" ရန်ကုန်ကနေ အကုန်စီစဉ်ပြီးသားမလို့ အဆင်ပြေပါတယ် Daniel ... ခုလည်းညနေစောင်းနေပြီမလို့ အေးအေးဆေးဆေးနားလိုက်ပါ ... မနက်ဖြန်မှ ဓာတ်တော်ချိုင့်ကို သွားကြတာပေါ့ ... ကိုအောင်ကျော်လည်းလာလေ ... အခန်းဘက်သွားကြတာပေါ့ "

" အိုကေ baby ... ဟူးးး ရာသီဥတုက ရန်ကုန်မှာထက်စာရင် တော်တော်အဆင်ပြေသားနော် "

" ဟုတ်တယ် Daniel ... တောင်ပေါ်မြို့ဆိုတော့ မြေပြန့်ထက်စာရင် အပူသက်သာတယ် "

" Munich လောက် မအေးပေမယ့် ရန်ကုန်ထက်စာရင် တော်တော်သာပါတယ် "

နွေရာသီဖြစ်ပေမယ့် ပြင်ဦးလွင်က တောင်ပေါ်ဒေသဖြစ်တာကြောင့် တစ်ခြားမြို့တွေထက်စာလျှင် အပူချိန်က သိသိသာသာ လျော့နည်းသည်ကို Daniel က တော်တော် သဘောကျနေပုံရသည်။

" ဟုတ်ပါ့ နေရင်းထိုင်ရင်းတောင် ရာသီဥတုက နည်းနည်းအေးလာသလိုပဲ "

ညနေစောင်းမလို့ ခပ်စိမ့်စိမ့်ရာသီဥတုကြောင့် စစ်မင်းကသာ အပေါ်ကနေ ရှပ်အကွက်လက်ရှည်လေး ထပ်ဝတ်ထားပေမယ့် Daniel ကတော့ တီရှပ်လက်တိုလေးတစ်ထည်နှင့် အဆင်ပြေနေသည်။

" ပြင်ဦးလွင်ကို second England လို့လည်း ခေါ်ကြတယ် ... အရင်တုန်းကတော့ မေမြို့လို့ခေါ်တယ် ... မြန်မာနိုင်ငံကို အင်္ဂလိပ်တွေသိမ်းတော့ အင်္ဂလန်နဲ့ ရာသီဥတုဆင်တဲ့ဒီမြို့မှာ နွေရာသီဆိုအပူရှောင်ဖို့အတွက် အင်္ဂလိပ်တွေက မေမြို့မှာရုံးစိုက်ကြတယ် ... ဒီမြို့ကိုဦးဆောင်ပြီး တည်ထောင်ခဲ့တဲ့ ကာနယ်မေကို အစွဲပြုပြီးတော့ မေမြို့လို့ခေါ်ကြတာလေ ... အခုလက်ရှိမှာတော့ ပြင်ဦးလွင်လို့ ပြောင်းလဲပြီးခေါ်တယ် ... ဒါပေမယ့် ဒေသခံတွေကတော့ အခုထိမေမြို့လို့ ခေါ်နေကြတုန်းပဲ ... ကျွန်တော်တို့လို တခြားနယ်ပယ်က လူတွေကတော့ ပြင်ဦးလွင်လို့ခေါ်ကြတယ် "

" What a wonderful city ... Humn ?... second England right "

သုံးယောက်သားအခန်းဆီသွားကြရင်း ဓာတ်လှေကားထဲမှာ စစ်မင်းက Daniel ကို ပြင်ဦးလွင် အကြောင်းရှင်းပြနေတာဖြစ်သည်။ Daniel ကလည်း စစ်မင်းရှင်းပြနေတာကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်သလို ဘေးက ကိုအော်ကျော်ကလည်း မျက်လုံးပြူးကာငြိမ်လျက် နားထောင်နေသည်။

Love Me Like The Way [Completed]Where stories live. Discover now