Catch Me if You Can 💜
Part 3
Unicode
Wang yibo က ရုံးခန်းထဲမှာထိုင်နေလေသည်။
လန်စစ်ကျွေးက
'CEO wang ဒီမှာ အကျီယူလာခဲ့ပြီ ' ဟုဆိုကာ လက်ထဲကအထုပ်ကို Wang yibo ကိုပေးလိုက်တယ် ။
Wang yibo က အကျီကိုယူလိုက်တယ် ပြီးတော့
'စစ်ကျွေး အလုပ်သင်အသစ်တွေကိုစည်းကမ်းတွေပြောထားနော် ပြီးတော့ အတွင်းရေးမှူးအသစ်ကဘယ်တစ်ယောက်လဲ ခေါ်လာခဲ့'
'ဟုတ် CEO '
Xiao zhan က သူ့အလုပ်စားပွဲမှာထိုင်ကာ သူများအလုပ်ပြုတ်လေမလား ထိုင်စဥ်းစားနေတယ် ။
'ငါ့ကိုဖြုတ်မယ်ထင်တယ် '
'မဟုတ်ဘူး မဖြုတ်လောက်ပါဘူး ငါဒီလောက်တော်တာ'
'ဒါပေမယ့် ငါကသူ့ကိုပြောမိတာလေ '
'အာ..မစဥ်းစားတော့ဘူး စိတ်ညစ်လာပြီ'
တစ်ယောက်ထဲစဥ်းစားကာ ပျော်သွားလိုက် ငိုမဲ့မဲ့ဖြစ်လိုက်နဲ့ Xiao zhan ကို ကြည့်ကာ ယွီပင်း ရှင်းချန်ရယ် ဟွိုက်ဆန်း ရယ်က ခေါင်းခါလျက် ကြည့်နေတော့သည် ။
ထိုစဥ် သူတို့ဆီလျှောက်လာတဲ့ လန်စစ်ကျွေး။
'အကိုရှောင်း '
'.........'
Xiao zhan က သူ့အတွေးနဲ့သူ ။ ခေါ်သံကိုမကြားပေ။
'အကိုရှောင်း'
'.......'
ပြန်မဖြေ။
ဒါသက်သက်လန်စစ်ကျွေးရဲ့စိတ်ကိုစမ်းတာ။
(😂😂)
စိတ်ကရှည်တတ်တဲ့သူဆိုတော့..စားပွဲကိုလက်နဲ့ 'ဝုန်း' ခနဲရိုက်လိုက်တော့မှ..
'အမလေး..ငလျင်လှုပ်တာလား'
ဟုဆိုကာ ထပြေးမယ်လုပ်လို့ ယွီပင်းက ဆွဲထားလိုက်ရသေးတယ် ။
'ဘာငလျင်မှမလှုပ်ဘူး'
ဟွိုက်ဆန်းကဝင်ပြောလိုက်သည်။
'အကိုရှောင်း'
'ဟင် စစ်ကျွေး ဘယ်တုန်းကရောက်လာတာလဲ စောင့်နေတာ'
'စောင့်နေတာ..ဟုတ်လား ခေါ်တုန်းကျတော့ ခေါ်မကြားအော်မကြားပဲနဲ့'
DU LIEST GERADE
Catch Me if You Can
RomantikYizhan fan fic💙 စာလုံးတွေဖတ်မရရင် Su Yamone ဆိုတဲ့fb acc လေးကဖတ်လို့ရပါတယ် 💛
