အပိုင်း🍀၁🍀

Start from the beginning
                                    

💤ဝိုးတဝါးအိမ်မက်💤
🍀🍀🍀🍀🍀🍀🍀
🌈အပိုင်း(၁)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
      🍀မင်းနဲ့ဆုံတွေ့ခဲ့ရတဲ့.
.အချိန်တွေက.
အိမ်မက်တစ်ခု..ဟုတ်လား..
အဲ့ဒါဆိုရင်လဲ..
ငါဘယ်တော့မှ.
မနိုးထတော့ဘဲ..အိမ်မက်ထဲမှာ.
မင်းနဲ့အတူနေချင်တယ်..။
                          🍀လွန်းပုံရိပ်🍀

🍂ကိုလွန်းနဲ့.ကျွန်တော့်ကို
.စောစောဆုံစည်းခွင့်
မပေးခဲ့တဲ့..ကံကြမ္မာကြီးကို
ကျွန်တော်အရမ်း
စိတ်နာမိတယ်.။
                          🍂ခါးသက်မိုး🍂

🍁ရယူခြင်းတစ်ဝက်.
ပေးဆပ်ခြင်းတစ်ဝက်ပါတဲ့
အချစ်မျိုးနဲ့ အစ်ကို..
မင်းကိုချစ်တယ်..။
ထာဝရတစ်သက်စာ.
ရည်ရွယ်ပြီး.ချစ်ခဲ့တာမို့.
အစ်ကို..မင်းကို.
ပိုင်ဆိုင်ပါစေနော်..။
                         🍁ထစ်ချုန်းမိုး🍁
🍓🍓🍓🍓
  ""ဘာ...လွန်းမူးလဲသွားလို့..ဟုတ်လား...""
ထစ်ချုန်းမိုး.. ထိုင်နေရာကနေ..ဝုန်းခနဲ့ထလိုက်သည်။
""အခု..လွန်းကို.​ဘယ်ဆေးရုံပေါ်မှာ.တင်ထားတာလဲ..အင်း..ဟုတ်ပြီ..ငါအခုချက်ချင်းဘဲ  လာခဲ့မယ်..""
ထစ်ချုန်းမိုး..လက်ထဲကဖုန်းကို.ချလိုက်ပြီး.အပေါ်ဝတ် ကုတ်အင်္ကျီ ကိုဝတ်လိုက်သည်။နောက်တော့..
လှုပ်ရှားနေသည့် စိတ်တို့ကို ငြိမ်အောင်..လေပူတစ်ချက်မှုတ်ထုတ်လိုက်၏။နောက်တော့.ခြေလှမ်းကျဲကြီးများနှင့်.ရုံးခန်းထဲကနေ အထွက်..
"Boss..ဘယ်သွားမလို့လဲ..ခဏနေရင်..အရေးကြီးတဲ့..ဧည့်သည်တစ်ဦးနဲ့တွေ့.ဖို့ချိန်းထားတာရှိသေးတယ်လေ.""
အတွင်းရေးမှူးမ လေးက..ပျာပျာသလဲနဲ့.ပြောလာလေသည်။
""ချိန်းထားတဲ့ ကိစ္စကို..ဖျက်လိုက်.""
ထစ်ချုန်းမိုး.ပြတ်သားစွာဆိုလိုက်တော့..အတွင်းရေးမှူးမ လေး၏
မျက်နှာတစ်ချက်ပျက်သွားလေသည်။
""မဖြစ်ဘူးလေ.Boss...ဒီတစ်ယောက်ကို..boss ခဲရာခက်ဆစ်..ချိန်းထားပြီးမှ..ဖျက်လိုက်တော့မလို့လား..""
""ဖျက်လိုက်ဆိုဖျက်လိုက်တော့..
စကားမရှည်နဲ့..သရဖီ..ဒီကမ္ဘာကြီးထဲမှာ..ငါ့အတွက်..အရေးကြီးဆုံးအရာက.တစ်ခုဘဲရှိတယ်...သူနဲ့ယှဥ်လာရင်..တခြားဘယ်အရာမှ ငါ့အတွက်အရေးမကြီးတော့ဘူး""
ထစ်ချုန်းမိုး စိတ်မရှည်ဟန်..ဆိုလိုက်ပြီး..ထိုနေရာကနေ..အလျှင်မြန်..ထွက်လာခဲ့လေသည်။ငါ့ဘဝမှာ ..အရေးကြီးဆုံးနဲ့.တန်ဖိုးကြီးဆုံးအရာက...မင်းဘဲ လွန်း..။ကိုယ်.ဒီလောက်..အတန်တန်မှာထားရက်နဲ့..မင်းကိုယ့်မင်း ဂရုမစိုက်ဘူးကွာ.။
🌈🌈🌈
         ..လွန်းရှိရာ..လူနာခန်းဆီကို..မပြေးရုံတမယ်.ခြေလှမ်းကျဲကြီးများနှင့်..ထစ်ချုန်းရောက်ရှိလာခဲ့လေသည်။
လူနာအခန်းအပြင်ဘက်မှာ..စောင့်ဆိုင်းနေသည့်လူက..ထစ်ချုန်းမိုးကို..ခါးညွှတ်ပြီး.အရိုသေပေးလိုက်သည်။
""​အသုံးကိုမကျဘူး..မင်းကို..ငါဘာမှာထားသလဲ..လွန်းကို.သေချာစောင့်ကြည့်ပြီး.ဂရုစိုက်ပေးပါဆိုတာကို..မင်းဒါလေးတောင်..မလုပ်နိုင်ဘူးလား.ဟမ်...""
ထစ်ချုန်း ဒေါသတကြီးနဲ့..မာန်မဲလိုက်ပြီး..အခန်းထဲကို.ဝင်လာခဲ့သည်။
လူနာအိပ် ကုတင်ပေါ်မှာ..ဆေးပိုက်တန်းလန်းနှင့်..လှဲလှောင်းနေရှာသည့်..လွန်း..။ လွန်းရဲ့.ဖြူဖျော့နေသည့်..မျက်နှာလေးကို..မြင်လိုက်ရတော့..ထစ်ချုန်း..လက်သီးကို.ကျစ်ကျစ်ပါအောင်.ဆုပ်ကိုင်လိုက်မိ၏။ ဒေါသကြောင့်.အံ့​ကိုတင်းနေအောင်ကြိတ်လိုက်တော့ ထစ်ချုန်း၏နားထင်ကြောတွေက.အပြိုင်းပြိုင်း.ထနေလေသည်။
   စိတ်တိုမိတယ်လွန်း..။.ကိုယ်.စကားကို..မင်းနားမထောင်ဘူး..။
        ""မောင်ဇော်...အထဲမဝင်ဘဲ..အပြင်မှာ.ဘာဖြစ်လို့..မတ်တပ်ရပ်နေရတာလဲကွဲ့..""
အခန်းပြင်ဘက်ကနေ..အသက်ခပ်ကြီးကြီး..အမျိုးသမီး.တစ်ဦး၏အသံကို..ထစ်ချုန်းကြား
လိုက်ရတာကြောင့်.မျက်နှာကို ပြေလျော့လိုက်လေသည်။
""သြော်..မောင်ထစ်ချုန်းလဲ.ရောက်နေတာကိုး..""
""ဟုတ်တယ်..ဒေါ်လေးငယ်
.ကျွန်တော်..လွန်း မူးလဲတယ်ကြား.ကြားချင်း..လိုက်လာခဲ့တာ..""
""အေးကွယ်..မင်းညီက.အရမ်းကိုခေါင်းကြောမာလွန်းတယ်ကွယ်.အလုပ်နဲ့ပတ်သက်လာရင်..ဟင်းမေ့ထမင်းမေ့ဘဲကွယ်..
သြော်..ဒါက..သား.လွန်းနဲ့.တစ်ရုံးထဲမှာ.အတူတူလုပ်.လုပ်တဲ့.မောင်ခင်ဇော်.တဲ့..""
လွန်းရဲ့အဒေါ်..ဒေါ်လေးငယ်က..ထစ်ချုန်းနဲ့..ခင်ဇော်ကို.မိတ်ဆက်ပေးနေပြန်၏။.ထစ်ချုန်းအသာ.ခင်ဇော်ကို
..မျက်နှာရိပ် မျက်နှာကဲ နှင့်ထွက်သွားဖို့ရန်..အချက်ပြလိုက်သည်။
""ဒေါ်လေးငယ်..ကျွန်တော်.ပြန်လိုက်ဦးမယ်နော်..ရုံးမှာ လုပ်လက်စလေးတွေရှိသေးလို့..""
ခင်​ဇော်.တစ်ယောက်.ဒေါ်လေးငယ်ကို.နုတ်ဆက်ပြီး.ထွက်သွားလေသည်။
""အဲ့ကလေးက..စိတ်​ထားကောင်းရှာတယ်..မောင်ထစ်ချုန်းရယ်..သား.လွန်းကိုလဲ.
.ခဏခဏ.အကူညီပေးပြီး..ဂရုစိုက်ရှာတယ်လေ..""
ဒေါ်လေးငယ် ပြောစကားများကြောင့်..ထစ်ချုန်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိ၏။လွန်းကို ဂရုစိုက်ပေးဖို့အတွက်..ထို ခင်ဇော်ဆိုသောသူကို..သူ.ပိုက်ဆံပေးပြီး စေခိုင့်းထားခြင်းဖြစ်သည်။
     လွန်းက ခေါင်းမာသည်။ မာနလည်းကြီးသည်။သူခဏခဏ လွန်းကို.သူ့​လက်အောက်မှာ အလုပ်လာလုပ်ဖို့ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးသည်။ လွန်းကလည်း..သူတောင်းဆိုလေတိုင်း ​ခေါင်းခါပြီး.ငြင်းနေကျ..။နောက်ဆုံးတော့..လွန်းစိတ်ရှုပ်လာမှာဆိုးလို့..သူ့ဘက်ကနေဘဲ.လက်လျော့ခဲ့ခြင်းသာ..။နောက်တော့..လွန်းနဲ့တစ်ရုံးတည်း.အတူအလုပ်လုပ်နေသည့်..ခင်ဇော်.ဆိုသောသူကို.ပိုက်ဆံပေးပြီး.လွန်းကိုစောင့်ကြည့်ဖို့.ဂရုစိုက်ဖို့.ခိုင်းစေခဲ့ရလေသည်။
          လွန်းနဲ့ သူခင်မင်ခွင့်ရလာတာ..နှစ်အငယ်ကြာပြီဖြစ်သည်။တိတိကျကျဆိုရသော်.၃နှစ်ကျော်ကျော်သာ ရှိသေး၏။အလုပ်ကိစ္စနဲ့ဆိုင်ရာ.ပါတီပွဲတစ်ပွဲမှာ လွန်းနဲ့သူ ဆုံတွေ့ခဲ့တာဖြစ်သည်။နောက်တော့.လွန်းအလုပ်လုပ်နေသည့်..
ကုမ္ပဏီပိုင်ရှင်နဲ့.သူနဲ့က စီးပွားရေးပါတနာတွေလည်း ဖြစ်..။အသိမိတ်ဆွေလည်း ဖြစ်..ဆိုတော့..
နောက်ထပ်..နောက်ထပ်..လွန်းနဲ့ဆုံတွေ့ဖို့ရာက..အခက်ခဲမရှိပေ..။တွေ့ဆုံပါများလာတော့..လွန်းနဲ့သူ.ခင်မင်လာခဲ့လေသည်။ 
       သွက်လက်ချက်ချာပြီး ချစ်စဖွယ်အမူယာလေးများနှင့်.လွန်းကို..သူ.အချိန်ခဏလေးအတွင်းမှာ.သံယောဇဥ်ငြိတွယ်လာခဲ့၏။ထိုမှ
တစ်ဆင့်တက်ကာ..လွန်းကို လိုတာထက်ပိုပြီး..စွဲလမ်းလာခဲ့သည်။
      နောက်ပြီး လွန်းရဲ့ ရုပ်ရည်လေးကလဲ.မိုးပေါ်က နတ်သက်ကြွေကျလာသလားအောက်မေ့ရလောက်အောင်ထိ.ချောမောလှပ လွန်းလှသည်။
ညှို့ဓာတ်တွေ ပြင်းထန်လှသည့်..ဒင်းလေးရဲ့ အလှတရားတွေအောက်မှာ..ထစ်ချုန်းဆိုတဲ့လူကြီးရဲ့..နှလုံးသားတွေအရည်ပျော်ခဲ့​ရတာ မဆန်းပါဘူး..။ သံမဏီအသဲနှလုံးပိုင်ရှင်..ထစ်ချုန်းမိုး တစ်ယောက်..လွန်းပုံရိပ်ဆိုသော..ကောင်ငယ်လေးရဲ့ခြေရင်းမှာ..ဝပ်တွားခယပြီး.ချစ်စကားလေးတွေ တီတီတာတာ. ဆိုချင်ပေမယ့်လည်း.
သူ့ရင်ထဲမှာတည်ရှိနေသည့် မာနတရားတွေက ခွင့်မပြု..။နောက်ပြီး..သူ့ရဲ့အချစ်တွေကို လှစ်ပြလိုက်ရင်..လွန်း.သူ့ကိုမုန်းသွားမှာကိုလဲ ကြောက်ရသေးသည်။ထစ်ချုန်းမိုး.လိုယောကျ်ားရင့်မာကြီးတစ်ဦးက..လွန်းပုံရိပ်ဆိုသော..ယောကျ်ားငယ်လေးတစ်ဦးကို..ချစ်ကြောင်း.ကြိုက်ကြောင်း ပြောဖို့ကလဲ..လွယ်သည့် ကိစ္စမျိုးမှ..မဟုတ်တာ..။ ရင်ထဲမှာ ဖြစ်တည်နေတဲ့ ချစ်ခြင်းတရားတွေကို မြိုသိပ်ရင်း..
ထစ်ချုန်းမိုး.တစ်ယောက်.လက်ရှိအခြေနေလေးအတိုင်း
တင်းတိမ်ရောင့်ရဲ..ပြီး.နေတတ်အောင်ဘဲ.နေလာခဲ့ရတော့၏။
🍀🍀🍀
         ""အစ်ကို..""
လွန်းကုတင်ဘေးနားမှာ..လွန်းသတိရမဲ့အချိန်ထိ ထိုင်စောင့်နေရင်း..ထစ်ချုန်း.တစ်ချက်မှေးခနဲ့ဖြစ်သွားသည့်အချိန်..တိုးညှင်းစွာတဲ့..ခေါ်လိုက်သည့် အသံလေးကြောင့်..လန့်နိုးလာခဲ့လေသည်။
""ကဲ.ဂျစ်တူးလေး..သတိရလာပြီပေါ့..""
ထစ်ချုန်း ခပ်ရွဲ့ရွဲ့လေး မေးလိုက်တော့..။လွန်း..တစ်ယောက် စီစီရီရီ.သွားတန်းဖြူဖြူလေးများ ပေါ်အောင် ​ပြုံးလိုက်လေသည်။
လှပပြည့်စုံလွန်းလှသည်။.လွန်း.ထိုသို့​
ပြုံးလိုက်တိုင်း..ထစ်ချုန်း.ရင်တွေ အရမ်းခုန်နေမိသည်။ထိုအပြုံးလေးကို.ထစ်ချုန်း.နှစ်သက်ခုံမင်သည်။
ထိုအပြုံးလေးတွေကို.ထစ်ချုန်း တစ်ဦးတည်းသာ.ပိုင်ဆိုင်ထားချင်မိသည်။
""အိုး...လွန်း.အနံ့တစ်ခုရနေသလိုဘဲ..""
နှာခေါင်းလေးကို.ရှုံ့ပွ ရှုံ့ပွ လုပ်ရင်း အနံ့ခံနေသည့်..လွန်း.ပုံစံကို ကြည့်ရင်း ထစ်ချုန်း.အသံထွက်အောင်.ရယ်မောလိုက်သည်။
""အနံ့ခံကောင်းတဲ့ ပါပီလေးအတွက်..
အစ်ကို..ကြက်ကြော် ဝယ်ထားပါတယ်ဗျာ..""
""ဟာ..တကယ်..ယေး...ပျော်..လိုက်တာ...""
ကလေးတစ်ယောက်လို
ရွှင်မြူးနေသည့်..လွန်းပုံစံလေးက..ထစ်ချုန်းကို..ကြည်နူးစေသည်။
      ထစ်ချုန်း စောစောက သူ့ဝယ်ထားသည့်..ကြက်ကြော်ဗူးလေးကို.ယူပြီးဖွင့်လိုက်တော့..ကုတင်ပေါ်က..လွန်းတစ်ယောက်..ငေါက်ခနဲ့ ထ ထိုင်လိုက်လေသည်။နောက်တော့ သူ့လက်မှာ သွင်းထားသည့်.အားဆေးပိုက်ကို ဆွဲချွတ်မလို့ လုပ်နေတာကြောင့်.ထစ်ချုန်း.အလျှင်အမြန် တားမြစ်လိုက်​ရသေးသည်။
"""ဟာ..ဟေ့..လွန်း ဒါဘာလုပ်တာလဲ..""
""ကြက်ကြော်စားမလို့..ပိုက်ဖြုတ်တာလေ....ဆေးပိုက်တန်းလန်းကြီးနဲ့.ဘယ်လိုလုပ်ပြီး..စားလို့ရမှာလဲလို့..""
လွန်းက..စိတ်အလိုမကျဟန်ဆိုလာလေသည်။
""မဖြုတ်ရဘူး..အားဆေးကုန်မှ..ဖြုတ်ရမယ် လွန်းကို.အစ်ကို.ခွံ့ကျွေးမယ်လေ..""
""အွန်း..အွန်း..အဲ့ဒါဆိုရင်လဲ..အမြန်ခွံ့ကျွေးတော်မူပါ...ဒီမှာ..ဗိုက်ဆာလို့.သေတော်မူပါတော့မယ်..""
ဟု လွန်းက မျက်နှာလေးမဲ့ပြီး ပြောလိုက်တာကြောင့်.ထစ်ချုန်း ရယ်​လိုက်မိသေးသည်။
""အဟက်..ဟား..ဟား..ငပိုလေး..""
ထစ်ချုန်း..ကြက်ကြော်တွေကို..ဖဲ့ပြီး.လွန်းကို.ခွံ့ကျွေးလိုက်သည်။တစ်ခါခွံ့ကျွေးလိုက်တိုင်း..လွန်းက..သွားတန်းဖြူဖြူလေးတွေ.ပေါ်အောင်.ပြုံး.ပြုံး​ပြသည်။
""အား..ပျော်စရာကြီး..အစ်ကို.လွန်းကို..အခုလို ခွံ့ကျွေးရအောင်..နေ့တိုင်း.နေ့တိုင်း..နေမကောင်းဖြစ်ရင်.သိပ်ကောင်းမှာဘဲ..ဟိ..""
""ဘာပြောတယ် လွန်း..""
လွန်းပြောလိုက်တဲ့..စကားကြောင့်.ထစ်ချုန်း..ဒေါသထွက်သွားကာ..အသံခပ်မာမာလေး.ထွက်သွားလေသည်။
"လွန်း..မင်း.နောက်ထပ်.နေမကောင်းဖြစ်ရဲရင်.ဖြစ်ကြည့်..အစ်ကို.နဲ့တွေ့မယ်.."
ထစ်ချုန်း ရှုးရှုးရှားရှား နဲ့ဆိုလိုက်သည်။
"အခုလဲ.တွေ့နေရတာဘဲ.ဟာကို.""
လွန်းက..ထစ်ချုန်းကို.ပြီတီတီ.ပြုံးပြရင်းနှင့်.ဆိုလာပြန်သည်။
""လွန်း..တော်တော့..အစ်ကိုဒေါသတွေကို.လာဆွမနေ​နဲ့တော့..အစ်ကို..
မင်းကို.ဂရုစိုက်ပါ အတန်တန်မှာထားရက်သားနဲ့ကို မင်းမူးမေ့လဲရဲသေးတယ်နော်...""
ထစ်ချုန်း..အံကြိတ်သံကြီးနဲ့..လွန်းကို.မာန်မဲလိုက်သည်။
""ဟောဗျာ..သူ့ဘာသာ.​မူးပြီးလဲတာကို.လွန်းက.တားလို့ရမလား..""
"..မင်းကိုယ်မင်း.ဂရုမစိုက်မလို့..
ဒီလို..မူးလဲရတဲ့အဆင့်ထိ ဖြစ်တာပေါ့..လွန်းရဲ့..အစ်ကို့ကို.စိတ်ပူ​ပြီး..သေအောင်.မင်းတမင်လုပ်နေတာလား  လွန်း.."
""မဟုတ်ပါဘူး...အလုပ်ကိစ္စတွေ..အရေးကြီးနေလို့..အလုပ်ဒဏ်ပိသွားတာပါ..လွန်း..ဘာဖြစ်ဖြစ်.အစ်ကို့ကို..စိတ်ပူပေးပါလို့လဲ.လွန်းမတောင်းဆိုဖူးပါဘူးနော်..""
ပြောရင်းနဲ့ လွန်းရဲ့အသံလေးက..အဖျားစွတ် တိမ်ဝင်သွားလေသည်..။ထစ်ချုန်း..လွန်းကို.ကြည့်လိုက်တော့..လွန်းမျက်ဝန်းအိမ်တွေက.အရောင်လဲ့နေလေသည်။
     မျက်ရည်ရစ်ဝဲနေသည့်.လွန်းကိုကြည့်ပြီး ထစ်ချုန်း.စိတ်တို့ကိုလျော့ချလိုက်ပြီး...
""အစ်ကိုတောင်းပန်ပါတယ်.လွန်း..
အစ်ကို.လွန်းနဲ့ပတ်သက်လာရင်..ကိစ္စသေးသေးလေးကအစ.အစ်ကို.စိတ်မထိန်းနိုင်ဖြစ်သွားတယ်..လွန်း..အစ်ကိုတောင်းပန်ပါတယ်နော်..""
လေပြေထိုးပြီး.တောင်းပန်နေသည့်..ထစ်ချုန်းကို.လွန်း.မော်ကြည့်ပြီး..
မျက်ဝန်းအိမ်ထဲက မျက်ရည်စတွေကို.မျက်တောင်ရှည်များနှင့်ပုတ်ထုတ်ပစ်လိုက်လေသည်။
         လွန်း.က.မျက်ရည်လွယ်သူတစ်ဦးတော့မဟုတ်ပါဘူး..။ဒါပေမယ့်..
အစ်ကို.လွန်းကို..လေသံခပ်မာမာနဲ့ပြောလာရင်..လွန်းလေ.အလိုလိုနေရင်း.မျက်ရည်တွေဝဲပြီး.ဝမ်းနည်းလာတတ်တယ်။အစ်ကိုနဲ့ ပတ်သက်လာရင်.လွန်း..ရင်ထဲမှာ..ခံစားချက်တွေ.အရောင်စုံနေတယ်.။အစ်ကို.အပေါ်မှာ..အစ်ကိုတစ်ယောက်ထက်ပိုတဲ့ သံယောဇဥ်တွေနဲ့ လွန်း ငြိတွယ်ခဲ့တယ်ဆိုတာကို လွန်း ဝန်ခံပါတယ်..။အစ်ကို့ရဲ့ ဂရုစိုက်မှုသေးသေးလေးတွေက..လွန်းကို.ဆယ်ကျော်သက် အပျိုဖြန်းမ လေးလို..ရင်ခုန်စေတယ်..။လွန်း..အစ်ကိုဆီကနေ..ညီအစ်ကိုတွေထက်ပိုတဲ့.ချစ်ခြင်းတရားမျိုးကို တောင့်တခဲ့ဖူးတယ်..။ဒါပေမယ့်..အခုတော့ လွန်း..အစ်ကိုပေါ်မှာ ထားရှိတဲ့.နယ်ကျွံနေတဲ့ ခံစားချက်တွေကို ရုတ်သိမ်းလိုက်တာ ကြာပါပြီ..။
လွန်း ရင်ထဲကခံစားချက်တွေကို.လှစ်ပြလိုက်လို့..အစ်ကိုမုန်းသွားမှာထက်စာရင်..အခုလို.အစ်ကိုအတွက်.ညီဆိုးလေးတစ်ယောက်လို.နေနေရတာ..လွန်း.အတွက် အသားကျနေပါပြီ.အစ်ကို..။
🍀🍀🍀
အပိုင်း🌴၂🌴လေးမျှော်ပေးကြပါဦးနော်..။ဘယ်လိုလဲ.ဖတ်ရတာ.စိတ်ဝင်စားလို့မှ.ကောင်းရဲ့လား.😁။
                           🌲ညှို့စက်ကွင်း🌲

ဝိုးတဝါးအိမ်မက်Where stories live. Discover now