အပိုင်း🍀၁၃🍀

Start from the beginning
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၁၃)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
       လွန်း.အသိစိတ်ကပ်လိုက်ပြီး..
အခန်းထဲကနေ ပြေးထွက်လာခဲ့၏။
""လွန်းလေး..ဘာဖြစ်လာလို့လဲ..""
လွန်းအောက်ထပ်ကို.ရောက်တော့..ဦးလေးရာပြည့်က..လွန်းကို.တအံ့တသြနဲ့ငေးကြည့်ရင်းမေးလာ၏။
""ဦးလေး ရာပြည့်..စောစောက..ခါးသက်မိုး.ထွက်သွားတာကို.တွေ့လိုက်လားဟင်..""
""ခါးသက်မိုး..ဟုတ်လား..လွန်းလေးရယ်..ဦးလေးက..သေပြီးသားလူတစ်ယောက်ကို..တွေ့စရာလား..""
"""ဟာ..စောစောက..ကျွန်တော်အခန်းထဲကနေ..သူထွက်သွားတယ်..""
"လွန်းလေး...အိမ်မက်ယောင်နေတာလား...ဦးလေးဒီနေရာမှာ..တစ်ချိန်လုံး..ရှိနေတာပါ..ဘယ်သူမှ ဖြတ်သွားတာ.မတွေ့မိပါဘူး..""
""ကျစ်..""
ဦးလေးရာပြည့်က..လွန်းကို.အထူးအဆန်းသဖွယ် စိုက်ကြည့်နေတာကြောင့်..လွန်းဘာမျှ မပြောတော့ဘဲ..ဒီအတိုင်းနုတ်ဆိတ်နေလိုက်တော့၏။
❤❤❤
        ညနေက..ခါးသက်မိုးပြောခဲ့သည့်..အကြောင်းရာများကို လွန်းစဥ်းစားနေမိ၏။ ကလဲ့စား​ချေမယ်တဲ့..။ဘယ်သူ့ကိုလဲ..။အစ်ကို့ကိုလား..။
အစ်ကိုက..သူတို့ချစ်သူနှစ်ဦးကို
.ခွဲခဲ့တယ်ဆိုပြီး..ခါးသက်မိုးက.အငြိုးထားနေခဲ့တာလား..။
အဲ့ကိစ္စက..လွန်းနဲ့မှ..မဆိုင်တာ..။
လွန်းက..အစ်ကိုရဲ့အချစ်တွေကို.ပိုင်ဆိုင်ခွင့်ရခဲ့တဲ့သူတစ်ယောက်မို့..လွန်းကိုခုတုံးလုပ်ပြီး..အစ်ကို့ကို.ခံစားရအောင်.လုပ်ချင်နေတာလား..။အဟက်..ခါးသက်မိုး..မင်းအဲ့လို.ကြံစည်ထားတယ်ဆိုရင်တော့.
ဆယ်သက် ထိုင်ပြီး.ဆုတောင်းနေလိုက်တော့..ငါ့ကို မင်းချုပ်ကိုင်ချင်တိုင်း..ချုပ်ကိုင်လို့ရလိမ့်မယ်လို့မထင်နဲ့...။
🌸🌸🌸
       ""ကျွီ...အိ..အိ..""
အခန်းတံခါး.တွန်းဖွင့်လာသံသဲ့သဲ့..။လွန်း.နားထဲကြားနေပေမဲ့..မျက်လုံးတွေက..ဖွင့်မရ..။လွန်းဆီကို လူတစ်ယောက်လာသည်..။လွန်း..မျက်လုံးတွေကို..မရမက ဖွင့်ကြည့်လိုက်သည်။လူတစ်ဦး.လွန်းရဲ့အနား.လာနေသည်ကို..လရောင်လေး.ဝိုးတဝါးအောက်မှာ.မြင်နေရသည်။
ဘယ်သူလဲ..အစ်ကိုလား...ဟု
လွန်း မေးလိုက်ပေမယ့်..။စကားသံတွေက..နုတ်ခမ်းဝကနေ..မထွက်သွားဘဲ..လည်ချောင်းထဲမှာဘဲ.ပျောက်ဆုံးသွားသည်။ တရွေ့ရွေ့နဲ့တိုးလာကာ..လွန်းကုတင်နားရောက်လို့လာခဲ့၏။သို့ပေမယ့် မျက်နှာက်ိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရ..။
       လွန်းနှာခေါင်းထဲတိုးဝင်လာသည်က.အစ်ကိုအမြဲတမ်း.သုံးနေကျ.ရေမွှေး...။ဒါဆို..အစ်ကိုပေါ့..။
ဒီအချိန်ကြီး..လွန်းအခန်းထဲ..အစ်ကို.ဘာလာလုပ်တာလဲမသိ..။လွန်းအတွေးတွေမဆုံးသေးခင်..လွန်း..နုတ်ခမ်းတွေကို..သိမ်းပိုက်နေသောသူ..။အင်း..အစ်ကို..အရမ်းဆိုးတာဘဲ...။.လွန်း..အစ်ကို ရင်ဘတ်ကိုတွန်းထုတ်လိုက်ပြီး..ကုတင်ပေါ်ကနေ ထထိုင်ဖို့ကြိုးစားလိုက်၏။
       သို့ပေမယ့်..အစ်ကိုက.လွန်းကိုယ်လေးကို.ကုတင်ပေါ် တွန်းလှဲပြီး...အနမ်းတွေကိုပြန်လည်ပြီး ခရီးဆက်နေပြန်၏။ အစ်ကိုရဲ့အနမ်းတွေအောက်မှာ..လွန်းလုံးဝကို နိုးထလို့သွားလေပြီ...။အလိုက်သင့်လေး.အစ်ကိုရဲ့အနမ်းတွေကို.တုန့်ပြန်လိုက်သည်။
""အဟက်.ကိုလွန်းပုံရိပ်..ခင်ဗျားကိုယ့်ချစ်သူနဲ့တခြား.ယောကျ်ားတစ်ဦးကိုတောင်.မခွဲခြားနိုင်တော့ပါလား...""
ရုတ်တရက်ထွက်ပေါ်လာသည့်အသံက..အစ်ကိုရဲ့အသံမဟုတ်..။
""ဘာ..""
ခါးသက်မိုး...။လွန်း.ထိတ်လန့်တုန်လှုပ်သွားပြီး...ခါးသက်မိုး.ကိုယ်ကို.တွန်းထုတ်ပစ်လိုက်ပြီး..။အခန်းမီးများကို.လျှင်မြန်စွာ.ဖွင့်လိုက်သည်။
ခါးသက်မိုးက လွန်းကို ကြည့်ရင်း..
ခပ်ရွဲ့ရွဲ့လေးပြုံးလိုက်သည်။
""မင်း..မင်းဘယ်လိုဖြစ်ပြီး..ငါ့အခန်းထဲရောက်လာတာလဲ..""
လွန်း.အမေးကို.ခါးသက်မိုးပြန်မဖြေ..။လွန်းကိုစူးရဲစွာ စိုက်ကြည့်ပြီး..သူ့ရဲ့အောက်နုတ်ခမ်းကို..လျှာနဲ့သပ်လိုက်ပြီး
""ခင်ဗျားကြည့်ရတာ.ကျွန်တော်ရဲ့အနမ်းတွေကို.စွဲလမ်းနေတဲ့ပုံ​ဘဲနော်..
နောက်ပြီး..မစိုးပါဘူး..ဒီနေ့ ခင်ဗျား.ရဲ့တုန့်ပြန်အနမ်းတွေက..
နည်းနည်းလေးတော့..အရသာရှိနေသလို...""
ခါးသက်မိုး၏စကားတွေကြောင့်..လွန်း.ဒေါသတွေ အလိပ်လိုက်ထွက်သွားလေတော့သည်။
"""တောက်...အယုတ်တမာကောင်..""
လွန်း..အနားက.ခေါင်းအုံးနဲ့.ခါးသက်မိုးကို.ထုလိုက်သည်။ခါးသက်မိုးက.ကိုယ်ကို.တစ်ဘက်သို့ယိမ်းလိုက်ပြီး.ရှောင်သည်။
      လွန်း.အရမ်းကိုဒေါသထွက်သွားပြီး.ကုတင်ဘေးနားက.မှန်တင်ခုံပေါ်တွင်တင်ထားသည့်..ပန်းအိုးနဲ့.လှမ်းပေါက်လေသည်။
""ခွမ်း..""
ပန်းအိုးနဲ့ကြမ်းပြင်ထိသံက.ကျယ်လောင်စွာ.ထွက်ပေါ်လို့သွားလေသည်။ခါးသက်မိုးကတော့..အရှောင်တိမ်းကောင်းသူပီပီ.ရှောင်လိုက်တာကြောင့်.သူကိုတော့မထိလိုက်.။
ပန်းအိုးကွဲသံကြောင့်..ကပ်ရပ်အခန်းမှာရှိနေသည့်.ထစ်ချုန်း.လန့်နိုးသွားလေသည်။
""လွန်း...လွန်း..ဘာဖြစ်နေတာလဲ..""
ဟုမေးလာသည့်အစ်ကိုရဲ့အသံကြောင့်..လွန်းအားတက်သွားလေသည်။
""အစ်ကို..လွန်းအခန်းထဲမှာ..လူတစ်ယောက်ရောက်နေလို့..""
လွန်း.လှမ်းအော်လိုက်သည့်အချိန်..ခါးသက်မိုးက.ပြတင်းပေါက်ဆီကို.အလျှင်မြန်ပြေးသွားသည်။ထိုနောက်.ပြတင်းပေါက်ကနေ.လွှားခနဲ့.အောက်ကို..ယီးလေးခိုပြီးကြောင်တစ်ကောင်လို..ကျွမ်းကျင်စွာနဲ့..ခုန်ဆင်းသွားလေတော့သည်။
      အဖြစ်ပျက်မြန်ဆန်လွန်းလှသည်။
လွန်း.ကြောင်ပြီးငေးကြည့်နေရုံကလွဲပြီး.တခြား ဘာမျှ မတတ်နိုင်ခဲ့ပါ..။
""လွန်း..လွန်း.ဘာဖြစ်သေးလဲ..""
""အစ်ကို..ကြမ်းပြင်ပေါ်မှာ..ပန်းအိုးကွဲတွေ.ရှိတယ်..""
စိုးရိပ်တကြီးနဲ့အခန်းထဲကို.ပြေးဝင်လာသည့်..အစ်ကို့ကို.လွန်းထိတ်လန့်တကြား.သတိပေးလိုက်ရသည်။
ထိုအခါမှ..ထစ်ချုန်း.သတိကြီးစွာနဲ့.ပန်းအိုးအကွဲတွေကို.ရှောင်ကွင်းပြီး.လွန်းဆီကို..ပြေးလာခဲ့လေသည်။
""အဲ့ကောင်..ဘယ်မှာလဲ..လွန်းအခန်းကို..ဝင်လာတဲ့ကောင်...""
""သူ.ပြတင်းပေါက်ကနေ ခုန်ဆင်းပြီး.ပြေးသွားပြီအစ်ကို..""
ထစ်ချုန်း..ပြတင်းပေါက်ကနေ.အောက်ကို.ငုံ့ကြည့်လိုက်တော့..ပန်းပင်တွေကြားပြေးဝင်သွားသည့်..လူရိပ်တစ်ခု..။
တောက်...ဘိုးဘိုး..ပြောတော့..လွန်းကို..လက်ဖျားနဲ့တောင်ထိဖို့ မကြိုစားပါဘူးဆို..အခုတော့..လူလွှတ်ပြီး.လွန်းကိုခြောက်လန့်ဖို့.ကြိုးစားနေတယ်ပေါ့လေ. ။ထစ်ချုန်း..အတွေးတွေနဲ့အတူ..လက်သီးကို.ကျစ်ကျစ်ပါဆုပ်လိုက်သည်။
""လွန်း..အရမ်းကြီးလန့်သွားလား..ဘယ်နား.ထိခိုက်သွားသေးလဲ..""
ထစ်ချုန်း..လွန်းရဲ့ကိုယ်လေးကို.ရင်ခွင်ထဲဆွဲသွင်းပြီး..ဖက်ထားလိုက်သည်။ဖြစ်နိုင်ရင်..လွန်းကို.သူ့ရင်ခွင်ထဲမှာဘဲ.ထည့်ထား​ချင်နေမိတော့၏။
""အစ်ကို..လွန်း.ဘာမှမဖြစ်ပါဘူး..ဒါပေမယ့်.လွန်း..အစ်ကို့ကို.
အရေးတကြီး.ပြောပြ
ဖို့ကိစ္စတစ်ခုရှိနေပြီ.""
ထစ်ချုန်း.လွန်းကိုယ်လေးကို..ဖက်ရင်းနဲ့ဘဲ..ကုတင်ပေါ်.နှစ်ယောက်အတူ.ထိုင်လိုက်သည်။
      လွန်းလဲ..အစ်ကို့ကို..ခါးသက်မိုး၏အကြောင့်များကို..တစ်ခုမကျန်.ပြောပြလိုက်၏။.
""ဘာ..လွန်းပြောနေတာတွေက အမှန်တွေဘဲလား..""
""ဟုတ်..ဒီမှာလေ..အစ်ကို.ဟိုတ​လောလေးက..ဦးရာပြည့်ကိုပြခိုင်းလိုက်တဲ့.ခါးသက်မိုးရဲ့ပုံ...လွန်းနဲ့အပြင်မှာတွေ့နေရတဲ့သူက...သူဘဲ..အစ်ကို.""
လွန်း..သိမ်းထားတဲ့သည့်.ခါးသက်မိုးရဲ့ပုံကို.ထုတ်ပြရင်းပြောလိုက်သည်။ထစ်ချုန်း..လွန်း​ပေးလာသည့်.ဓာတ်ပုံကို.စူးစိုက်ကြည့်ရင်း..
"ဒါ..ခါးသက်မိုးရဲ့ပုံဆိုတာ.ဟုတ်တယ်..ဒါပေမယ့်..အစ်ကိုဘယ်တုန်းကမှ..ဦးလေးရာပြည့်ကို..သူ့ရဲ့ပုံတွေကို.လွန်းကို.ပြဖို့အတွက်.မပြောခဲ့ဖူးဘူး..""
ထစ်ချုန်း.တွေးတွေးဆဆလေးနဲ့ဆိုလိုက်သည်။
""တကယ်လို့.ခါးသက်မိုးသာ.လွန်းပြောသလို.မသေသေးဘူးဆိုရင်..ဦးလေးရာပြည့်လဲ..အဲ့ဒီအကြောင်းကို.သိထားမှာဘဲ.ဖြစ်နိုင်တာကတော့.အဲ့ကောင်ကို..ဦးလေးရာပြည့်..အကာကွယ်ပေးထားတာဘဲ.ဖြစ်ရမယ်..""
ထစ်ချုန်းမိုး.ခိုင်မာစွာဆိုလိုက်ပြီး.လွန်းကိုယ်လေးကို..တင်းကြပ်နေအောင်ဖက်ထားလိုက်တော့သည်။
❤❤❤
      ""ဘယ်လို...သခင်လေးရယ်..ဦးလေး.ကျိန်ဆိုရင်.ကျိန်ရဲပါတယ်..
ဦးလေး..ဘယ်တုန်းကမှ..လွန်းလေးကို..ခါးသက်မိုးရဲ့ဓာတ်ပုံတွေ ပြလည်းမပြဖူးပါဘူး..ပေးလဲမပေးဖူးပါဘူးကွယ်.."
""ဟင်..""
လွန်း ရှေ့ရှေ့တည့်တည့်မှာ..​ဗြောင်လိမ်နေသည့်..ဦလေးရာပြည့်ကြောင့်.လွန်း..အံ့သြလွန်းလို့..မျက်လုံးအပြူးသားဖြစ်နေရလေသည်။
""ဦးလေးရာပြည့်..လူကြီးဖြစ်ပြီးတော့..ဘာဖြစ်လို့လိမ်ပြောနေရတာလဲ..အဲ့ဒီနေ့က..အစ်ကိုကပြခိုင်းလို့ဆိုပြီး..လွန်းကို.ခါးသက်မိုးရဲ့ဓာတ်ပုံတွေ.ယူလာပြတယ်လေ..""
""လွန်းလေး..အမှတ်မှားနေတာ.ဖြစ်မှာပါ..ဦးလေး..လွန်းလေးကို.ဘယ်တုန်းကမှ.ဘာဓာတ်ပုံမှ..မပြဖူးပါဘူး..""
""မဟုတ်ဘူး..အစ်ကို..သူလိမ်နေတာ..အဲ့နေ့က..ဦးလေးရာ​ပြ​ည့်..ခါးသက်မိုးရဲ့ဓာတ်ပုံတွေ.လွန်းကိုပြခဲ့တာအမှန်ပါ..သူ..မပြခဲ့လို့ရှိရင်..လွန်းဆီမှာ.ဘယ်လိုလုပ်ပြီး..ခါးသက်မိုးရဲ့ဓာတ်ပုံတွေရှိနေမှာလဲ..""
လွန်းက.အသည်းသန်နဲ့.ဖြေရှင်းချက်ထုတ်နေသလောက်..ဦးလေးရာပြည့်၏ပုံစံကတော့..အရမ်းကိုတည်ငြိမ်လို့နေ၏။
     ""သခင်လေးကို.ဟိုတလောလေး.ပြောခဲ့ဖူးတာရှိပါတယ်..သူ့ကိုမေးကြည့်လိုက်ပါဦး..ခါးသက်မိုးနဲ့ဘယ်မှာဆုံတွေ့ခဲ့လဲဆိုတာကို..""
ဦးလေးရာပြည့်က.လေပြေအေးလေးနဲ့ဆိုသည်။ထစ်ချုန်း..လွန်းကို.စိုက်ကြည့်လိုက်ပြီး.
""လွန်း..ခါးသက်မိုးနဲ့ ဆုံတွေ့ခဲ့တာ ဘယ်နေရာမှာလဲဟင်..""
""ဧကရာဇ်ပန်းပင်တွေကြားထဲမှာပါ..အစ်ကို..""
လွန်းပြန်ဖြေလိုက်တော့..
အစ်ကို.မျက်နှာ.ကွက်ခနဲ့.ပျက်သွားလေသည်။
""သခင်လေးကို..ဦးလေးအစောကြီးကတည်းက..သတိပေးထားပြီးသားပါနော်.လွန်းလေး.တစ်ယောက်တည်း..
ပန်းပင်တွေကြားမှာ.စကားပြောနေတာကို..ဦးလေး.တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကို..""
"ဘာ..""
ဦးလေးရာပြည့်စကားကြောင့်..လွန်း..နုတ်တို့ဆွံ့အကုန်၏။
""နောက်ပြီးလေ..သခင်လေး..ဒီ.ဒိုင်ယာရီစာအုပ်လေးကိုလဲ..လွန်းလေးရဲ့အခန်းထဲမှာ..အန်တီသက်.ရှာတွေ့လာခဲ့တယ်..""
အန်တီသက်က.ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကို..အစ်ကိုဆီ.ထိုးပေးရင်း.ပြောလာပြန်၏။
""ဒိုင်ယာရီစာအုပ်..""
လွန်း..ရေရွတ်လိုက်ပြီး..အစ်ကိုလက်ထဲက..စာအုပ်လေးဆီ.အကြည့်ရောက်သွားသည်။
    ထစ်ချုန်း..စာအုပ်လေးကို.ဖတ်ကြည့်လိုက်တော့..မျက်နှာတစ်လုံးတင်းမာသွားလေသည်။လွန်း.အစ်ကိုလက်ထဲက.စာအုပ်လေးကို.ယူပြီး.ပြီး.ဖတ်ကြည့်လိုက်တော့..ခါးသက်မိုး..လွန်းကိုပြောပြခဲ့သည့်အကြောင်းရာများနဲ့ပြည့်နှက်လေသည်။
""ဟင့်အင်း..လွန်း.ဒီစာအုပ်ကို..မမြင်ဖူးဘူးနော်...အခုမှ..အန်တီသက်ပြလိို့..လွန်းတွေ့ဖူးတာပါ.အစ်ကို..""
လွန်း..အလန့်တကြားနဲ့ပြောလိုက်တော့. 
""လွန်းပုံရိပ်..မင်းရဲ့စိတ်ကို.ထိန်းပါဦးကွာ...""
ထစ်ချုန်း..လွန်းရဲ့ပုခုံးနှစ်ဘက်ကို.ဆုပ်ကိုင်ရင်းပြောလာသည်။
""ဦးလေး..လွန်း​လေးကို..စိုးရိမ်လာလို့..လွန်းလေးရဲ့.နောက်ကြောင်းရာဇဝင်ကို.စုံစမ်းခဲ့မိတယ်  ​လွန်ခဲ့တဲ့.၄နှစ်လောက်တုန်းက.လွန်းလေး.ကြုံတွေ့ခဲ့ရတဲ့..ကားအက်စီးဒန့်ကြောင့်...လွန်းရဲ့စိတ်ကျန်းမာရေး.ထိခိုက်ခဲ့ဖူးတယ်တဲ့..""
ဦးလေးရာပြည့်စကားကြောင့်..လွန်း..တစ်ကိုယ်လုံး.တဆတ်ဆတ်တုန်ယင်နေမိသည်။
လွန်း..ထောင်ခြောက်ဆင်ခံရတာလား..။ဦးလေးရာပြည့်နဲ့အန်တီသက်နဲ့က..လွန်းကို..ဘာဖြစ်လို့ ချောက်တွန်းနေရတာလဲ..။
""လွန်း..စိတ်ကို..အေးအေးထားနော်..
လွန်းအခုရက်ပိုင်း..ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းရာတွေက..တကယ်အဖြစ်ပျက်မဟုတ်ဘူး..လွန်းဘာသာ..စိတ်ကူးနဲ့ပုံဖော်နေတဲ့အကြောင်းရာတွေဘဲ..""
ထစ်ချုန်းစကားများကြောင့်..လွန်း.ပိုပြီးအံ့အားသင့်သွားရသလို..ရင်ထဲ၌လဲ..ဝမ်းနည်းလို့သွားလေသည်။
""အစ်ကိုက..လွန်းကိုရူးနေပြီလို့..ထင်နေတာလား..လွန်းကို.အစ်ကိုက..မယုံကြည်တော့ဘူးဆိုတဲ့.သဘောလား.
ခါးသက်မိုး..သူလုံးဝမသေသေးဘူး..အပြင်လောကမှာ..အသက်ရှင်လျှက်ရှိနေသေးတယ်..အဲ့ကိစ္စကို..ဦးလေးရာပြည့်နဲ့အန်တီသက်..သူတို့လဲသိတယ်..သူတို့က..ခါးသက်မိုးကို.ကာကွယ်ပေးနေကြတာ.""
""လွန်း...လွန်း..စိတ်ကိုထိန်းပါဦး.""
""ဟင့်အင်း..လွန်းကို..အားလုံးက.ရူးနေပြီလို့..ထင်နေကြတာလေ..လွန်းက.ဘယ်လိုဖြစ်ပြီး..စိတ်အေးအေးကိုထားနိုင်မှာလဲ..ခါးသက်မိုး..မင်းထွက်လာခဲ့...""
လွန်း..အသိစိတ်လွတ်သွားသည့်.လူတစ်ဦးလို..ခြံထဲပြေးဆင်းသွားမိသည်။ပန်းပင်တွေကြားကနေ
""ခါးသက်မိုး...မင်းထွက်လာခဲ့လေ..မင်းယောကျ်ားမဟုတ်ဘူးလား..ဟမ်. ထွက်လာခဲ့...မင်းထွက်လာခဲ့..."
လွန်းအသံကုန်...အော်ဟစ်နေမိသည်။လွန်းကို.ကြည့်ရင်း.ထစ်ချုန်း.ပါးပြင်ပေါ် မျက်ရည်များကစီးကျလို့လာခဲ့သည်။
""အစ်ကို..ယုံပါတယ်..လွန်းရယ်..အစ်ကိုယုံပါတယ်ကွယ်.""
ထစ်ချုန်း..လွန်းကိုယ်လေးကို ဖက်ရင်းဆိုလိုက်သည်။
""လွန်းပြောနေတာတွေက..တကယ်အမှန်တွေပါ..အစ်ကို.လွန်းကို..ယုံပေးပါ..""
""ယုံပါတယ်..အစ်ကိုယုံပါတယ်..လွန်းလေးရယ်..စိတ်ကိုအေးအေး​ထားနော်.."
ထစ်ချုန်း..လွန်းကိုယ်လေးကို..တင်းကြပ်နေအောင်..ဖက်ထားပြီး.အသံတိတ်ငိုကြွေးနေမိတော့၏။
❤❤❤
အပိုင်း❤၁၄❤မျှော်ပေးကြပါဦးနော်.။ဦးကစာရေးတာညံ့တော့..ဖတ်လို့မကောင်းရင်လဲ.သည်းခံပေးကြပါနော်..။
            🍉ညှို့စက်ကွင်း🍉

ဝိုးတဝါးအိမ်မက်Where stories live. Discover now