'ဟုတ် ကဲ့ ပါ C E O Wang'

အမြင်ကပ်စွာတစ်လုံးချင်းပြောလိုက်တယ် ။
ဒါသူ့ကိုတမင်လုပ်နေတာ ။ နေနှင့်ဦးပေါ့ ။ လက်စားပြန်ချေပြမယ် ။

~'´~'´~'´~'´~'´~'´~💜

ကော်ဖီကိုမွှေရင်း Xiaop zhan ရီနေသည် ။
ဒီကော်ဖီကိုသောက်ပြီး ဖြစ်သွားမယ့် Wang yibo ရဲ့အမူအယာကိုသူအရမ်းကြည့်ချင်နေပြီလေ ။

သူကော်ဖီခွက်လေးကိုလက်မှာသေချာကိုင်ကာ ယူသွားလိုက်သည် ။
ဒီတစ်ခါလည်းအသံပေးဝင်ဖို့မေ့သွားပြန်သည် ။

ဝင်သွားချိန်မှာ Wang yibo နဲ့အတူ သူဟိုနေ့ကတွေ့ခဲ့တဲ့ ဝမ်ကျိုးချန် ရယ် မုန့်ဇီယီရယ်နဲ့ တူတူထိုင်နေတယ် ။

သူဝင်လာတော့ စကားပြောနေသည့် သုံးယောက်လုံးလှည့်ကြည့်သည် ။

Wang yibo က

'အသံပေးပြီးမှဝင်လာပါဆို..'

'ဟို မေ့သွားလို့ပါ CEO နောက်တစ်ခါ မဖြစ်စေရပါဘူး'

Xiao zhan ရိုသေစွာပဲပြန်ဖြေလိုက်သည်။
သူ့ကြောင့်တော့ Wang yibo ရဲ့ စည်းကမ်းကြီးပြီး စနစ်ကျတယ် ၊ တော်တယ် ဆိုတဲ့ဂုဏ်ပုဒ်မပျက်ဆီးစေချင်လို့ပင်ဖြစ်သည်။

ဝမ်ကျိုးချန်က

'ရပါတယ် လူသစ်ပဲ မသိလို့ဖြစ်သွားတာကို ဆူမနေပါနဲ့တော့ကွာ'

'.........'

Wang yibo က ဘာမှပြန်မပြောပေ။
ဆိုလိုတာက မဆူဘူးဆိုသည့်သဘော ။

မုန့်ဇီယီက Xiao zhan လက်ထဲကကော်ဖီခွက်ကိုကြည့်ကာ

'ကော်ဖီပဲ...သောက်ချင်နေတာနဲ့အတော်ပဲ '

ပြီးတော့ Wang yibo ကိုတစ်ချက်ကြည့်ကာ

'ငါသောက်လိုက်မယ်နော်'

ကြားထဲက ဝမ်ကျိုးချန် က

'မသောက်နဲ့ဆိုပြီးပြောလို့ရောရမှာလား'

'အေး မရဘူး သိရင်ပြီးတာပဲ ပြောမနေနဲ့ လေကုန်တယ်'

Wang yibo ကတော့ ဝစီပိတ်ကျင့်နေသည့် လူတစ်ယောက်လိုပင် ဘာမှပြန်မပြော။

'ဒီကို ကော်ဖီပေး'

'အမ်းး မသောက်ပါနဲ့လား'

You've reached the end of published parts.

⏰ Last updated: May 13, 2020 ⏰

Add this story to your Library to get notified about new parts!

Catch Me if You CanWhere stories live. Discover now