Part *23*

18.9K 2.2K 210
                                    

ရွှန်းရွှန်းစားစား ပြုံးတတ်တဲ့ ကောင်ကလေးက ကျွမ်းကျွမ်းကျင်ကျင်လည်း ပြန်နမ်းတတ်ပါတယ် ။ ရိပေါ်က ဒုတိယအကြိမ် အဖြစ်နဲ့ နှုတ်ခမ်းကို သွားထိတဲ့အခါ ရှောင်းကျန့်က ရိပေါ့် နှုတ်ခမ်းကို တရှိုက်ရှိုက်မက်မက် စုပ်ယူပြီး နမ်းပါတယ် ။

ရိပေါ်ရဲ့ သောက်မိတဲ့ ဘီယာအရှိန်က ခုမှ ကြွလာသလိုပါပဲ ။ လူတစ်ကိုယ်လုံးက လေဟာနယ်ထဲမှာ လွင့်နေသလိုမျိုး ခံစားချက်က ဘယ်လိုပြောရမလဲ ။

ဒါမျိုးက အတွဲတွေမှ သိနိုင်မယ့် အရာမျိုး ။

အရာအားလုံးကို မေ့ပါတယ် ။
ရိပေါ်ရဲ့ လောကထဲမှာ ရှောင်းကျန့်နဲ့ နှစ်ဦးတည်းပဲ ရှိတယ်လို့တောင် အတွေးရောက်တယ် ။

တွဲကြမယ်ဆိုရင် ငါ့စကားကို ယုံကြည့်ပြီး နားထောင်ပေးရမယ် ဆိုတဲ့ ရှောင်းကျန့်ရဲ့ အမိန့်ဆန်ဆန် စကားကို လည်ပင်းသားလေးတွေကို နမ်းနေရင်းတန်းလန်း ရိပေါ် တဆတ်ဆတ် ခေါင်းညိတ်ပြပြီး ကျိုးနွံတယ် ။

အနမ်းတွေကို အဆက်မပြတ်ချင်ဘဲ ရိပေါ် တကယ်ကိုပဲ မွတ်သိပ်စွာနဲ့ ငံ့လင့်ပါတယ် ။

ဒီဘဝမှာတော့ ဗီလိန်လို့ သတ်မှတ်မိဖူးတဲ့ ယုန်ကလေးနဲ့ ရိပေါ်တို့ ကံကောင်းချင်တယ် ။

************

'လောင်ကုန်း လောင်ကုန်း '

'မခေါ်နဲ့ ! မခေါ်နဲ့ !! ဘာလဲ ! ဘယ်သူလဲ! ငါ မင်းကို မသိဘူး ! ဖယ်စမ်းး '

'သတိထားပါအုံး ။ ကျေးဇူးပြုပြီး ငါ့ကို မှတ်မိပေးပါအုံး ကျေးဇူးပြုပြီး ...'

'ရှောင် ... ရှောင်းကျန့် !!!'

အိပ်ရာပေါ်က ရိပေါ် အလူးအလဲ ထတယ် ။ အိပ်မက်ထဲမှာ ဝမ်ရိပေါ်က ရူးသွပ်သွားသလိုမျိုး။ အကုန်ကို ဖျက်ဆီးနေတာ ။ တစ်ခုမှ အကောင်းမရှိတော့တဲ့ အရာဝတ္ထုတွေက ဘေးပတ်ဝန်းကျင်မှာ အကုန်ပြန့်ကျဲပြီး တစ်စစီ ။
တားဆီးတဲ့ ရှောင်းကျန့်ကိုတောင် လည်ပင်းညစ်မိတဲ့အထိ ။

သို့ပေမယ့် အသက်အန္တရာယ် ထိခိုက်လာတဲ့ အချိန်မျိုးမှာတောင် ရှောင်းကျန့်ရဲ့ မျက်ဝန်းက ရိပေါ့်အတွက် နူးညံ့ပြီး မြတ်နိုးမှုတွေ ပြည့်လျှံတုန်း။

Hating You ! (completed)Where stories live. Discover now