အပိုင်း [ ၁၃ ]

89.4K 10.7K 865
                                    

မြတ်သောမာန် ရုံးမှ ပြန်လာချိန်တွင် မိုင်မိုင်းက Kitchen ထဲတွင် ညနေစာ ချက်နေ၏။

သူ အိမ်ပြန်ရောက်ပြီဆို ဧည့်ခန်းကို  ထွက်ကြည့်တတ်သော ကောင်လေးမှာ ဒီနေ့တော့ သူ အပေါ်ထပ် တက်သွားသည်ကိုပင် သတိထားမိပုံမရ။

မြတ်သောမာန် ရေချိုး၊ အဝတ်အစား လဲပြီး အောက်ထပ်သို့ ဆင်းလာတော့လည်း ဟင်းရွက်တွေသင်နေသော မိုင်မိုင်းက မှိုင်တွေလျက်ရှိသည်။

ပုံမှန်ဆို ဒီကောင်လေး အခုလို စိတ်နှင့်လူ မကပ်တာမျိုး ရှားပါ၏။

သူ ထမင်းစားပွဲဝိုင်းတွင် ခုံတစ်လုံး ဆွဲပြီး ဝင်ထိုင်လိုက်ပါမှ မိုင်မိုင်းက သူ့ကို လှည့်ကြည့်လာတာဖြစ်သည်။

"ညစာ စားတော့မလားဗျ"

မြတ်သောမာန် ပြန်မဖြေရသေးခင်မှာ မိုင်မိုင်းက ပွက်ပွက်ဆူနေသော ဟင်းရည်အိုးဆီ လက်လှမ်းလိုက်တာလည်း သတိလက်လွတ်ပါလေ။

အပူငွေ့ဟပ်မှာ စိုးရိမ်စိတ်ဖြင့် အကဲဆတ်ဆတ် လိုက်ကြည့်နေမိသော သူ့မျက်လုံးတွေက ဟင်းချို ခပ်မြည်းဖို့ရာ ဇွန်းလှမ်းယူသည့် ဘယ်လက်ကို မြင်တော့ မျက်မှောင် ကြုတ်မိချေပြီ။

လက်ကောက်ဝတ်မှာ ရောင်နေတာ သိသိသာသာမို့ သူ မိုင်မိုင်းရဲ့အနားကို လှစ်ကနဲ ရောက်သွားပြီး ထိုလက်ကို သာသာလေး ဆွဲယူလိုက်တာတောင် မဲ့သွားသည့် မျက်နှာလေးက နာကျင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့။

မြတ်သောမာန် မချင့်မရဲဖြင့်

"ဒါ ဘာဖြစ်တာလဲ" လို့ မေးတော့

ကောင်လေးက သူ့ကို အဖြေမပေးနိုင်ဘဲ ဆူဝေလာတဲ့ ဟင်းရည်အိုးဆီကိုပဲ လက်လှမ်းပြန်၏။

"ကိုယ်လုပ်လိုက်မယ်"

အယောင်ယောင် အမှားမှားတွေ ဖြစ်နေသော ကောင်လေးကို ဘေးပို့ပြီး
သူ ဟင်းရည်အိုးကို တစ်ချက် မွှေကာ မီးပိတ်လိုက်ရသည်။

"ဘာကိုမှ သွားမထိတော့နဲ့...ခဏနေဦး"

လက်နာနေလျက်နဲ့ ညစာကို အရေးတကြီး လုပ်နေခြင်းအား
ဆူပစ်ချင်သော်လည်း မြတ်သောမာန် သက်ပြင်းချရုံပဲ တတ်နိုင်၏။

မိုင်Where stories live. Discover now