Unicode Version
'tinnng'
ပြတင်းပေါက်ဘေး စားပွဲခုံလေးပေါ်တင်ထားတဲ့ မောင့်ဖုန်းမြည်တဲ့အသံ။ ကျွန်တော်သက်ပြင်းတစ်ချက်ချပြီး အသည်းအသန်ရွာနေတဲ့မိုးပေါက်တွေကို ဆက်ကြည့်နေလိုက်တယ်။
'ဒွီဒွီဒွီ'
မိုးပေါက်တွေကိုဆက်မကြည့်နိုင်တော့။ ခေါင်းတစ်ချက်စောင်းကာ ကြည့်လိုက်မိတယ်။
'.' အစက်ကလေးတစ်စက်။
လူတွေ သူတို့ဖုန်းထဲ contact listမှတ်တဲ့အခါ ဘယ်လိုမှတ်ကြလဲ။ အမှတ်ခံရတဲ့သူရဲ့အရေးပါမှုက အမှတ်ခံရတဲ့နာမည်နဲ့ တိုက်ရိုက်အချိုးကျကြတယ်မလား။
'အစက်'။ နာမည်က အစက်တစ်စက်လို့ အမှတ်ခံထားရတဲ့သူကရော မောင့်ရဲ့အရေးပေးမှုကို ဘယ်အတိုင်းအတာထိရပြီးနေပြီလဲ။
' မောင့်အချစ်လေး ဘာတွေကြည့်နေ '
နောက်ကျောပြင်ကနွေးထွေးမှုနဲ့အတူ နှလုံးသားထဲထိ စိမ့်ဝင်သွားတဲ့ မောင့်အသံသြသြ။
' ဒီတိုင်းပါ ဘာရယ်လို့တော့မဟုတ်ပါဘူး မိုးပေါက်တွေကို ကြည့်နေတာ '
' ဒီဘက်လေးလှည့်ပါဦးကွာ မောင်ကလွမ်းနေတာကို '
မောင့်စကားအတိုင်း အနောက်သို့လှည့်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်။ ကျွန်တော့်ထက် ခေါင်းတစ်လုံးပိုရှည်နေတဲ့ မောင့်အရပ်ကြောင့် ခေါင်းကိုမော့ထားရတယ်။
လှတယ်။ ဘယ်အချိန်ကြည့်ကြည့် အရည်လဲ့နေတဲ့ မောင့်မျက်ဝန်းတောက်တောက်လေးတွေက တကယ်လှတယ်။ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကိုငေးနေမိတယ်။
ထိုအခါ တိုးဖက်လာတဲ့ ခါးထက်ကမောင့်လက်အစုံရယ် နီးကပ်လာတဲ့ မောင့်နှုတ်ခမ်းလုံးလုံးလေးရယ်။ မျက်လုံးတွေသာ အသာပိတ်ရင်း မျက်နှာကိုသာ ပိုပင့်ထားပေးမိတယ်။ အနီးကပ်ခံစားနေရတဲ့ မောင်နှာငွေ့နွေးနွေးလေးကြောင့် လက်တင်ထားမိတဲ့ မောင့်ဂုတ်ပိုးကို ပိုပြီးအနားကိုဆွဲယူမိတယ်။
မရိုးနိုင်တဲ့ဒီအနမ်း။ ဟုတ်တယ် မောင်ဘယ်နှစ်ခါခါ အနမ်းပေးနေပါစေ ပထမဆုံးအကြိမ်လိုပဲ အမြဲခံစားရတယ်။ ဘယ်ဘက်မျက်ဝန်းထောင့်ကစီးကျလာသော မျက်ရည်စကြောင့် အနမ်းတို့ပြတ်တောက်သွားခဲ့တယ်။
YOU ARE READING
The Only One ( One Shot )