Episode 5 (Zawgyi)

Zacznij od początku
                                    

"ရတယ် ထိုင်ကြလေ" Renjun ပြောလိုက်ပေမယ့် ဘေးနားက Haechanကတော့ နောက်ကျရကောင်းလားဆိုပြီး ပြောဆိုနေလေရဲ့။ အဓိကကတော့ ဒီကလေးတွေ ရောက်လာတာတောင် ရောက်မလာသေးတဲ့ သူ့ကိုကို လီမာခုကြောင့် ဖြစ်သည်။ မကြာခင် Haechan မျှော်နေသော Mark ရောက်လာပြီးနောက် သူတို့ရဲ့ Squad လေးဟာ ပြည့်စုံသွားတော့သည်။

"Renjun တစ်ခုခုဖြစ်နေတာလား"

Jenoရဲ့ အမေးကြောင့် လူအားလုံးရဲ့ အကြည့်ဟာ သူ့ဆီ ရောက်လာခဲ့သည်။

"ဘာမှမဖြစ်ပါဘူး"

"မင်းကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပါ"

"ခုတလော စာမေးပွဲကြောင့် အိပ်ရေးမဝဖြစ်ပြီး နည်းနည်းပင်ပန်းနေလို့"

"Geက စာမေးပွဲတွင်းဆို ဖြစ်တတ်တယ်"

Renjunရဲ့ အပြောကို သိပ်မယုံကြပေမယ့် ထပ်မံ ဖြည့်စွက်ပြောပေးသော Injun စကားကြောင့် အားလုံးက ယုံသွားကြသည်။ ထိုစဉ် Renjun တွေးမိတာက *ဟူး တော်ပါသေးရဲ့"

Renjun တို့ ည၁၂နာရီထိ သောက်လိုက် ကလိုက် အော်လိုက် ဟစ်လိုက် လုပ်ပြီးတဲ့နောက်မှာ ကိုယ်စီအိမ်ပြန်ခဲ့ကြသည်။ #သိပ်မပြင်းတာ​သောက်မယ် အိမ်ပြန်ရင် ကားမောင်းရဦးမှာ# ဆိုပြီး သူ့မောင်းမယ့် ပုံစံနဲ့ ပြောတဲ့ အမြွှာညီငယ်က လူစုံတာနဲ့ သိပ်မကြာ သောက်လိုက်သည်မှာ အပီသောက်မယ်လို့ ကြုံးဝါးထားသည့် Renjunထက်ပင် ပိုဆိုးပြီး ခေါင်းတောင် မထောင်နိုင်။ ကိုယ့်မှာ သူ့အားကိုးပြီး သောက်ရမလားမှတ်တယ် ခုတော့ မသောက်ရတဲ့အပြင် ကိုယ်တိုင်ပဲ ကားမောင်းလိုက်ရသည်။

အပိုင်း (ခ)

Renjun ပြန်ရောက်တော့ ရေမိုးချိုးကာ အိပ်ရာပေါ်  ခြေပစ်လက်ပစ် ခွေလိုက်သည်။ အငယ့်ကြောင့် မူးချင်သည်တောင် မမူးရ။ မျက်စိကလည်း ကြောင်နေ၍ အိပ်လို့ကလည်းမပျော်။ ဒါနဲ့ ဖုန်းဖွင့်ကာ သီချင်းတချို့ နားထောင်လိုက်သည်။

ရုတ်တရက် *ဒီး* ဆို ဝင်လာတဲ့ မက်ဆေ့ခ်ျကြောင့် ဖုန်းပဲပိတ်ရတော့မလိုလို ပြန်ပဲ ပြောရတော့မလိုလို။ စိတ်ကသာ အမျိုးမျိုးတွေးနေတာ လက်ကတော့ မက်ဆေ့ခ်ျထဲ ဝင်ဖတ်ပြီးပြီ။

Photographer & Guitarist [JaemRen+NoRen]Opowieści tętniące życiem. Odkryj je teraz