အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)

En başından başla
                                    

"ဘာအရေးကြီးကိစ္စမှမဟုတ်ဘူး၊ စိတ်ထဲ သိမ်းမထားနဲ့"

သွမ့်ပိုင်ယွဲ့က ပြောရင်းဆိုရင်း ချူယွမ်၏ ၀တ်ရုံတော်ကို သေချာပြုပြင်ပေးလေသည်။

"ကျန်းမာရေးကို သေချာဂရုစိုက်၊ ဒီကိစ္စကမှ တကယ့်အရေးကြီးကိစ္စပဲ....နားလည်လား"

"ဒါဆို အရေးကြီးကိစ္စမဟုတ်ဘဲနဲ့ ဘာကိစ္စ ဒီအချိန်ကြီး ပျာယီးပျာယာနဲ့ နန်းတော်ထဲရောက်လာတုန်း"

ချူယွမ်က သွမ့်ပိုင်ယွဲ့ကိုကြည့်ပြီး ရယ်ချင်နေ၏။

"မင်းကို လွမ်းလို့"

ဒီတစ်ခေါက်တော့ သွမ့်ပိုင်ယွဲ့ လုံး၀ တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်၏။

ချူယွမ် - "....."

သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ-

"အကြောင်းပြချက်ရှာပြီးမှလာရတာ တခါတလေ ခက်တယ်။ ဒီလိုပုံမှန်အချိန်ဆို ဘာကိစ္စထွေထွေထူးထူးမှမရှိတာ ။ ဒီတိုင်း အတင်း ၀င်လာရင်လည်း ရှစ်ဇီက ကိုယ့်ကို နှင်လွှတ်နေဦးမယ်"

ချူယွမ်တစ်ယောက် စောင်ပုံကြီးထဲလျှော၀င်သွားပြီး မိမိကိုယ်ကို နှစ်မြှုပ်ဖုံးကွယ်စေလိုက်ကာ ပွစိပွစိ ဆိုလာ၏။

"ရှစ်ဇီက မင်းကိုတားလို့ရောရလို့လား"

".....ဒါဆို နောင်ကျရင် ကိုယ် လာချင်တဲ့အချိန်တိုင်း လာလို့ရတယ်ဆိုတဲ့သဘောပေါ့"

"လာရဲတယ်ပေါ့...."

ချူယွမ်အသံမှာ နေမကောင်းသောကြောင့် အနည်းငယ်ခြောက်ကပ်နေသော်လည်း ကောင်းကင်၏ချစ်သားရတနာ ဧကရာဇ်ပီသစွာ နည်းနည်းမျှပင် ရာဇမာန်ရာဇဟန် လျှော့မသွား။

"တော်ပြီ၊ မင်းကို ထပ်မစတော့ဘူး။ ကောင်းကောင်းအိပ်တော့နော်"

သွမ့်ပိုင်ယွဲ့တော့ ပြုံးရွှင်နေကာ ချူယွမ်အား သေချာလှဲလျောင်းစေရန် ဖေးမကူညီပေးလိုက်ပြီး အိပ်စေလေသည်။ ချူယွမ်ကဆိုလာ၏။

"ဟုတ်သားပဲ၊ မင်းကိုပြောဖို့မေ့နေတဲ့ကိစ္စတစ်ခုရှိတယ်။ နောက်ရက်လောက်ကျ ကောင်လိ၀မ်လာလိမ့်မယ်၊ သူ့ညီမလည်း ပါလာမှာတဲ့"

ဧကရာဇ်ဗျူဟာHikayelerin yaşadığı yer. Şimdi keşfedin