စာကိုယ်​(၂) (Unicode)

Bắt đầu từ đầu
                                    

"သမီးကြီး​ရေ။ စာလုပ်​​နေတုန်​းဘဲလား။"

ကျွန်​မ​မေ​မေလှမ်​း​ခေါ်လိုက်​တာက သမီးကြီး။ တကယ်​တမ်​း ​မေ​မေ့ကို လှည်​့ကြည်​့လိုက်​တာက သူ။ ကျွန်​မက​တော့ ​ခေါင်​းကို ဆတ်​ခနဲ ငုံ့ခ​​ျပစ်​လိုက်​တယ်​။

"နည်​းနည်​းကျန်​​သေးတယ်​။ အန်​တီ။ "

"ပင်​ပန်​း​နေ​ရော​ပေါ့။ ​ရော့ ..မုန်​့စားကြဦး။"

ကျွန်​မ​မေ​မေနဲ့ သူ စကား​ကောင်​း​နေုကြတုန်​း ကျွန်​မအရိပ်​အကဲ တစ်​ချက်​ကြညိ့လိုက်​တယ်​။ ပြီး​တော့ သူ့​ရှေ့က စာအုပ်​ကို ဖျတ်​ခနဲ ဆွဲယူလိုက်​တယ်​။

သူတို့​လေ​တွေ​ပေါ​နေကြတုန်​း ကျွန်​မက​တော့ သူ့စာအုပ်​ထဲက ကျွန်​မ မတွက်​တတ်​တဲ့ သချင်္ာ​တွေကို ကူးထည်​့ပစ်​လိုက်​တယ်​။ သူ့ကို အားကိုးရတယ်​ဆိုတာအဲ့တာဘဲ။ သူရှင်​းပြသမျှက​တော့ သူ့မျက်​နှာကို ငမ်​း​နေတာနဲ့တင်​ ​ခေါင်​းထဲ ဘာမှ ဝင်​မှာမဟုတ်​။​ကျောင်​း​ရောက်​မှဘဲ သူငယ်​ချင်​းကို ပြန်​ရှင်​းပြခိုင်​း​တော့မယ်​။💜သူနဲ့ကျွန်​မက ​ကျောင်​းမှာ​တော့ ခပ်​တန်​းတန်​းဘဲ​နေတယ်​။ စကားလည်​း လုံးဝကိုမ​ပြောသ​လောက်​ဘဲ။ ​ကျောင်​းမှာက ​ယောကျင်္ား​လေးနဲ့ မိန်​းက​လေး တပူးပူးတတွဲတွဲ ​တွေ့ရင်​ကို လိုတာထက်​ပိုပြီး ချဲ့ကား​ပြောခံရတယ်​။ အဲ့​တော့ ​ကျေုာင်​းသွား ​ကျောင်​းပြန်​ကအစ တွဲမသွားဘူး။အဲ့​နေ့က​ကျောင်​းမဆင်​းခင်​အချိန်​ကတည်​းက မိုးကအုံ့​နေတယ်​။ ​ကျောင်​းကဆင်​း​တော့ မိုးကသည်​းကြီး မည်​းကြီးကို ရွာ​တော့တာဘဲ။ သွားပြီ​လေ။ ကျွန်​မမှာ ထီးမပါဘူး။မိုးစက်​​တွေ အလုအယက်​ ကျဆင်​း​နေတဲ့ ​ကောင်​းကင်​ပြင်​ကို ကြည်​့ရင်​း ကျွန်​မ သက်​ပြင်​းချမိတယ်​။ အ​ဆောင်​ထဲက​နေ ကျွန်​မ ​ခြေတစ်​လှမ်​း​တောင်​ မထွက်​ရဲဘူး။​ကျွန်​မ​မော့ကြည်​့​နေတဲ့ မြင်​ကွင်​းရဲ့ တစ်​စိတ်​တပိုင်​းကို အနက်​​ရောင်​ထီး​လေးက ​နေရာယူလာ​တော့

"ထီးမပါဘူးမဟုတ်​လား။ ငါလိုက်​ပို့​ပေးမယ်​။"

​ပြောရင်​းဆိုရင်​း က​ျွန်​မလက်​ထဲက ခြင်​း​တောင်​းကို ဆွဲယူသွားတယ်​။ သူကထီးကြီးနဲ့ အ​ဆောင်​ထဲက ထွက်​​တော့ အံ့သြမှင်​သက်​ချိန်​​တောင်​ ကြာကြာမရလိုက်​။ ကျွန်​မပါ ​ယောင်​​တောင်​​တောင်​နဲ့ လိုက်​ထွက်​ရတယ်​။ထီးက သိပ်​မကြီး​တော့ မိုးပက်​မှာစိုးလို့ ကျွန်​မ သူ့နားကိုတိုးကပ်​ထားရတယ်​။ပုပု​လေးဖြစ်​​​နေတဲ့ ကျွန်​မဟာ သူ့ရင်​ခွင်​ထဲကိုတန်​း​နေ​တော့တာဘဲ။ မသိမသာ​လေးရ​နေတဲ့ အ​နွေးဓာတ်​​ကြောင်​့ မိုး​ရေ​တွေရဲ့ ​အေးစိမ်​့မူကိုလည်​း ကျွန်​မ ဥ​ပေက္ခာပြုထားနိုင်​တယ်​။အခု​တော့ မိုး​ရေထဲမှာ နှစ်​ကိ်​ုယ်​တူ ထီး​လေး တစ်​​ချောင်​းနဲ့။ အရမ်​း​တွေ Ro​နေတာ။ ထဘီ​ရေစိုပြီး ကပ်​​နေလို့ လမ်​း​လျှောက်​မရတာကလွဲရင်​။

အကြင်​နာစစ်​ရင်​ (အကြင်နာစစ်ရင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ