Episode 6 (Unicode)

Start from the beginning
                                    

Renjun အိပ်ရာ ပေါ်ကထကာ မောင့်ဆီသွားလိုက်သည်။ Jaeminကတော့ Renjun မအိပ်ဘဲ သူ့ဆီ ထလာသည်မို့ Renjunကို မော့ကြည့်လေရဲ့။

"Ren မအိပ်ဘဲ ဘာလို့ ထလာတာလဲ"

"ဒိတ်ကြမယ်လေ"

"အိပ်ရေးမှ မဝသေးတာ ပြန်အိပ်လိုက်ပါဦး။ Renရဲ့ နိုးမှ သွားကြမယ်လေ ခုမှ ၇ခွဲရှိသေးတာကို ရပါတယ်"

Skinship သိပ်သဘောမကျတဲ့ ဒီကောင်လေးဟာ သူရင်ခွင်ထဲ တိုးဝှေ့လာသည်မို့ Jaemin ကောင်လေးရဲ့ နဖူးကို ခပ်ဖွဖွ နမ်းရင်း ပြောလိုက်သည်။

"မောင်နဲ့ ချစ်သူဖြစ်တာသာ တစ်လကျော်တာ ခုချိန်ထိ သေချာမဒိတ်ရသေးဘူးနော်။ မောင်က ဒိတ်ဖို့ ပြောပေမယ့် ငါ့သင်တန်းချိန်တွေကြောင့် မဒိတ်ခဲ့ရဘူး။ တောင်းပန်ပါတယ် မောင်ရေ"

"တောင်းပန်စရာ မလိုပါဘူး Renရဲ့။ ဒါတွေ ပြန်တွေး စိတ်မကောင်းဖြစ်ပြီး ငိုမဲ့မဲ့နဲ့ ထလာတာလား မောင့်ရဲ့Renက"

"ငိုမဲ့မဲ့ မဖြစ်ပါဘူးနော်"

"ဟုတ်လို့လား မှန်ကြည့်မလား"

"မောင်"

လက်တစ်ဆစ် ဖိုးစိတ်တိုလေးရဲ့ အသံလေးကြောင့် Jaemin ပြုံးလိုက်မိသည်။ Renjun ရဲ့  ဒီလိုအသံလေး ကြားချင်လို့ စနေရသည်မလား။ အသံမကြားရဘဲ လက်တွေပါလာခဲ့ရင်လည်း မတတ်နိုင်ဘူး။ ပါတယ်မှတ်ပြီး အရိုက်ခံလိုက်ရုံပေါ့။

"စတာပါ။ စိတ်မကောင်းမဖြစ်နဲ့။ နောက်ပိုင်း မောင်တို့ သေချာဒိတ်ကြမယ်နော်။ ခုတော့ တစ်ရေးပြန်အိပ်လိုက်။ နိုးလာမှ အပြင်သွားမယ်"

"အိပ်လိုက်လို့ ညနေမှ ပြန်နိုးရင် ဘယ်လိုလုပ်မလဲ"

"နိုးတဲ့ အချိန်မှ အပြင်သွားပါမယ်ဆို။ ညဘက်မှနိုးလည်း နိုးတဲ့အချိန် သွားမယ်။ ခုတော့ ကုတင်ပေါ် ပြန်တက် အိပ်တော့"

"အင်း မောင်ပါ တူတူအိပ်ပါလား အစောကြီးထလာတာ မအိပ်ချင်ဘူးလား"

"မောင်က အလုပ်ရှိတိုင်း ထနေရတာဆိုတော့ အသားကျသွားပြီ"

"အသားကျကျ မကျကျ တူတူအိပ်မယ် လာ"

"အင်း မောင့်ချစ်သူသဘော"

ဟုတ်တယ်လေ တော်ရုံတောင် ပခုံးဘာညာ ဖက်ခွင့်မပြုတဲ့သူက ဒီလို ခေါ်နေတာ ငြင်းစရာလား။
ရင်ခွင်ထဲသွင်း၊ ခါးလေးဖက်ပြီးပဲ အတူတူ အိပ်မှာပါ။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now