဆပ်ခဲ့တာ...Dမှာတော့.လူမသိသူမသိနဲ့..သေဆုံးသွားခဲ့ရတယ်..ဒါတွေအားလုံး..ခင်ဗျားတို့ရဲ့.လူမဆန်တဲ့လုပ်ရပ်တွေကြောင့်လေ
..မုန်းဖို့ကောင်းတယ်..ရွံ့ဖို့အရမ်းကောင်းတယ်...""
""ခွပ်...ခွပ်...""
ခါးသက်မိုး..လွန်းကိုယ်ပေါ်က..ခွထိုင်ပြီး..လွန်းရဲ့ပါးပြင်ကို.လက်သီးနဲ့နှစ်ချက်.ဆင့်ထိုးလို​က်သည်။
     ဒီအချိန်မှာ..လွန်းအတွက်.အပေါ်ယံနာကျင်မှုတွေက..မပြောပလောက်ပါ..။ရင်ထဲ အနက်ရှိုင်းဆုံးတစ်နေရာမှာ..မိမိကြောင့်..လူတစ်ဦးသေဆုံးခဲ့သည်ဆိုသော..အသိကြီးက..လွန်းကိုရူးခါသွားမတတ်ကို..တုန်လှုပ်ခြောက်ခြားစေသည်။
      လွန်း မျက်ဝန်းအိမ်ထဲ..မျက်ရည်များနှင့်ပြည့်လျှံလို့ လာခဲ့သည်။
""တောင်းပန်ပါတယ်...အဲ့ကိစ္စကို.ငါတကယ်ဘာမှမသိခဲ့ပါဘူး..ငါတောင်းပန်ပါတယ်...ငါတကယ်မသိခဲ့လို့ပါ...တောင်းပန်ပါတယ်..""
လွန်း..​ခါးသက်မိုးကို..ကြည့်ရင်း..တောင်းပန်စကားတို့ကိုသာ..အကြိမ်ကြိမ်​ပြောနေမိတော့သည်။
   ""ငိုမနေနဲ့..ကျက်သရေမရှိအောင်..
ခင်ဗျားဘက်ကနေ တောင်းပန်တဲ့စကားလေးပြောလိုက်ရုံနဲ့..ပြီးသွားလိမ့်မယ်မထင်နဲ့..ခင်ဗျားဘက်က.ပြန်ပြီးပေးဆပ်ဖို့အတွက်ကိုသာ..ပြင်ထား.""
ခါးသက်မိုး..လွန်းရဲ့ကိုယ်ကို ဆွဲထူလိုက်ပြီး..ရေချိုးခန်းထဲဝင်သွားလေသည်။
     လွန်းရဲ့ကိုယ်​ကို..ရေပန်းတွေအောက်..ရောက်အောင်.တွန်းလိုက်ပြီး..ရေပန်းကိုဖွင့်ချလိုက်သည်။
   အေးစက်လှသည့်..ရေစက်တွင်..လွန်းကိုယ်ပေါ်..ကျဆင်းလာခဲ့သည်။
  ""ဒီလိုအချိန်ထိ.ရောက်လာအောင်..ကျွန်တော်.သည်းခံပြီး.စောင့်ဆိုင်းလာခဲ့ရတာ..ခင်ဗျားကို..သတ်ပစ်လိုက်ဖို့.အကြိမ်ကြိမ်.ကျွန်တော်ကြိုးစားခဲ့ဖူးတယ်..ဒါပေမယ့်..ခင်ဗျားကလေ..မထင်မှတ်ထားဘဲ..Dနဲ့အတော်လေးကို.တူနေခဲ့တယ်..ခင်ဗျားရဲ့..ဒီမျက်နှာကြီးကြောင့်...ခင်​ဗျားကို..ကျွန်တော်..မသတ်ရက်ခဲ့တာ သိရဲ့လား..""
ခါးသက်မိုး..လွန်းရဲ့.မေးစေ့ကို..ခပ်ကြမ်းကြမ်းဆွဲကိုင်ရင်းနဲ့ဆိုသည်။
    ညနေစောင်းလုနေပြီဖြစ်တာကြောင့်..အပြင်မှာ အအေးဓာတ်တို့ပိုနေလေပြီ..။ထိုအချိန်.တစ်ကိုယ်လုံး.
ရေအေးတွေနဲ့.ရွဲရွဲစိုနေသည့်..လွန်းမှာ..ခိုက်ခိုက်တုန်အောင်ချမ်းနေလေပြီ...။.ငိုရလွန်းလို့..မျက်လုံး​လေးတွေလဲ.ရဲနေလေပြီ..။
   တုန်ယင်နေသည့်..နုတ်ခမ်းတွေကလည်း..ခါးသက်မိုးကို.ပြန်လည်ချေပ ပြောဆိုဖို့အတွက်.စကားလုံးများက.ပျောက်ဆုံးနေဆဲ..။
""ကိုယ်ချစ်ရတဲ့သူနဲ့..ကွေ့ကွင်းရတဲ့..ဒုက္ခ..ဘယ်လောက်ကြီးလဲဆိုတာ..ခင်ဗျား.သိရဲ့လား..ကျွန်တော်ဘဝရဲ့.အလင်းရောင်..ကျွန်တော့်ဘဝအတွက်..အရေးကြီးဆုံးလူသားကို..ကျွန်တော်ရင်ဘတ်ထဲကနေ..အစိမ်းလိုက်.ဆွဲထုတ်ပစ်လိုက်ကြတဲ့..ခင်ဗျားတို့ကို..ကျွန်တော်
အရမ်းမုန်းတယ်..
အရမ်းလဲ.ရွံ့တယ်..ကျွန်တော်.စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းခဲ့တယ်..တစ်နေ့..ခင်ဗျားတို့..ချစ်ရမဲ့သူတွေ.ပေါ်လာတဲ့အထိပေါ့...ခင်ဗျားတို့ကိုလဲ..ကျွန်တော်လို..ချစ်ရတဲ့သူနဲ့.ကွေ့ကွင်းရတဲ့ဒုက္ခကိုကောင်းကောင်းကြီးခံစားစေချင်လို့လေ.အဟက်..ကျွန်တော်.စောင့်ရကျိုးနပ်တယ်သိလား..မထင်ထားဘူး...ခဲတစ်လုံးတည်းနဲ့.ငှက်နှစ်ကောင်ပစ်မိမယ်လို့လေ...ခင်ဗျားသိပ်ချစ်ရတဲ့သူက ကိုထစ်ချုန်းမိုး.ဖြစ်ခဲ့သလို..
ကိုထစ်ချုန်းမိုး..ချစ်ရတဲ့သူကလဲ..ခင်ဗျားတဲ့လား..ကျွန်တော့်အတွက်ကတော့.သိပ်ကိုလှပတဲ့..
လက်စားခြေခြင်းမျိုး.ဖြစ်ခဲ့ရပြီလေ..ဟား..ဟား..""
ခါးသက်မိုးက မရပ်မနား ရှည်လျားစွာပြောပြီး..ရယ်မော​နေလေသည်။
     လွန်းမှာသာ..မျက်ရည်များက.မစဲ..။တသိမ့်သိမ့်ငိုရှိုက်နေမိသည်။
ခါးသက်မိုး.က.လွန်းကို.စက်ဆုပ်ဖွယ်ရာ.စိုက်ကြည့်လိုက်ပြီး.ရေချိုးခန်းထဲကနေထွက်သွားလေသည်။
      လွန်း..ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး..အသဲသန်.ငိုကြွေးနေမိသည်။
လွန်းရဲ့လက်မှာ သွေးတွေစွန်းပေနေပြီ..။လွန်းကြောင့်..အပြစ်မဲ့တဲ့လူတစ်ဦးသေဆုံးခဲ့ရတယ်. ။လွန်းကြောင့်..အထီးကျန်ဆန်ဆန် နာကျင်မှုတွေထဲကနေ လူတစ်ဦးရုန်းမထွက်နိုင်ဘဲဖြစ်နေတယ်  ။
    လွန်းကြောင့်..သူတို့တွေ..သေကွဲကွဲခဲ့ရတာ..။လွန်းကြောင့်....။လွန်း.ကိုယ့်ကိုယ်ကို..အပြစ်တင်ရင်း..နာကျင်ကြေကွဲစွာ ငိုကြွေးနေမိ၏။သူကိုယ်တိုင်..သူလက်နဲ့..လူတစ်ဦးကို.သတ်ခဲ့မိတယ်ဆိုတဲ့..အဖြစ်မှန်ကြီးက..လွန်းရဲ့စိတ်ဓာတ်တွေကို.ရိုက်ချိုးနေကြလေသည်။
💔💔💔
       ခါးသက်.ဧည့်ခန်းထဲမှာ ထိုင်ရင်း.နံရံပေါ်မှာ..ချိတ်ဆွဲထားတဲ့..Dရဲ့ပုံကို..ငေးကြည့်နေမိသည်။
အပြစ်ကင်းစင်ပြီး.ရိုးသားဖြူစင်လွန်းလှသည့်..D..။ချစ်တယ်.D..။မင်းအတွက်..ခါးလက်စားခြေ.ပေးမယ်.D.။.ခါးနဲ့Dလိုဘဲ.သူတို့လဲ..ကိုယ့်ချစ်ရတဲ့သူနဲ့မပေါင်းဖက်စေရဘူး.D..။
     သူတို့ကို.အရှင်လတ်လတ်နဲ့.ငရဲကျသလိုမျိုး.ခံစားရအောင်.ခါးလုပ်မယ်..။ အထူးသဖြင့်..Dကို.သေအောင်သတ်ခဲ့တဲ့သူကို..။ခါးလက်နဲ့.ကိုယ်တိုင်.နှိပ်စက်ပြမယ်.D..။
  ခါးသက်.လက်သီးကျစ်ကျစ်ပါအောင်.ဆုပ်ကိုင်ပြီး.စိတ်ထဲကနေ..ကြိမ်းဝါးလိုက်၏။
      နောက်မှ..ခါးသက်သတိထားလိုက်မိသည်က..လွန်း..။ရေချ်ိုးခန်းထဲကနေ..လွန်း.ထွက်မလာသေးပေ..။
ခါးသက်..ရင်ထဲအပူလှိုင်းလေးတစ်ချို့.လှုပ်ခတ်သွားလေသည်။
        အလျှင်အမြန်.ရေချိုးခန်းထဲ.သွားပြန်ကြည့်လိုက်တော့  ။
ရေချိုးခန်းထဲက..ကြမ်းပြင်ပေါ်မှာ.ခွေခွေလေးလဲနေသည့်.လွန်း..။
   စောစောက.သူ စိတ်တိုတိုနဲ့..ထိုးနှက်ထားမိသည့်..ဒဏ်ရာတွေကို ကြည့်ရင်း..ခါးသက်မိုးရင်ထဲအောင့်ခနဲ့..။
အနည်းငယ်ပြာနှမ်းနေပြီ
ဖြစ်တဲ့.နုတ်ခမ်းလေးကို.ငေးစိုက်ကြည့်ရင်း.ပါးပြင်ပေါ် ခုန်ပေါက်ပြေးဆင်လာသည့်..မျက်ရည်တစ်စ..။မကျနဲ့.။ဒင်းကြောင့်..ငါကဘာဖြစ်လို့..
မျက်ရည်ကျရမှာလဲ..။
  ခါးသက်မိုး အံ့ကိုတင်းနေအောင်ကြိတ်လိုက်ပြီး..။လွန်းကိုယ်လေးကို..ပွေ့ချီလိုက်ပြီး..သူ့အိပ်ခန်းဆီကိုခေါ်သွားလေသည်။
        ရေစိုနေသည့်အဝတ်စားတွေကို.ချွတ်ပြီး..အဝတ်သစ်တွေလဲပေးလိုက်သည်။.နောက်တော့.သူထိုးနှက်ခဲ့သည့်..ဒဏ်ရာတွေကို.ဆေးထည့်ပေးလိုက်သည်။
""မသေနဲ့ဦး..ခင်ဗျားသေလို့မဖြစ်သေးဘူး..လွန်းပုံရိပ်..ခင်ဗျားကို.သေတာထက်ဆိုးတဲ့..ဘဝမျိုးနဲ့ရှင်သန်ရအောင်..ကျွန်တော်လုပ်ဦးမှာမို့..ခင်ဗျားဘက်က.ခံနိုင်ရည်ရှိအောင်သာကြိုးစားထားပါ..""
😣😣😣
အပိုင်း🍓၁၆🍓မျှော်ပေးကြဦးမှာလား.။ကဲ..ဇာတ်ရည်လည်ကြပြီလားဟင်...။အမှန်က..ခါးသက်မိုးရဲ့targetက.လွန်းဖြစ်နေတာပါ.😣။အခုချိန်ကစပြီး..ဇာတ်လမ်းစပါပြီနော်။
           🐷ညှို့စက်ကွင်း🐷

ဝိုးတဝါးအိမ်မက်Where stories live. Discover now