" စိတ်မထိန်းနိုင်လို့စားမိတဲ့ဟာ... ၊ ထယ်ထယ်က
ကိုကို့လိုလူမဟုတ်ဘူးလေ၊ ကိုကိုအဲ့တာလေးတောင်
ထယ့်ကိုဆိုသည်းမခံပေးနိုင်ဘူးမလား ကိုကိုအပြင်
မှာအသစ်ထပ်တွေ့နေပြ်ီမလား အဟင့် "

ဟောဗျာ ဘယ့်နှယ့်ကြောင့်ရွှေငါးကိစ္စကနေ
သူ့ဘက်လှည့်လာရတာတုန်း။

" ကျစ်! မဆီမဆိုင်တွေထည့်မပြောနဲ့စမ်း! ငါမင်း
ကိုအလိုလိုက်နေမှန်းသိလို့မင်းကပြောလေဆိုးလေ
ဖြစ်နေတာ ထယ်! "

" တွေ့လား ကိုကိုထယ်မေးတာကိုမဖြေဘဲစကား
တွေလွှဲပြောတယ်၊ မင်းတွေငါတွေနဲ့လည်းသုံးတယ်၊
ကိုကိုမကောင်းဘူး ကိုကိုထယ့်ကိုတကယ်မချစ်
ဘူး! ကိုကိုအပြင်မှာ --

" တယ် ဒီကလေးပြောလေးဆိုးလေနဲ့ ငါလုပ်
ထည့်လိုက်ရ!! "

တအီအီလုပ်နေသောထိုပေါက်စကိုစိတ်မထိန်းနိုင်
ဘဲရိုက်ရန်ရွယ်မိသွားသည့်ထိုနေ့ကအဖြစ်အား
ဂျောင်ကုနောင်တရလို့ကိုမဆုံးပါ ။ ဘယ်လိုပဲ
ပြောပြောကောင်လေးဟာသူတို့လိုလူသားမဟုတ်
တာမို့စိတ်ခံစားမှုပိုလွယ်ပြီးတစ်ခုခုဆိုစိတ်မှတ်
သည်းချေကြီးလွန်သည်အားသူတင်္ဒကမေ့သွားခဲ့၏။

ကိုယ့်အတွေးနဲ့ကိုယ်မျောနေတုန်း အစ်ကိုဆော့ဂျင်
ခေါ်သံကိုကြားမှ သူဒီကိုလာတာဟိုအကောင်ပေါက်
လေးကိုအိမ်ပြန်ခေါ်ဖို့မှန်းသတိရတော့သည် ။

" ပြန်ချော့လိုက်ပါ ဂျောင်ကုရာ၊ ယူထားတာလည်း
သုံးနှစ်တောင်ပြည့်တော့မယ် ကတောက်ကဆ
ဆိုတာတော့ရှိတတ်တာသဘာဝပဲလေ ။ မင်းအမှား
ချည်းပဲမဟုတ်မှန်းသိပေမဲ့ ကောင်လေးအပေါ်
နည်းနည်းလောက်‌‌လေးစိတ်ရှည်ပေးလိုက်ချေ "

" ကျတော်သိပါတယ် ၊ အဲ့တာကြောင့်လည်း
ဒီနေ့အိမ်ကိုမရရအောင်ပြန်ခေါ်မယ်လို့ဆုံးဖြတ်ပြီး
လာခေါ်တာ ၊ ဒါနဲ့ သူဒီနှစ်ရက်လုံးဒီဆိုင်မှာပဲ
အိပ်တာလား "

" ဟုတ်တယ်ဆို ၊ ငါ့အိမ်ခေါ်တာလည်းမလိုက်ဘူး၊
မကြောက်ဘူးလားလို့ခြောက်ပြောတော့လည်း
ကြောက်လည်းနေမှာပဲတဲ့လေ ။ တော်တော်ခေါင်း
မာတဲ့ဟာလေး "

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: May 14, 2020 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

PURPLE || KV || ✔Nơi câu chuyện tồn tại. Hãy khám phá bây giờ