အပိုင်း🍀၁၀🍀

Start from the beginning
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၁၀)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
           သစ်ရွက်အချင်းချင်း ထိမိ၍
တရှဲရှဲ.မြည်သံ သဲ့သဲ့..။ နှာဝထဲ တိုးဝင်လာကြသည့်  ဧကရာဇ်ပန်းရနံ့များ.ကြားမှာ တည်ငြိမ်သည့်အသံနှင့်..ရင်ဖွင့်နေသော.ခါးသက်..။
ခါးသက်ပြောသမျှကို မမှိတ်မသုန်နဲ့.ငေးစိုက်ကြည့်ရင်း..စိတ်ဝင်တစားနားထောင်နေရှာသည့်.လွန်း...။
ခါးသက် အမေ ဆုံးသွားပြီးနောက်ပိုင်း..ခါးသက်၏ဘဝက ပို​ပြီး
အထီးကျန်ဆန်လာခဲ့လေသည်။
       ခါးသက်အဖေက..ခါးသက်ကို ဒီစံအိမ်ကြီးထဲမှာ မနေခိုင်းတော့ဘဲ..။အစ်ကိုထစ်ချုန်းနဲ့ ရင်းနှီးမှု ရအောင်..မြို့ပေါ်က အိမ်မှာဘဲ ခေါ်ထားခဲ့လေသည်။ နဂိုကမှ..ခါးသက်ကို..အလိုလို နေရင်းမုန်းတီးနေခဲ့သည့်..အစ်ကိုထစ်ချုန်းက..ခါးသက်ကို.အသိမှတ်မပြုခဲ့ပေ...။ အစ်ကိုထစ်ချုန်းကရော..အဘိုးဖြစ်သူကပါ ခါးသက်ကို မျက်နှာမပေးခဲ့ကြတာကြောင့်..အိမ်က အလုပ်သမားတွေကပါ.ခါးသက်ကို.လစ်ရင်လစ်သလို.အနိုင့်ကျင့်ကြလေသည်။
       တစ်ယောက်တည်း.အထီးကျန်ဆန်နေရှာသည့်.ခါးသက်ကို.ဖခင်က.ပိုပြီး.ဂရုစိုက်ပေးချင်သော်လည်း..လုပ်ငန်းတစ်ဘက်နှင့်မို့..သိပ်ပြီး ဂရုမစိုက်နိုင်ခဲ့ပေ..။
ခါးသက်အနေနဲ့.မိခင်မရှိတော့တဲ့နောက်ပိုင်း..လူအများ၏လျစ်လျူရှု့မှုတွေ..။ အလေးပေးအဆက်ဆံမခံရခြင်းတွေအပေါ်မှာ.ထွေထွေထူးထူး လိုက်ပြီး.ခံစားမနေတော့ဘဲ..။တစ်ယောက်တည်း..တသီးတခြား.နေထိုင်တတ်လာခဲ့၏။.အမြဲတမ်း..လူတွေနဲ့ရောနှောမနေဘဲ..
တစ်ယောက်တည်း..နေတတ်သည့်..ခါးသက်.။ကျောင်းမှာပါ.အတန်းကြီးသမားတွေ၏.အနိုင်ကျင့် ဗိုလ်ကျခြင်းပါ ခံလာခဲ့ရလေသည်။
     သူ့အတွက်ကတော့ နေ့စဥ် မရိုးအီနိုင်တဲ့.သံဇဥ်တစ်ပုဒ်လို..။အများမြင်မှာ.ရိုင်းဆိုင်းသည်...။  ယဥ်ကျေးမှုမရှိသည့် လူငယ်တစ်ဦး..။ ခါးသက် အတွက်ကတော့ မထူးတော့ပါဘူး..။
       တစ်ပတ်မှာတစ်ခါတောင်..တွေ့ရဖို့.ခဲယဥ်းလှတဲ့.ဖခင်၏အပြုံးတွေ..။
တစ်လမှာ.၅ရက်လောက်လေးဘဲ.ဆုံတွေ့ရတယ်ဆိုပေမယ့်.ဖခင်နဲ့ အတူရှိနေရတဲ့အချိန်တွေကို ခါးသက်တန်ဖိုးထားသည်။ ဒီကမ္ဘာပေါ်မှာ မိမိရဲ့ဖြစ်တည်မှုကို..အသိမှတ်ပြုပေးတဲ့သူက.ဖခင်တစ်ဦးဘဲရှိတော့တာလေ..။
       သို့ပေမယ့်..မမျှော်လင့်ဘဲ..မှောင်မိုက်နေတဲ့ ခါးသက်ဘဝထဲကို.ဝင်ရောက်လာခဲ့ပါသော.လူတစ်ဦး..။
🌸🌸🌸
""ကျွန်တော်..၇တန်းနှစ်မှာ..ကျွန်တော်တို့အခန်းကို ကျောင်းသားသစ်တစ်ဦး..​ရောက်လာခဲ့တယ်..။သူနာမည်က..ဒီလင်းသာ..တဲ့..။ဒီလင်းက..ကျွန်တော်ဘေးနားမှာ ထိုင်ဖို့..အကြောင်းဖန်လာခဲ့တယ်..။ကျွန်တော်နဲ့အတူ..ဘယ်သူကမှ မထိုင်ချင်ခဲ့ဘူး..။ဒါပေမယ့်..သူကျွန်တော်ဘေးနားမှာ.နေဖို့ ရွေးချယ်ခဲ့တယ်လေ...""
လွန်း..သက်ပြင်းလေး အသာရှိုက်လိုက်ရင်း..အနည်းငယ်စိတ်အေးသွားမိ၏။.သူ​တစ်လျောက်လုံး ခါးသက် အထီးဆန်​စွာနေထိုင်လာခဲ့ရတဲ့ အကြောင်းတွေကို ချည်းဘဲ နားထောင်နေရတာမဟုတ်ပါလား..။
     ခါးသက် ပြောတဲ့ ဒီလင်းသာ.ဆိုတဲ့သူက..ခါးသက်အတွက် အရေးပါတဲ့သူတစ်ဦးဖြစ်မှာမလွဲ..။ဒီလင်း ဆိုတဲ့ အမည်နာမ လေးကိုပြောလိုက်တိုင်း.ခါးသက်မျက်ဝန်းလေးတွေ​က တောက်ပ သွားလျှက်..။
""ဒီလင်းက..အရမ်းကို ချစ်စရာကောင်းတဲ့သူလေ..။အမြဲတမ်း..ရယ်ပြုံးနေတတ်တယ်.။
စိတ်သဘောထားလဲ အရမ်းဖြူစင်လွန်းတော့..လူချစ်လူခင်လဲ အရမ်းပေါများတယ်..။ ကျွန်တော်အနားမှာ ကပ်ပြီး..ကျွန်တော်ရဲ့ခင်မင်မှုကိုရအောင်..သူလုပ်ခဲ့တယ်..။.ကျွန်တော် သူ့အပေါ်မှာ မကောင်းခဲ့ဘူး...။ ပြစ်ပြစ်ခါခါ ပြောဆိုခဲ့တာတောင်မှ.သူအပြုံးမပျက်ခဲ့ဘူး..။သူ့ရင်ထဲက.
မေတ္တာ​တရားတွေက စစ်လို့လားတော့မသိ..။နောက်ပိုင်း..ကျွန်တော် သူရဲ့အပြုံးလေးတွေကို တပ်မက် လာခဲ့တယ်..။သူနဲ့ အတူရှ်ိနေရတဲ့ အချိန်တွေကို..မြတ်နိုးတန်ဖိုးထားတတ်လာခဲ့တယ်..။ကျွန်တော် ဘေးနားမှာ သူမရှိရင်..တစ်ခုခုလိုနေသလိုမျိုး..။
သူကျောင်းမတက်တဲ့ရက်တွေဆိုရင်..ကျွန်တော်အတွက်.အဲ့နေ့က..မပြည့်စုံတော့သလိုမျိုး..ခံစားလာခဲ့ရတယ်...""
ဒီလင်းသာ အကြောင်းကို ပြောပြနေတဲ့ ခါးသက်ရဲ့မျက်နှာက..ပြုံးရွှင်နေလေသည်။ မျက်ဝန်းလေးတွေက တောက်ပနေသလို..။အပြုံးလေးတွေကလဲ အသက်ဝင်နေလေသည်။
""ကိုလွန်း...တကယ်လို့လေ..ကျွန်တော်က..ယောကျ်ားလေးတစ်ဦးကို...နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ဖူးတယ်လို့.ပြောရင်..ကျွန်တော့်ကို..အထင်သေးသွားမှာလားဟင်..""
လွန်းကို စူးရဲစွာ​စိုက်ကြည့်ရင်းနဲ့မေးလာသည်။
""ဟင့်အင်း...ငါအထင်သေးပါဘူး..""
"တကယ်လား..တကယ်ပြောနေတာလား..ကိုလွန်း..""
""အင်း..တကယ်ပေါ့..ယောကျ်ားလေးတစ်ဦးက.ယောကျ်ားတစ်ဦးကို.မချစ်ရဘူးလို့မှ..သတ်မှတ်ထားတာမှ မရှိတာ..""
လွန်း..အပြုံးလေးနဲ့ဆိုလိုက်တော့..ခါးသက်.စိတ်အေးသွားသည့်ပုံ..။
""ဟုတ်..ကျေးဇူးပါ..ကိုလွန်း..ကျွန်တော်..ဒီလင်းသာ.ကို.
သူငယ်ချင်းထက်ပိုတဲ့ အချစ်တွေနဲ့ချစ်ခဲ့မိတယ်. .ဒီကမ္ဘာပေါ်မှာ မေမေနဲ့ဖေဖေပြီးရင်..ဒီလင်းသာ.
က.ကျွန်တော်အတွက်.အရေးကြီးဆုံး လူတစ်ဦးလေ...။ သူနဲ့အတူရှိနေရရင်..ကျွန်တော်ပျော်တယ်..။ကျွန်တော်ဘေးနားမှာ သူရှ်ိနေပေးရင်.ကျွန်တော်အတွက် အရာအားလုံးပြီးပြည့်စုံသွားသလိုမျိုး ခံစားရတယ်.။ ကျွန်တော် သူ့ကို အရမ်းချစ်ခဲ့တယ်..""
လေးနက်စွာနဲ့ ပြောနေသည့်.​ခါးသက်မိုး၏ စကားသံတွေက..သူ.ဒီလင်းသာကို အရမ်းချစ်ကြောင်း.ပေါ်လွင်နေ၏။
""ဒီလင်းသာနဲ့ ကျွန်တော်..သူငယ်ချင်းအဆင့်ထက် ​ပိုပြီး  ချစ်သူတွေဖြစ်လာခဲ့ကြတယ်  ။သူနဲ့ရှိနေရင်. ကျွန်​တော်အရမ်းပျော်တယ်  ။ သူနဲ့ချစ်နေခဲ့ရတဲ့အချိန်တွေက..ကျွန်တော်အတွက်..
အရမ်း အဓိပ္ပာယ် ရှိခဲ့တယ်.""
ခါးသက် ပြုံးနေရင်း.မျက်နှာလေး.ညှိုးငယ်သွားပြန်၏။
""ဒီလင်း နဲ့ ကျွန်တော်ချစ်သူဖြစ်နေတယ်ဆိုတာကို.အစ်ကိုကြီး.သိသွားခဲ့တယ်..သူ..ကျွန်တော့်တို့ကို လှောင်ပြောင်ခဲ့တယ်.ရှုံ့ချခဲ့တယ်.။
အထင်သေးခဲ့တယ်.."
""ဟင်.."
အစ်ကိုက..​ခါးသက်ကို..ယောကျ်ားချင်းချစ်တယ်ဆိုပြီး..အထင်သေးခဲ့တယ်..။ရှုံ့ချခဲ့တယ်.တဲ့လား.။လွန်း အတွေးတွေနဲ့အတူ.ရင်ထဲမှာ.ဗလောင်ဆူသွားခဲ့၏။
""တကယ်ပြောနေတာပါ  ကိုလွန်း..
.အစ်ကိုကြီးက..ကျွန်တော်နဲ့ဒီလင်းကို..ရွံ့မုန်းခဲ့တယ်..။နောက်ပြီး..ကျွန်တော်တို့အကြောင်းကို..အဘိုးဆီမှာတိုင်ပြောခဲ့တယ်..။
ကျွန်တော်တို့နှစ်ယောက်အကြောင်းကို..အဘိုးသိသွားတော့
..ခါးခါးသီးသီးနဲ့ကို..ကန့်ကွက်တော့တာပေါ့..မရရတဲ့နည်းနဲ့..ကျွန်တော်နဲ့.ဒီလင်းကို.သူတို့တွေ..ခွဲခဲ့ကြတယ်.
အရမ်းကိုမြင့်မြတ်လွန်းလှတဲ့ သူတို့ရဲ့ မျိုးရိုးဂုဏ်ကို အစွန်းထင်းမခံနိုင်ဘူးဆိုပြီး..ခွဲခဲ့ကြတယ်လေ..သူတို့ကြောင့်...ကျွန်တော်နဲ့ ဒီလင်း.ကွဲကွာသွားခဲ့တာ.အခုဆိုရင်.၄နှစ်တောင်ပြည့်တော့မယ်..ကိုလွန်းရယ်..ကျွန်တော်..ဒီလင်းကို.နေ့တိုင်းသတိရ​တယ်..။သူ့ကိုလွမ်းတယ်..""
ခါးသက်မျက်ဝန်းတွေမှာ အလွမ်းဓာတ်တွေနဲ့ ပြည့်နှက်လို့နေ၏။
""ဒီလင်းကလေ..ကိုလွန်းနဲ့ အရမ်းတူတယ်..သိလား..ကိုလွန်းကို..စတွေ့လိုက်ရတုန်းက..ဒီလင်းမှတ်ပြီး..ကျွန်တော်.ပျော်သွားခဲ့သေးတယ်  .""
လွန်း ဘာပြန်ပြောရမလဲ မသိတော့..။ဒီအတိုင်း နုတ်ဆိတ်နေမိခဲ့၏။
""ကိုလွန်း.ပြတင်းဝမှာ.ရပ်နေတာကို.အဝေးက လှမ်းကြည့်လိုက်ရင်..
လုံးဝကို ဒီလင်းနဲ့တူနေခဲ့လို့..ကိုလွန်းကို.ကျွန်တော်.တောင်းဆိုခဲ့တာပါ..
Sorryပါနော်..ကိုလွန်းကို..ဒီလင်းနေရာမှာ.အစားထိုးဖို့.ကျွန်တော်ကြိုးစားနေတာမဟုတ်ပါဘူး..ကျွန်တော်သူ့ကို.အရမ်းလွမ်းနေလို့..ကိုလွန်းကို.ခဏတာ.ဒီလင်းအဖြစ်နဲ့..မြင်ယောင်ပြီး. ကျွန်တော်ရင်ထဲ အလွမ်းမီးတွေကို.ငြိမ်းသတ်ဖို့ကြိုးစားခဲ့တာပါ.""
လွန်း..သက်ပြင်းကို.ခပ်ဖွဖွလေး.ချလိုက်သည်။.လွန်းသိရသလောက်ကတော့..ပြီးခဲ့တဲ့ ၂နှစ်လောက်က..အစ်ကိုရဲ့အဖေ..ဦးဝဠာမိုး.ဆုံးပါးသွားခဲ့ပြီးဖြစ်သည်။ ဒါဆိုရင်.ခါးသက်ဘဝက..အရမ်းကိုသနားစရာကောင်းနေပြီ.မဟုတ်ပါလား..။သူအလေးထားခဲ့ရတဲ့သူတွေ..။သူချစ်ရတဲ့သူတွေ..။တစ်ယောက်မှ.သူအနားမှာ.မရှိကြတော့ဘူး..။
     လွန်း..သူ့ကိုသနားလွန်းလို့..။သူကိုယ်လေးကို..ဖက်ပြီး.ဖြေသိမ့်.ပေးလိုက်သည်။
""သြော်..ပြောဖို့ မေ့နေတာ တစ်ခုရှိတယ်..ကိုလွန်း..""
""အင်း.ပြောလေ..""
""မနက်ဖြန်..နိုဝင်လာလ ၂ရက်နေ့..
အစ်ကိုကြီးအမေ ဆုံးတာ..၂၃နှစ်ပြည့်ပြီ...မနက်ဖြန်ကျရင်..အစ်ကိုကြီးနားမှာ..ကိုလွန်း..ရှိနေပေးပြီး..သူကိုနှစ်သိမ့်ပေးလိုက်ပါဦးနော်..""
ခါးသက်က..လွန်း နဖူးပေါ်က.ဆံပင်တွေကို.သပ်တင်ပေးရင်း ဆိုသည်။
မနက်ဖြန်က အစ်ကိုအမေဆုံးတဲ့နေ့..။ဒါဆိုရင်..ခါးသက်ရဲ့မွေးနေ့ပေါ့.။
""ဟင်..""
ရုတ်တရက်..လွန်း ပါးပြင်ကိုဖိနမ်းလိုက်သည့်..ခါးသက်ကြောင့်..လွန်း အံ့အားသင့်ပြီး..အသက်ကိုတောင် အောင့်ထားလိုက်မိသည်။
     လွန်းကို ခပ်ဖွဖွပြုံးပြရင်း..သူထွက်သွားလေသည်။.လွန်း..ခါးသက်ရဲ့ကျောပြင်လေးကို ငေးကြည့်နေမိသည်။.တစ်စုံတစ်ယောက်ရဲ့နေရာမှာ.မိမိကိုအစားထိုးဖို့ ကြိုးစားနေသည့်သူ..။ထူးထူးခြားခြား လွန်း စိတ်မတိုမိဘူး..။သူ့ရင်ထဲက အလွမ်းမီးတချို့သာ..ငြိမ်းသတ်သွားမယ်ဆိုရင်..လွန်း..ကျေကျေနပ်နပ်ကြီး..အစားထိုးခံအဖြစ်.နေပေးဖို့ရန်အသင့်.. ။ဘာကြောင့်လဲ..လွန်းမသိဘူး..။လွန်း..ခါးသက်ကို သနားသည်။
အထီးကျန်ဆန်ပြီး..မှောင်မိုက်နေတဲ့သူဘဝလေးကို..လွန်း.အရမ်းဘဲ သနားနေမိသည်။
      အဲ့ဒီနေ့ညက လွန်း ပြတင်းတံခါးလေးကို ဖွင့်ပြီး..ပြတင်းဝမှာ ရပ်ပေးခဲ့သည်။ပန်းပင်တွေကြားက ခါးသက်လဲ.ကျေနပ်နေမည်ထင်ပါသည်။
ထိုနေ့ညက မိုးချုပ်တဲ့အထိ..
လွန်း..ပြတင်းဝမှာ ရပ်နေခဲ့မိသည်။
🌸🌸🌸
     ""ဟက်ချိုး...""
""သြော်..လွန်းရယ်..ဂရုစိုက်မှပေါ့..မှန်းစမ်း..ဖျားနေပြီလား မသိဘူး..""
ထစ်ချုန်း ပြောပြောဆိုဆိုနဲ့..လွန်းရဲ့နဖူးလေးကို.စမ်းကြည့်လိုက်သည်။
ပူနွေးနေသည်။
""ကျစ်...လွန်း..မင်းဖျားနေပြီ...လာ.ဆေးခန်းသွားပြမယ်..""
"အာ...ရပါတယ်.အစ်ကိုရဲ့..လွန်းမဖျားပါဘူး..နေကောင်းပါတယ်. ""
"ဘာနေကောင်းပါတယ်လဲ..ကိုယ်တွေပူနေတယ်လေ..လွန်းရဲ့..လာဆေးခန်းသွားမယ်..""
""ရပါတယ်ဆို..အစ်ကို.ဒီနေ့သွားစရာရှိသေးတယ်မဟုတ်ဘူးလား..""
လွန်း စကားကြောင့်..
ထစ်ချုန်း.မျက်နှာညိုးကျသွားသည်။.ဟုတ်သားဘဲ..။ဒီနေ့.မေမေဆုံးတဲ့နေ့..။အမေအုတ်ဂူရှိရာကို.သူသွားရဦးမှာဘဲ..။
""အစ်ကိုရဲ့.အမေ့ဆီကို.သွားရင် လွန်းလဲ.လိုက်ခဲ့မယ်နော်..""
""ဘာ...""
ထစ်ချုန်း မျက်မှောင်ကြုပ်ပြီး..လွန်းကို စိုက်ကြည့်လိုက်သည်။သူ လွန်းကို တစ်ခါမပြောပြခဲ့ဖူးပါ..။သူမေမေဆုံးသွားတဲ့နေ့ကို..။
""လွန်း..ဒီနေ့..အစ်ကို.မေမေ့ဆီကိုသွားမယ်ဆိုတာကို.ဘယ်လိုလုပ်ပြီး..သိနေတာလဲ..""
""ခါးသက်ပြောပြလို့လေ..""
အစ်ကို​အမေးစကားကို..လွန်း.လွှတ်ခနဲ့ပြန်ဖြေလိုက်မိသည်။
""ဘာ..ဘယ်သူပြောတာ..""
""ခါး..ခါးသက်မိုးလေ..အစ်ကိုရဲ့..""
""ဘာ...မဖြစ်နိုင်တာ..""
ထစ်ချုန်း..လွန်း.ကိုစူးရဲစွာ​စိုက်ကြည့်ရင်း.ပြောလိုက်သည်။
""အစ်ကို..စိတ်တိုသွားတာလား..
လွန်း တမင်သပ်သပ် အစ်ကို့ကို.ဖုံးကွယ်ထားတာမဟုတ်ပါဘူး..သူက မပြောခိုင်းလို့ပါ..""
""သူဆိုတာက ဘယ်သူလဲ..လွန်း..""
""ခါး.ခါးသက်မိုးလေ..""
""မဖြစ်နိုင်ဘူး..လုံးဝကိုမဖြစ်နိုင်ဘူး..လွန်း..​အစ်ကို့ကို.တစ်ခုမကျန်.အကုန်ပြောပြစမ်း..""
လွန်း..ပုခုံးလေးကို.ခပ်ကြမ်းကြမ်း.ဆွဲရမ်း..ရင်းနဲ့မေးလာလေသည်။
လွန်းလဲ..အစ်ကို့ကို..ခါးသက်နဲ့ဆုံတွေ့ခဲ့သည့်အချိန်ကစပြီး..အကုန်လုံးကိုပြောပြလိုက်၏။
""လွန်း..တွေ့ခဲ့တဲ့သူက..ခါးသက်မိုးဆိုတာ.လုံးဝ.မဖြစ်နိုင်ဘူး..""
""ဗျာ...""
""ခါးသက်မိုးဆိုတာက..အစ်ကိုရဲ့..အဖေတူအမေကွဲညီဆိုတာ ဟုတ်တယ်..နောက်ပြီး..လွန်းသိခဲ့ရတဲ့ အကြောင်းအရာတွေအကုန်လုံးကလဲအမှန်တွေဘဲ..ဒါပေမယ့်..လွန်း..ကိုပြောပြခဲ့တဲ့သူကတော့..ခါးသက်မိုး.မဟုတ်တာတော့.သေချာတယ်..""
""ဗျာ...လွန်းနဲ့တွေ့ခဲ့တဲ့သူက..ခါးသက်မိုးဟုတ်တယ်.မဟုတ်ဘူးဆိုတာကို..အစ်ကိုက.ဘာဖြစ်လို့ တပ်အပ်ပြောနိုင်ရတာလဲ...""
""ဘာဖြစ်လို့လဲဆိုတော့..အစ်ကိုရဲ့..ညီဆိုတဲ့..ခါးသက်မိုးက..ဒီလောကကြီးထဲမှာ.မရှိတော့တာကြာပြီလေ..တိတိကျကျ ပြောရမယ်ဆိုရင်..ခါးသက်မိုး..ဆုံးသွားတာ..၄နှစ်တောင်ကြာခဲ့ပြီ..""
""ဗျာ..""
😯😯😯
အပိုင်း 🍓၁၁🍓မျှော်ပေးကြဦးနော်.။
ဦးဦး အကျင့်ပုတ်..မီးဖျက်လိုက်ပါပြီ.
🤭🤭။
              🍉ညှို့စက်ကွင်း🍉

ဝိုးတဝါးအိမ်မက်Where stories live. Discover now