Part 17 (Uni&Zaw)

Start from the beginning
                                    

''သြော် ရောက်လာကြပြီလား ဝင်ခဲ့လေ´´

''ဟုတ်ကဲ့ ဖွား ပြန်ရောက်ပါပြီ´´

''ကောကိုပါခေါ်လာတယ်ဖွား´´

''ကောလာဝင်ခဲ့လေ´´

''အင်းအင်း´´

ဝမ်လေးအဖွားပါးစပ်ကနေဝင်လာခဲ့ခေါ်ပြီးသူကရှေ့ကနေဦးဆောင်ပြီးသွားလေသည် ဧည့်ခန်းထဲကဆိုဖာပေါ်မှာမိန့်မိန့်ကြီးထိန်ပြီးစောင့်နေလေသည် မျက်လုံးကတစ်ခုခုကိုပြောချင်နေတာကိုလဲ ရှောင်းကျန့်ရိပ်မိသည် ရှောင်းကျန့်တို့အနားမရောက်သေးလို့ထိုင်စောင့်နေပုံပင် ရှောင်းကျန့်လဲ သူ့ကိုနှုတ်ကဖွင့်ပြောစရာမလိုအောင်လူကဲခတ်တဖက်ကျွမ်းနေပြီဖြစ်သည်

''ဖွား  ဝမ်လေး ´´ဆိုပြီးမြေးဖွားနှစ်ယောက်ပြိုင်တူပြောမိကြသည်

''အဖွားပြောစရာရှိတယ်´´

''ဝမ်လေးလဲတောင်းဆိုစရာရှိတယ်´´

''ဖွားအရင်ပြောမယ် အခုဝမ်လေးတောင်းဆိုမယ့်အရာက ဝမ်လေးတို့ကအတူပြန်လာတာဆိုတော့ ဖွားကိုသဘောတူပေးဖို့ပဲပြောမှာမလား´´

''သဘောမတူနိုင်ဘူး မြေးလေး´´

''အခုမြေးစေ့စပ်ပွဲပျက်တာရယ် မြေးလေး စေ့စပ်ပွဲခန်းမကနေ ယောကျ်ားလေးတစ်ယောက်နဲ့လက်ဆွဲပြီးအတူထွက်သွားတာကို ကုမ္မဏီ ရဲ့တချို့လူတွေကမြင်သွားတယ် အခုကုမ္မဏီ ရှယ်ယာစျေးတွေထိုးကျနေတယ် ဒီလိုမဖြစ်ခင် မြေးလျှို့ဝှက်ပြီး လုပ်ထားတဲ့ပရော့ဂျက်လဲ အခိုးခံလိုက်ရတယ် ဒီတပတ်အတွင်းမှာ ကုမ္မဏီမှာ ရှုပ်ထွေးနေတယ် ´´

''မြေးကိုအကြောင်းမကြားတာကဖွားမြေးလေးစေ့စပ်ပွဲကိစ္စကြောင့် စိတ်ပင်ပန်းနေမယ်ထင်လို့ လက်ထပ်ပွဲကတော့မဖြစ်နိုင်ဘူး ဖွားတို့မျိုးဆက်အတွက်လဲထည့်စဥ်းစားရမယ်´´

''ဟင့်အင်း မစဥ်းစားနိုင်ဘူး ဖွား မြေးက ကောမရှိရင်မဖြစ်ဘူး´´

''ဖွားသဘောတူပေးပါ ´´

''ဖွားသဘောတူပေးပါ သားကုမ္မဏီကိုအဆင်ပြေအောက်ပြန်လုပ်ပေးမယ်´´

ဝမ်လေးနဲ့အဖွား စကားအခြေအတင်ပြောနေတာကိုနားထောင်နေရင်းကနေရှောင်းကျန့် ဆိုဖာပေါ်ကနေဆင်းပြီး ဖွားရှေ့ဒူးထောက်ထိုင်ချလိုက်ပြီး

အမှတ်မထင်ဖူးစားရှင် (Complete)Where stories live. Discover now