'ခေါ်သေးတာလား??'

အော် ။ သူ့ဘာသာဘာတွေးနေလဲမသိ ။ ဒီလောက်ခေါ်နေတာကို ခေါ်သေးတာလားဆိုတော့...အင်းးးး။

'ခေါ်တာက ဘာကိစ္စလဲ'

'CEO ကခေါ်ခိုင်းလိုက်လို့'

'ဟမ်..'

'CEO ရုံးခန်း ကိုသွားလိုက်အုံး ကျွန်တော်ကအလုပ်ရှိသေးလို့'

'တစ်ယောက်တည်းသွားရမာလား..'

'တစ်ယောက်တည်းမသွားလို့ ဘယ်သူ့ကိုခေါ်သွားချင်လို့လဲ'

'ယွီပင်းးးတူတူလိုက်ခဲ့ပါလား'

' ကျွန်တော်ကအလုပ်လုပ်ရအုံးမာလေ..မအားသေးလို့ နော် '

**အခန့်မသင့်ရင်အလုပ်ပြုတ်သွားနိုင်တာကို လိုက်သွားစရာလားးးနော် ကိုယ့်မှာတောင်ကံကောင်းလို့ ဝင်ခွင့်ရတာကို😥**

Xiao zhan က ဟွိုက်ဆန်းဘက်သို့လှည့်လိုက်သည် ။
သူ့ဘက်လှည့်တာနဲ့တန်းပြီးး

'မလိုက်ရဲဘူး CEO ကို ကြောက်တယ်'

ရှင်းချန်ဆီသို့မြားဦးထပ်လှည့်ပြန်သည် ။

'Xiao zhan ,CEO ကမင်းကိုခေါ်တာလေ ငါတို့လိုက်သွားရင်ပိုဆိုးမှာပေါ့ ငါပြောတာဟုတ်တယ်မလား '

'ဟုတ်တယ်..'

'ဟုတ်တယ် '

ရှင်းချန်စကားဆုံးတာနဲ့တန်းဝင်ထောက်ခံကြသည့် နှစ်ကောင် ။

'အဲ့တာဆိုလဲသွားတော့မယ်နော်..ကံမကုန်သေးရင်ပြန်ဆုံကြတာပေါ့ '

အဝေးတစ်နေရာကိုထွက်သွားရတော့မလိုနှုတ်ဆက်နေတဲ့ Xiao zhan ။

Xiao zhan ထွက်သွားတော့ လန်စစ်ကျွေး က

'အကိုရှောင်းးက ဘာလို့အဝေးထွက်သွားတော့မယ့်ပုံနဲ့ပြောနေရတာလဲ..အပေါ်ထပ်က CEO အခန်းလေးသွားတာကို '

'ပြောပြမယ်...ဖြစ်ပုံက ဒီလို..ဒီလို..'

Xiao zhan တစ်ယောက် CEO Wang yibo ရဲ့အခန်းရှေ့၌ ရပ်နေလေသည်။

ယောကျာ်းလေးဆိုပေမယ့် ဘာလို့Wang yibo ကိုကြောက်နေမိလဲမသိ..။
အေးတိအေးစက်မျက်နှာကြောင့်လား ဒါမှမဟုတ် စည်းကမ်းကြီးတယ်ဆိုတာကြောင့်လား သူ့ကိုယ်သူပင်မသိပေ။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 13, 2020 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Catch Me if You CanOù les histoires vivent. Découvrez maintenant